အီတလီနိုင်ငံ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
→အီတလီနိုင်ငံ: စာလုံးပေါင်း ပြင်ခဲ့သည် စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ် |
||
စာကြောင်း ၁၄ -
| ဧရိယာရေရာခိုင်နှုန်း = ၂.၄
| အမြင့်ဆုံးနေရာ = Monte Bianco
| အရှည်ဆုံးမြစ် = Po
| အကြီးဆုံးအင်း =
| ကမ်းရိုးတန်း =
| စံတော်ချိန်ဇုန် = +၁
| ရုံးသုံးဘာသာများ = [[အီတလီဘာသာ]]
စာကြောင်း ၅၅ -
အီတလီနိုင်ငံ၏မြောက်ဘက်တွင် ဆွစ်ဇာလန်နှင့် ဩစတြီးယားနိုင်ငံတို့ ရှိကြ၍ အရှေ့ဘက်တွင် ယူဂိုစလားဗီးယားနိုင်ငံနှင့် အေဒြီယက်တစ်ပင်လယ်၊ အနောက်ဘက်တွင် တိုင်ရေနီးယန်းပင်လယ်နှင့် တောင်ဘက်တွင် စစ္စလီကျွန်းနှင့် မြေထဲပင်လယ်တို့ ရှိကြသည်။ အီတလီတစ်နိုင်ငံလုံးသည် တောတောင် ထူထပ်သည်။ အက်ပင်းနိုင်းတောင်တန်းသည် တောင်ဘက်အစွန်းတိုင်အောင် ကျောရိုးသဖွယ် ရှည်လျားစွာ တည်ရှိသည်။ ယင်းတောင်တန်းသည် မြောက်ပိုင်းတွင် အတော်နိမ့်ပြီးလျှင် [[အဲ့လပတောင်တန်း|အဲ့လ်ပ်]]တောင်တန်းနှင့်ဆက်ကာ တည်ရှိ၏။ အဲ့လ်ပ်တောင်တန်းသည် အီတလီနိုင်ငံ၏ မြောက်ဘက်နယ်ခြားဖြစ်ရာ ဗြိတိသျှကျွန်းစုကဲ့သို့ပင် ဥရောပတိုက်မကြီးနှင့် အဆက်အသွယ်မရှိပဲ တည်ရှိနေသည်ဟု ဆိုနိုင်ပေသည်။ အဲ့လ်ပ်တောင်တန်း တောင်ဘက်တွင် အေဒြီယက်တစ် ပင်လယ်ကမ်းခြေအထိ ကျယ်ပြန့်သောပိုးချိုင့်ဝှမ်း တည်ရှိ၏။ မြေဩဇာလည်း ကောင်းမွန်သည့်ပြင် ယင်းချိုင့်ဝှမ်းကို လောင်းဗတ်လွင်ပြင်ဟူ၍ခေါ်သည်။ တစ်နိုင်ငံလုံးတွင် အတိုးတက် အစည်ကားဆုံးသောအပိုင်း ဖြစ်သည်။ ပိုးမြစ်သည် အီတလီနိုင်ငံတွင် အရှည်လျားဆုံးမြစ် ဖြစ်၏။ ဒုတိယအရှည်ဆုံးမြစ်မှာ အက်ဒစ်မြစ်ဖြစ်သည်။
အီတလီနိုင်ငံမြောက်ပိုင်းတွင် အိုင်များ ပေါလှသည်။ ထင်ရှားသောအိုင်များတွင် ကော်မို၊ လူဂါနို၊ မက်ဂျိုရီနှင့် ဂါဒါအိုင်များ ပါဝင်သည်။ ထိုပြင် မီးသေတောင်များတွင် ရေတင်ရာမှ ဖြစ်ပေါ်လာသော အိုင်ကြီးများလည်း ရှိသေး၏။ အလယ်ပိုင်းသို့ ရောက်သောအခါ အက်ပင်းနိုင်းတောင်တန်းသည် တဖြည်းဖြည်း မြင့်တက်လာ၏။ အချို့ တောင်ထွတ်များမှာ ပေ ၈ဝဝဝ ကျော် ၉ဝဝဝ မြင့်သည့်ပြင် အချို့မှာ ၉ဝဝဝ ကျော်ကျော်ပင် မြင့်သေး၏။ တောင်တန်း၏
