ရတနာပုံခေတ်: တည်းဖြတ်မှု မူကွဲများ

"ရတနာပုံခေတ် ဆိ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၁:၁၂၊ ၂၆ ဩဂုတ် ၂၀၂၀ ရက်နေ့က မူ

ရတနာပုံခေတ် ဆိုသည်မှာ မင်းတုန်းမင်းတရားသည် ၁၇-ရက်၊ ဖေဖော်ဝါရီလ၊ ၁၈၅၃-ခုနှစ်တွင် နောင်တော် ပုဂံမင်းထံမှ ထီးနန်းလွှဲပြောင်း ရယူကာ နန်းတက်ခဲ့၏။ ထိုစဉ်က မင်းတုန်းမင်း ထီးနန်းစိုးစံရာ နေပြည်တော်မှာ အမရပူရဖြစ်သည်။ မင်းတုန်းမင်းသည် အမရပူရ၌ ထီးနန်းစိုးစံစဉ် အတွင်း မန္တလေးမြို့သစ်ကို တည်ခဲ့ခြင်း ဖြစ်၏။ ပထမဦးစွာ မြနန်းစံကျော်နန်းတော်ကြီးနှင့် လေးကျွန်းအောင်မြေ နန်းမြို့တော်တို့ကို တည်ဆောက်ခဲ့သည်။ ထို့နောက် ၂၈-ရက်၊ ဧပြီလ၊ ၁၈၅၉-ခုနှစ်တွင် ရတနာပုံမြို့တော်ကို တည်ဆောက်ရန် မိန့်တော် ထုတ်ပြန်ခဲ့သည်။ ဤသို့ဖြင့် မြန်မာ့သမိုင်းစာမျက်နှာတွင် ရတနာပုံခေတ် ပေါ်ပေါက်လာခဲ့သည်။ [၁]

ကိုးကား

  1. တင်နိုင်တိုး ရေး ရတနာပုံခေတ် ထိပ်တန်းနန်းတွင်းအရာရှိကြီးများ စာအုပ်၊ စာ-၃၊ ပထမအကြိမ်၊ မေလ၊ ၂၀၀၉