အီတလီနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

→‎အီတလီနိုင်ငံ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ရောမသာသနာစောင့်နိုင်ငံတော်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၇၅ -
 
==== ရောမသာသနာစောင့်နိုင်ငံတော် ====
အလယ်ခေတ်တစ်လျှောက်လုံးတွင်အလယ်ခေတ်တလျှောက်လုံးတွင် ရောမသာသနာစောင့် နိုင်ငံတော်ဧကရာဇ်မင်းတို့သည် အီတလီနိုင်ငံတော်ကို မိမိတို့ လုံးဝအာဏာဖြင့်အုပ်စိုးခွင့်ရှိ သည်ဟု ယူဆခဲ့ကြသော်လည်း ဂျာမန်အုပ်စိုးမှုကို လက်မခံလိုသော အီတလီနိုင်ငံသားများသည် အမြဲပင် တော်လှန်ပုန်ကန်ခဲ့ကြလေသည်။ ရောမသာသနာစောင့်နိုင်ငံတော် ဧကရာဇ်ဘုရင်တို့သည် အီတလီနိုင်ငံတွင် အာဏာတည်မြဲရေးအတွက် ခက်ခဲစွာ တိုက်ခိုက်ကြရလေသည်။ ဧကရာဇ်မင်းတို့၏ အင်အားအကောင်းဆုံး အတိုက်အခံများမှာ ပုတ်ရဟန်းမင်းများပင် ဖြစ်ကြ၏။ ထိုသို့ ဧကရာဇ်နှင့် ပုတ်ရဟန်းမင်းတို့ အာဏာလုမှုများ အတောမသတ်မီအတွင်း အီတလီနိုင်ငံတွင် မီလန်၊ ဂျီနိုအာ၊ ဖလော်ရင့်၊ ပီစာ၊ ဗင်းနစ် စသည့်မြို့များသည် လွတ်လပ်သော သီးခြားပြည်နယ်ကလေးများ အဖြစ် တည်ထောင်လိုက်ကြလေသည်။ ဤပြည်ထောင်ကလေးများသည် တဖြည်းဖြည်း အင်အားကြီးမားလာရကား ယင်းတို့အပေါ်တွင် စိုးမိုးအုပ်ချုပ်လိုသော မှူးမတ်များကိုသာမက ဧကရာဇ်ဘုရင်တို့ကိုပင် တော်လှန်နိုင်ခဲ့၏။ ပုတ်ရဟန်းမင်းသည် ရံဖန်ရံခါ ပြည်ထောင်ကလေးများကို ကူညီခဲ့လေသည်။ ပြည်ထောင်ကလေးများ ထွန်းကားသောခေတ်တွင် အီတလီတနိုင်ငံလုံးလိုလိုပင် များစွာတိုးတက်ခဲ့သော်လည်း ပြည်ထောင်တိုင်းတွင် ပုတ်ရဟန်းမင်း၏ လူများနှင့်ဧကရာဇ်၏လူများ အာဏာလုမှု အရှုတ်အထွေးများ ရှိခဲ့လေရာ တိုင်းပြည်တိုးတက်ရေးအတွက် မဆောင်ရွက်နိုင်လောက်အောင်ပင် အရှုပ်အထွေးများနှင့် အတော်အချိန်ကုန်ခဲ့ရလေသည်။ ပြည်ထောင်ကလေးများကို အုပ်စိုးသော မင်းများမှာ သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ကြ၍ ထိုခေတ်ကို အီတလီနိုင်ငံ၏ သက်ဦးဆံပိုင်ခေတ်ဟု ခေါ်စမှတ်ပြုကြ၏။
 
==== ဒန်တီ၊ မဲဒီချီ ====