ခွက်ခွင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎လင်းကွင်း
No edit summary
စာကြောင်း ၁၇ -
လင်းကွင်းများကို တီးရာ၌ ခွက်ခွင်း အုံချင်းအပ်၍ တီးခြင်းမှစ၍ အမျိုးမျိုးရှိကြရာ လင်းကွင်းနှစ်ဖက် ရိုက်ခတ်တီးပြီး ထားလိုက်ခြင်းအားဖြင့် အသံရှိန်ကုန်အောင် အတော်ကြာမြည်ဟည်းနေ၏။ ယင်းကိုဖွင့်၍ တီးသည် ခေါ်၏။ စည်တော်ကြီးများတီးရာတွင် လင်းကွင်းကြီးကို အမြဲဖွင့်၍ တီးရလေသည်။ အကယ်၍ တီးလိုက်သောအသံသည် အသံကုန်အောင် ကြာရှည် မမြည်လိုဘဲ တစ်ဝက်လောက်သာမြည်၍ တဖြည်းဖြည်း အသံစဲလိုက လင်းကွင်းကို နှစ်ဖက်ရိုက်ခတ်တီးပြီးလျှင် လင်းကွင်းကိုင်ထားသော လက်ဖျားကို အတွင်းသို့ ကွေးလိုက်ခြင်းအားဖြင့် လင်းကွင်းနှုတ်ခမ်းအရွက်သည် လက်မောင်းသားနှင့်ထိ၍ အသံရှည်စွာ မမြည်နိုင်တော့ဘဲ တဖြည်းဖြည်း စဲသွားတော့၏။ ထိုထက် လင်းကွင်းသံကို နားငြီး၍ ကြားပြီးသည်နှင့် ပျောက်ကွယ်သွားလိုပါက နှစ်ဖက်ရိုက်ခတ်တီးပြီးသည်နှင့် တီးသူက လင်းကွင်းများကို မိမိရင်ဘတ်ပေါ်သို့ အပြားလိုက်ကပ်လိုက်ပါက အသံအမြန် ပျောက်ကွယ်၍ သွားနိုင်လေသည်။ တစ်ဖန် လင်းကွင်းကို နှစ်ဖက်ရိုက်ခတ်ပြီး ဖွင့်ဟ၍ မတီးဘဲ ''ဂျိ'' ဟုမြည်အောင် ခွက်ခွင်းနှစ်ခုဆိုင်ကာ တီးခြင်းတစ်မျိုးရှိသေး၏။ ထို ''ဂျိ'' ဟူသောအသံကို ရှည်လျားစွာမဖြစ်ပေါ်စေလိုလျှင် လင်းကွင်းနှစ်ခုကို အထက်အောက်ဖိ၍ တီးပြီးသည်နှင့် တီးသူသည် မိမိ၏ တင်ပျဉ်ခွေထိုင်နေသော ပေါင်တစ်ဖက်ဖြင့် ထိုလင်းကွင်းများပေါ်သို့ အမြန်ဖိလိုက်ရလေသည်။ ဤကား အသံအရှည်၊ မတိုမရှည်နှင့် အသံအတို ဆုံးဖြစ်အောင် တီးနည်းများဖြစ်သည်။
 
မြန်မာအမျိုးသားတို့သည် လင်းကွင်းကို တူရိယာသဘောမျိုး မဟုတ်ဘဲ အလွတ်သုံးကြလေသေးသည်။ ပုံပမာ လောင်းလှေကြီးများ ပြိုင်ပွဲ တွင် လှေလှော်သမားတို့၏ တက်ချ တက်ရုတ် အနှေးအမြန် ညီညာစွာရှိကြ စေရန် လင်းကွင်းကို အုပ်ကာ ဖွင့်ကာ အချက်ပြ၍ လိုက်ပါတီးပေးကြ လေသည်။ ထို့ပြင် လေးဖက်အသားကျ မြန်မာပြိုင်မြင်းပွဲများတွင်လည်း မြင်းလွှတ်ရာ၌ လင်းကွင်းတီး၍ အချက်ပြပေးကြလေသည်။ လင်းကွင်းကို မြန်မာနိုင်ငံအပြင် အိန္ဒိယနိုင်ငံ၌လည်း သုံးလေသည်။ အယူဝါဒရေးရာ အခမ်းအနားတစ်မျိုးတွင် လင်းကွင်းကြီးများကို ညီညာစွာတီး၍ ကျင်းပ တတ်ကြ၏။ အနောက်နိုင်ငံများတွင် ရှေးအခါက ဘင်ချက်နှင့်အတူ သံ ချောင်းကို ခေါက်ကြသော်လည်း နောင်အခါ၌ လင်းကွင်းကို အချို့အစားထိုး ၍ သုံးကြသည်။ တရုတ်လူမျိုးတို့၏ တူရိယာများတွင်လည်း လင်းကွင်းကြီး ငယ်တို့ပါဝင်၏။ သို့သော် သူတို့၏ လင်းကွင်းပုံသဏ္ဌာန်တို့မှာ ခွက်ခွင်း အုံသေးယ်၍ နှုတ်ခမ်းအရွက် အနည်းငယ်ကျယ်သဖြင့် အခြားသောလင်း ကွင်းသံများကဲ့သို့ မလေးဘဲ အသံပေါ့လေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
== ကိုးကား ==