ဝီကီပီးဒီးယား:ထင်ရှားအရေးပါမှု (စာအုပ်များ): တည်းဖြတ်မှု မူကွဲများ

 
စာကြောင်း ၃၄ -
# စာအုပ်အား မည်သည့်နိုင်ငံတွင်မဆို စာသင်ကျောင်းများ၊<ref name=school/> ကောလိပ်များ၊ တက္ကသိုလ်များ ''သို့မဟုတ်'' ဘွဲ့လွန်ပညာရေးအစီအစဉ်များတွင် သင်ရိုးညွှန်းတမ်းအဖြစ် သတ်မှတ်ထားခြင်း သို့မဟုတ် သတ်မှတ်ခဲ့ခြင်း ရှိရမည်။<ref name="textbooks"/>
# စာအုပ်၏ စာရေးသူသည် သမိုင်းဝင် ထင်ရှားသူတစ်ဦးဖြစ်ပြီး ထိုစာရေးသူ၏ မည်သည့် စာပေလက်ရာကိုမဆို ထင်ရှားအရေးပါသည်ဟု မှတ်ယူခံထားခြင်း ရှိရမည်။ စာအုပ်၏ စာရေးသူသည် ဝီကီပီးဒီးယား၏ စံနှုန်းအရ ထင်ရှားအရေးပါသည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ ပညာရပ်ဆိုင်ရာနယ်ပယ်တွင် စာရေးသူ၏ ဘဝနှင့် ဖန်တီးမှု စာပေလက်ရာများသည် အရေးပါအရာရောက်သည်ဟု ဆိုလိုသည်။
 
 
===အခြား ထည့်သွင်းစဉ်းစာချက်များ ===
====သတ်မှတ်စံနှုန်းများ (Threshold standards) ====
{{shortcut|WP:BKTS}}
စာအုပ်တစ်အုပ်တွင် အနည်းဆုံးအနေဖြင့် [[International Standard Book Number|ISBN]] နံပါတ်တစ်ခု (ISBN အား ပုံမှန်အားဖြင့် အသုံးပြုသော နိုင်ငံများတွင် ၁၉၇၅ ခုနှစ်နောက်ပိုင်းထွက် စာအုပ်များအတွက်) ရှိသင့်ပြီး မူရင်း ထုတ်ဝေရာနိုင်ငံရှိ တရားဝင် [[အမျိုးသား စာကြည့်တိုက်]]တွင် ကတ်တလောက်စာရင်း ပြုစုထားခြင်း ရှိသင့်သည်။
 
သို့သော်လည်း အဆိုပါ သတ်မှတ်ချက်များကို ချန်လှပ်ထားနိုင်သည်။ အဆိုပါ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီနေခြင်းသည် အဆိုပါစာအုပ်အား ထင်ရှားအရေးပါသည်ဟု မညွှန်းဆိုထားသော်လည်း သတ်မှတ်စံနှုန်းနှင့် ကိုက်ညီခြင်း မရှိသော စာအုပ်တစ်အုပ်သည် ထင်ရှားအရေးပါမှု မရှိနိုင်ချေ။
 
==== အကျဉ်းချုပ်များသာဖြစ်သော ဆောင်းပါးများ ====
[[WP:INDISCRIMINATE]] သတ်မှတ်ချက် ၁ တွင် ဖော်ပြထားသောအချက်ဖြစ်သည့် ဝီကီပီးဒီးယား ဆောင်းပါးများသည် ဖန်တီးမှုများ၏ အကျဉ်းချုပ်သာပါဝင်သော ဖော်ပြချက်များ မဖြစ်သင့်ဟူသော မူဝါဒနှင့် လိုက်လျောညီထွေသော စာအုပ်တစ်အုပ်အကြောင်း ဆောင်းပါးတစ်ပုဒ် ရေးသားရန်မဖြစ်နိုင်ပါက အဆိုပါစာအုပ်အကြောင်းအား ဝီကီပီးဒီးယားတွင် သီးသန့် ဆောင်းပါးတစ်ပုဒ်အနေဖြင့် ရှိမနေသင့်ပါ။
 
====ကိုယ်တိုင်ဖြန့်ချိမှု ====
ကိုယ်တိုင်ဖြန့်ချိမှု နှင့်/သို့မဟုတ် ဘဝင်မြင့်စွာ ထုတ်ဝေမှုများသည် ထင်ရှားအရေးပါခြင်းနှင့် ဆက်စပ်မှု မရှိပါ။<ref>Certain print-on-demand book publishers, such as [[PublishAmerica]], claim to be "traditional" advance- and royalty-paying publishers rather than vanity presses. Regardless of exact definitions, PublishAmerica and similar presses are to be considered vanity presses for purposes of assessing notability based on the manner works are published through them.</ref>
 
အဆိုပါ ထုတ်ဝေထားသော စာအုပ်များတွင် ISBN နံပါတ်များ ရှိထားခြင်း၊ အမျိုးသား စာကြည့်တိုက်များမှ ကတ်တလောက်စာရင်းတွင် ထည့်သွင်းထားခြင်း၊ Google စာအုပ်ရှာဖွေမှုမှ တွေ့ရှိနိုင်ခြင်း၊ နှင့် အွန်လိုင်းစာအုပ်အရောင်းဆိုင်ကြီးများမှ ရောင်းချနေခြင်းတို့သည် ထင်ရှားအရေးပါခြင်းအတွက် သက်သေခံချက် ဖြစ်မနေပါ။