"မြိုရိုးရာ" ၏ တည်းဖြတ်မှု မူကွဲများ

၅၅ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၃ လ
(ရိုးရာစောင်ပုံတင်သည်။)
မြိုရိုးရာ ရက်ကန်းထည်တစ်ထည် ရရှိရန်အတွက် အနည်းဆုံး (၁၀) ရက်မှ နှစ်ပတ်ထိ ကြာမြင့်တတ်သည်။ ရှားပါး၍ ရက်လုပ်သူ အလွန်ရှားပါးနေပြီဖြစ်သော မြိုရိုးရာ ရက်ကန်းထည်တစ်မျိုးမှာ ရက်လုပ်ချိန် (၁)လ အထိကြာမြင့်၍ အလွန်သေးငယ်လှပသော အကွက်စိတ်များဖြင့် လှပလွန်းလှသည်။<ref>မယ်ယုတောင်စွယ်ကြားမှ သွေးချင်းမောင်မယ်များ(သျှင်ထွေးယဉ်) </ref>
 
=== ရိုးရာဂျပ်ခုတ်ထည် ===
မြိုအမျိုး သမီးတို့သည် မိသားစု အဝတ်အထည်များ ယက်လုပ်ရန် တောင်ယာ ကွက်များ တွင် ဝါကို အနည်းအကျဥ်း မျှစိုက်ပျိုးကြသည်။ ဝါကိုအခူးတန်လျှင် ပလိုင်းငယ်ကလေးများဖြင့် ဆွတ်ခူးကာ အိမ်ရှေ့ကွက်မျက်ပေါ် တွင်နေလှမ်းထားရသည်။ ဝါစေ့များကို ဝါဒလက်ဖြင့် မွေကာ ထုတ်ယူကြသည်။ ဝါစေ့ထုတ်ပြီးသောအခါ ဝါချေသည်။ ထို့နောက် ချေပြီးသောဝါများကို လက်တစ်ဖက်ကကိုင်ရင်း ချည်မျှင်ထုတ်ကာ လက်တစ်ဖက်က သစ်သားလွန်းဆံတွင် ရစ်ပတ်သည် ။တဖြည့်ဖြည့် နှင့်ချည်ခင်များရလာသောအခါ ထမင်းရည်နှင့် ရော၍ ပြုတ်ပါသည်။ ပြီးမှနေလှန်းအခြောက်ခံသည် ၊ ချည်ခင်များခြောက်သွားသည်နှင့် ဗိုင်းငင်ကြသည်။ အဖြူရောင်အဝတ်အထည်ရိုးရိုးမျှ ယက်လုပ်မည်ဆိုလျှင် အဆိုပါချည်များကို အသုံးပြု၍ ယက်နိုင်ပြီဖြစ်သည်။ အရောင်များ ရရှိရန်အတွက်မူ ရိုးရာနည်းအရ သဘာဝ ဆိုးဆေးများဖြင့်လည်းဆေးဆိုးကြသည်။ သဘာဝဆိုးဆေးအရောင်မှာ အစိမ်းရောင်နှင့် အနက်ရောင်ဖြစ်သည် ။ ပဲပင်ရွက်အစိုကို ထောင်းပြီးပြုတ်လျှင်အစိမ်းရောင်ရရှိသည် ။ အနက်ရောင်အတွက်မူ 'စေတံ'ဟုခေါ်သော အရွက်တစ်မျိုးကိုပြုတ်၍ဆေးဆိုးကြသည်။ 'မြို'အမျိုးသမီးများသည် အဖော်ဝင်ချိန်မှစ၍ ဝါဆွတ်၊ဝါဖန့် ၊ ဗိုင်းငင်၊ ဂျပ်ခုတ်စသည့် ရိုးရာလက်မှု ပညာရပ်များကို သင်ကြားတတ်မြောက်ထားကြရသည်။
 
ရိုးရာဂျပ်ခုတ်စင်မှာ အမြဲတမ်းတစ်နေရာတည်းတွင်ထောင်၍ ထားရသော စင်ကြီးမျိုးမဟုတ်‌ပေ ။ တစ်‌နေရာမှတစ်နေရာသို့ အလွယ်တကူရွှေ့ပြောင်းနိုင်သည့် တိုင်မပါသော ယက်ကန်းစင်အသေးစားကလေးဖြစ်သည်။ ဂျပ်ခုတ်စင်များကို အိမ်တံခါးဝအနီးအလင်းရောင်ရရှိသည့်နေရာ၌ ထားလေ့ရှိသည် ။ ဂျပ်ခုတ်စင်အလျားမှာပုံသေမရှိပေ။ ယက်လုပ်သည့်အထည်အရှည်အလိုက်ဖြစ်သည်။ ဂျပ်ခုတ်စင်ကိုဆင်ရာ၌ အလျားအလိုက်အစွန်းထွက်နေသော ဝါးတိုင်တွင် ချိတ်၍ စွတ်ထားပြီး တစ်ဘက်စွန်းကိုမူ ခါးတွင်ပတ်ထားသည်။ ခါးပတ်မှချိတ်တံနှင့် ဆက်ပြီး ချိတါထားလိုက်သည်။ ဂျပ်ခုတ်ယက်သူအတွက် ခြေကိုင်ထား၍ သစ်တုံးငယ်တစ်ခုထားလေသည်။ ဂျပ်ခုတ်ရာတွင် ဝါးများ ၊ သစ်သားများဖြင့် ပြုလုပ်ထားသော ဝါးတိုင် ၊ ဖောက်တိုင်၊ ဂျပ်ခုတ်ယင်း သွားစသည့်ကိရိယာများကို အသုံးပြုကြသည်၊ ယင်းတို့အများဆုံးယက်လုပ်သော အထည်များမှာ ကလေးငယ်အား သိုင်းလွယ်ထားရန် စောင်ပိုင်း ၊ခြုံစောင်ကြီးများ အမျိုးသမီးဝတ်၊ အမျိုးသားဝတ်အထည်များဖြစ်ကြသည်။<ref>မြန်မာပြည်နှင့် တိုင်းသူပြည်သားများ ၊၁၃၀၁-ခုနှစ်၊ စာ,၉၀-၉၁</ref> 'မြို' တို့ ၏ ရိုးရာလက်မှုလုပ်ငန်းတွင် အမျိုးသမီးပိုင်းနှင့် အမျိုးသားပိုင်းဟူ၍ ကျား၊မ အလိုက်် လုပ်ငန်းခွဲခြားထားခြင််း တွေ့ရှိရသည် ။ တောင်းပလိုင်းများ၊ ဖျာယက်လုပ်ခြင်း၊ သစ်သားနှင့်ပတ်သက်သော ပစ္စည်းများကို အမျိုးသားများက ပြုလုပ်ပြီး အမျိုးသမီးများက ဝါမှ အဝတ်အထည် ဖြစ်လာသည်အထိ လုပ်ဆောင်ကြသည်။ မိသားစုအလိုက် မိမိတို့၏ အိမ်ထောင်အတွက်လိုအပ်သည့် အသုံးအဆောင်နှင့် အဝတ်အထည်များကို ထုတ်လုပ်လေ့ရှိသည်။
 
== ရိုးရာ ရက်လုပ်ထည် ==
 
=== ကိုးကား ===
၄၄၅

တည်းဖြတ်မှုများ