မြင့်မြင့်ခင် (ဒေါက်တာ): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
ဆရာမကြီး ဒေါက်တာ ဒေါ် မြင့်⁠မြင့်ခင်သည်မြင့်⁠မြင့်ခင် (FRCP) သည် ကျန်းမာရေး၊ ပညာရေး နယ်ပယ်နှင့် ပတ်သက်၍ အသိပညာပေး စာများ ရေးသားနေသည့် ဆရာမကြီးဖြစ်သည်။
ဆရာမကြီးသည် ပညာဉာဏ်ကြီးမြင့်သလောက် ဝီရိယကြီးပေသည်။ စိတ်သဘော ထားကြီးမြင်သလောက် နှလုံးသားဖြူစင်မွန်မြတ်သည်။ အလွန်အင်မတန် အလုပ်လုပ်သူ၊ အလွန်အင်မ တန် သိစပ်မြင်နှံ့သူ၊ အမှန်တရားကို အလွန်အင်မတန် မြတ်နိုးသူ၊ မတရားမှုကို အလွန်အင်မတန် စက်ဆုပ် သူပီပီ မည်သူ့ကိုမဆို မည်သည့်အခြေအနေကိုမဆို ကာလမရွေး ရင်ဆိုင်ဝံ့သူဖြစ်ပြီး လွတ်လပ်ပွင့်လင်း သလောက် ချစ်စရာကောင်းလှသည့် ပြည်သူ့ဆရာဝန်ကြီး၊ ပြည်သူ့စာရေးဆရာကြီး၊ ပြည်သူ့ဘက်တော် သားကြီးတစ်ဦး ဖြစ်သည်။
 
ဒေါက်တာ ဒေါ်မြင့်⁠မြင့်ခင်သည် ၁၉၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် ပုသိမ်မြို့၌ မွေးဖွား၍<ref name=bmj-24>Stafford 2014: 24</ref> ရန်ကုန်မြို့တော်ကြီးမှာ ကြီးပြင်းခဲ့ပါသည်။ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ရောက်ရှိခဲ့ပြီး စစ်တွင်းကာလ (ဂျပန်ခေတ်)၌ ဆေးကျောင်းတက်ရောက်၍ ၁၉၄၆ ခုနှစ်တွင် B.A. ဘွဲ့ကိုရရှိခဲ့သည်။ ၁၉၅ဝ ခုနှစ်တွင် M.B., B.S. ဘွဲ့ရယူခဲ့ပြီး USA နှင့် UK နိုင်ငံများတို့တွင် ဘွဲ့လွန်ပညာရပ်များအား ဆည်းပူး၍ ကျန်းမာရေးဌာနတို့တွင် ဝင်ရောက်၍ အမှုထမ်းခဲ့ပြီး [[ဆေးတက္ကသိုလ် (မန္တလေး)]]၌ ဆေးပညာ ပါမောက္ခ/ ဌာနမှူးအဖြစ် နှစ်ပေါင်း (၂ဝ)မျှ ဆောင်ရွက်ခဲ့သည်။
 
ဆရာမကြီး ဒေါ်မြင့်⁠မြင့်ခင်၏ ခင်ပွန်းဖြစ်သူမှာ ကမ္ဘာတွင် ပထဆုံး ဆင်စွယ်ဖြင့် အရိုးအစားထိုး ကုသမှုကို စမ်းသပ်အောင်မြင်ခဲ့သည့် အရိုးအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးစံဘော် (အရိုးအထူးကု ဆရာဝန်ကြီး၊ ထင်ရှားကျော်ကြားသော သုတေသီ) တစ်ဦးဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ဆရာမကြီးသည် အငြိမ်းစားယူပြီး မလေးရှား (UKM) ဆေးတက္ကသိုလ်၌ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
စာကြောင်း ၂၀ -
==ကိုးကား==
<references/>
 
* {{citation | last=Stafford | first=Ned | title=Myint Myint Khin: Legendary Burmese doctor and teacher, and later a poet | url=https://www.bmj.com/bmj/section-pdf/778631?path=/bmj/349/7980/Obituaries.full.pdf | date=25 October 2014 | work=British Medical Journal | page=24}}
 
[[Category:မြန်မာ ဆရာဝန်များ]]