အာနိုမြစ်ပေါ်တွင် ဖလော်ရင့်မြို့ကြီး တည်ရှိ၍ တိုင်ဗာမြစ်ပေါ်တွင် အီတလီနိုင်ငံ၏မြို့တော်[[ရောမမြို့]] တည်ရှိလေသည်။
စာကြောင်း ၆၃ -
အီတလီနိုင်ငံ တောင်ဘက်စွန်းရှိ စစ္စလီကျွန်းပေါ်တွက်မူ အက်တနမီးတောင်ကြီးရှိ၏။
ထိုတောင်နှစ်ခုစလုံးမှာ ယနေ့ထက်တိုင် မီးခိုးတလူလူနှင့် ရှိနေသေးသည်ကို အဝေးကပင် တွေ့မြင်နိုင်လေသည်။ အီတလီနိုင်ငံ၏ရာသီဥတုမှာ မြေထဲပင်လယ် ရာသီဥတုမျိုးဖြစ်၍ နွေအခါတွင် ပူပြင်းခြောက်သွေ့ကာ ဆောင်းအခါတွင် မိုးရွာသွန်းလေသည်။ တစ်နိုင်ငံလုံးတွင် မိုးအနှံ့အပြား ရွာသွန်းသော်လည်း ဆောင်းတွင်း၌သာ ရွာသွန်းသဖြင့် စိုက်ပျိုးရေးအတွက် အသုံးမဝင်လှချေ။ ပိုးမြစ်ဝှမ်းတွင် လွန်ကဲသော ရာသီဥတုမျိုးရှိ၏။ တစ်နိုင်ငံလုံးတွင် နေရောင်လိုသည်ထက်ပို၍ ရလေသည်။ ထိုကြောင့်လည်း ''နေသာရွှေပြည် အီတလီ'' ဟု တချို့က ခေါ်ဝေါ်ကြသည်။ အီတလီနိုင်ငံသည် အခြား တောင်ထူထပ်သောနိုင်ငံများကဲ့သို့ တွင်းထွက်ရတနာများဖြင့် မကြွယ်ဝလှချေ။ ကျောက်မီးသွေးမှအစ အခြားသတ္တုရိုင်းများ ချို့တဲ့မှုကြောင့် စက်မှုလက်မှုမထွန်းကားပဲ လက်လုပ်ပစ္စည်းများ ထုတ်လုပ်ရာ၌သာ ထင်ရှားခဲ့လေသည်။ အီတလီနိုင်ငံတွင် ၁၈၆၆ ခုနှစ် မတိုင်မီ အချိန်က သီးခြား ပြည်နယ်ပေါင်း ၁၈ နယ်ခန့် ရှိ၍၊
ဣတာလျံ ကလေးသူငယ်များမှာ ခြောက်နှစ်အရွယ်မှ ၁၄ နှစ်အရွယ်တိုင်အောင် စာသင်ကျောင်းများတွင် မသင်မနေရ ဥပဒေများကို အတိအကျ လိုက်နာအောင် မဆောင်ရွက်နိုင်သည်က များသည်။ သို့ဖြစ်၍ ဣတာလျံလူမျိုး သုံးပုံနှစ်ပုံခန့်မှာ စာရေးစာဖတ် မတတ်သူများ ဖြစ်ကြ၏။ မြို့ကြီးများတွင် နေထိုင်သူအားလုံးလိုလိုတွင် ပညာအခြေခံ အတော်အတန်ရှိသော်လည်း ကျောင်းများ ခပ်ကျဲကျဲတည်ရှိရာ တောင်ပိုင်းတွင်မူ အရေးအဖတ် မတတ်သူ ရာခိုင်နှုန်းမှာ ၉ဝ နီးပါးမျှ ဖြစ်မည်ဟု ခန့်မှန်းကြလေသည်။ ခြောက်နှစ်မှ ကိုးနှစ်အရွယ်အတွင်း ကလေးသူငယ်များမှာ အက်ရှီလီခေါ် မူလတန်းကျောင်းများတွင် တက်ရောက်သင်ကြားရပြီးလျှင်၊ ကိုးနှစ်မှ ဆယ့်နှစ်နှစ်အရွယ်အတွင်း ကလေးသူငယ်များမှာ အောက်တန်း ကျောင်းများတွင် သင်ကြားရကာ၊ ၁၂ နှစ်မှ ၁၄ နှစ်အရွယ်အတွင်း ကလေးသူငယ်များမှာမူ အောက်တန်းလွန်တွင် ပညာသင်ကြားရလေသည်။ အလယ်တန်းကျောင်းများတွင် စာကြီးပေကြီး သက်သက်ကို ဖြစ်စေ သိပ္ပံပညာရပ်များသက်သက်ကိုဖြစ်စေ၊ ဆရာအတတ် သက်သက်ကိုဖြစ်စေ သင်ကြားပေးလေသည်။ ထိုပြင် စိုက်ပျိုးရေးအတတ်၊ ကုန်သွယ်ရေးအတတ်နှင့်စက်မှုလက်မှုအတတ်သင်အလယ်တန်းကျောင်း များလည်း ရှိသေး၏။ အီတလီနိုင်ငံတွင် အနုပညာနှင့် ဂီတပညာသင် ကျောင်းပေါင်း ၈ဝ ကျော်ခန့် ရှိသည်။ ကမ္ဘာကျော် တက္ကသိုလ်ကျောင်းများလည်း ရှိ၏။
၁၉၄၆ ခုနှစ် ဇွန်လတိုင်အောင် အီတလီနိုင်ငံမှာ ဘုရင်အုပ်စိုးသော နိုင်ငံဖြစ်ခဲ့ပေသည်။ ထိုလတွင် သမ္မတနိုင်ငံအဖြစ် ကြေညာပြီးနောက် တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်တင်မြှောက်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ရာ၊ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ယင်းကို နောက်ဆုံး အတည်ပြုခဲ့လေသည်။ ထိုဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် ဆီးနိတ်လွှတ်တော်တည်းဟူသော ဥပဒေပြုလွှတ်တော်နှစ်ရပ်ကို လျာထား၍၊ ထိုလွှတ်တော်နှစ်ရပ် ပူးပေါင်းဆွေးနွေးလျှင် အမျိုးသားလွှတ်တော်ဟုခေါ်ရမည်ဟု ဆိုထားလေသည်။ ထိုအမျိုးသားလွှတ်တော်မှာ သမ္မတရွေးနိုင်ခွင့်၊ စစ်ကြေညာနိုင်ခွင့်နှင့် စာချုပ်များချုပ်ဆိုနိုင်ခွင့် ရှိ၏။ ဒေသဆိုင်ရာကိုယ်ပိုင် လွပ်လပ်မှုအခွင့်အရေးများကိုလည်း ပေးထားသည်။ ဗရင်ဂျီဂိုဏ်းသည် နိုင်ငံတော်၏အယူဝါဒဖြစ်၍၊ တစ်နိုင်ငံလုံးရှိ လူ ၉ဝ ရာခိုင်နှုန်းက သက်ဝင်ယုံကြည်သည်။ ရောမမြို့သည် တစ်ကမ္ဘာလုံးရှိ ဗရင်ဂျီဂိုဏ်းဝင်တို့၏ ဌာနချုပ် ဖြစ်ပေသည်။ အီတလီနိုင်ငံ၏အလယ်ပိုင်းတွင်ကား မြို့တော်ဖြစ်သော ရောမမြို့တည်ရှိ၏။ အလယ်ပိုင်းတွင် နေထိုင်သူများမှာ များသောအားဖြင့် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးမြူကြသူများ ဖြစ်ကြ၏။ စက်မှုလက်မှုလုပ်ငန်းမှာ မရှိသလောက်ပင် နည်းပါးသည်။ အလယ်ပိုင်းမှာ ပန်းချီ၊ ပန်းပု၊ ဂီတမှအစ အနုပညာကျော်များ အများဆုံး ပေါ်ထွက်ရာအရပ်ဖြစ်သည်။ အီတလျံတို့သည် အလှအပနှင့် သာယာမှုကို ခုံမင်သူများဟု ထင်ရှား၏။ အားလပ်သောနေ့များတွင် စုတ်စုတ်နုတ်နုတ် ဝတ်ဆင်ထားသော ဣတလျံအလုပ်သမားများကို အနုပညာပြတိုက်များတွင်လည်းကောင်း၊ တီးမှုတ်နေသည့် နေရာများတွင် စိတ်ပါဝင်စားစွာ နားထောင်နေကြသည်ကိုလည်းကောင်း တွေ့မြင်ရတတ်သည်။ တောင်ပိုင်းသားများမှလည်း အလယ်ပိုင်းသားများထက်ပင် ခေတ်နောက်ကျသူများ ဖြစ်ကြ၏ များသောအားဖြင့် လယ်သမားများ သိုးထိန်းများသာ ဖြစ်ကြသည်။ တစ်နိုင်ငံလုံးရှိ မြေသုံးပုံနှစ်ပုံကို စိုက်ပျိုးလုပ်ကိုင်ကြ၏။ များမကြာမီ နှစ်များအတွင်း လူဦးရေ တိုးတက်လာ၍၊
အီတလီနိုင်ငံသည် ဥရောပတိုက်သမိုင်းတွင် ခေတ်တိုင်း၌ ထင်ရှားခဲ့သော နိုင်ငံဖြစ်သည်။ ရောမနိုင်ငံတော်ကြီး ထွန်းကားစဉ်အခါက အီတလီသည် ကမ္ဘာအနောက်ပိုင်း၏ ဗဟိုဌာနကြီးတစ်ခု ဖြစ်ခဲ့၏။ အီတလီယဉ်ကျေးမှုသည် ဥရောပတိုက် တစ်တိုက်လုံးကိုသာမက အာဖရိကတိုက်မြောက်ပိုင်းနှင့် အရှေ့ ပိုင်းဘက်သို့ပင် ပျံ့နှံ့ခဲ့လေသည်။ အီတလီသည် ဥရောပတိုက်၏ အမှောင်ခေတ်ကြီးကို ဖြိုခွင်းရာတွင် ခေါင်းဆောင် နိုင်ငံ ဖြစ်၍၊ ခေတ်ဆန်းချိန် စတင်ရာဒေသလည်း ဖြစ်ခဲ့၏။ သမိုင်းတင်စခေတ်တွင် အီတလီနိုင်ငံအလယ်ပိုင်း၌ အီထရပ်လစကန်လူမျိုးတို့ နေထိုင်ခဲ့ကြသည်။ ထိုနောက် ဂရိလူမျိုးတို့နှင့် နောင်အခါတွင် သွေးနှောကာ ဣတလျံလူမျိုးဟု ဖြစ်လာသောလူမျိုးစုတို့သည် အီတလီတောင်ဘက်ပိုင်းနှင့် စစ္စလီကျွန်းသို့ တက်ရောက်အခြေစိုက်ခဲ့ကြ၏။ ထိုနောက်
==== ရှားလမိန်းဘုရင် ====
|