အီတလီနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

→‎ရောမသာသနာစောင့်နိုင်ငံတော်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎မူဆိုလီနီဗင်နီတို: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၉၃ -
 
==== [[ဗင်နီတို မူဆိုလီနီ|မူဆိုလီနီဗင်နီတို]] ====
ကဗူးသည်ပြင်သစ်ဘုရင် တတိယနပိုလီယန်နှင့် ပူးပေါင်း၍ ဩစတြီးယားကို တိုက်ခိုက်ရန် အီမန်းနျူးအယ် ဘုရင်အား တိုက်တွန်းလေရာ ဘုရင်က သဘောတူခဲ့သဖြင့် ဣတလျံစစ်တပ်တို့သည် ပြင်သစ်စစ်တပ် များနှင့်ပူးပေါင်းကာ ဩစတြီးယန်းတပ်တို့အား အီတလီမြောက်ပိုင်းမှ မောင်းထုတ်နိုင်ခဲ့ကြ လေသည်။ သို့ရာတွင် တတိယနပိုလီယန်သည် အီတလီ၏ဆန္ဒမပြည့်မီ ဩစတြီးယားနှင့် စစ်ပြေငြိမ်းလိုက်သဖြင့် ဩစတြီးယားတို့၏ လက်အောက်တွင် ဗင်းနစ်ပြည်နယ် ကျန်ရစ်ခဲ့လေသည်။ ထိုအချိန်တွင် ဂယ်ရီဗောဒီးသည် လက်ရွေးစဉ် အီတလီမျိုးချစ်သူရဲကောင်း ၁ဝဝဝ ခန့်နှင့် စစ္စလီကျွန်းပေါ်မှ စတင် တိုက်ခိုက်ပြီးနောက် အီတလီကျွန်းပေါ်သို့ တက်ရောက်ခဲ့လေသည်။ တောင်ပိုင်းသားတို့ကလည်း ပြင်သစ်စစ်တပ်များကို နေရာအနှံ့အပြားတွင် တစ်ပြိုင်တည်းတပြိုင်တည်း တော်လှန်ကြလေသည်။ ပြင်သစ်လက်အောက်ခံ အီတလျံစစ်သားအပေါင်းတို့သည်လည်း ဂယ်ရီဗောဒီး၏ တော်လှန်ရေးစစ်တပ်ကြီးနှင့် ပူးပေါင်းကြသောကြောင့် ဂယ်ရီဗောဒီး၏ စစ်တပ်ကြီးသည် တမုဟုတ်ခြင်းပင် လူအင်အား လက်နက်အင်အား တောင့်တင်းလာလေရာ များမကြာမီပင် နေပယ်မြို့တော်တွင်းသို့ အောင်တပ်ခင်းကာ ဝင်ရောက်နိုင်ခဲ့လေသည်။ သို့ဖြင့် စစ္စလီနှစ်ပြည်ထောင်မှာ ဗစ်တာအီမန်းနျူးအယ်၏ ပိုက်နက်အတွင်း ပါဝင်ခဲ့လေသည်။ ၁၈၆ဝ ပြည့်နှစ် နိုဝင်ဘာလတွင် ဗစ်တာအီမန်းနျူးအယ်အား အီတလီနိုင်ငံသစ်ကြီး၏ ဘုရင်အဖြစ် တင်မြှောက်အုပ်စိုးစေခဲ့လေသည်။ ထိုအချိန်အထိ ပုတ်ရဟန်းမင်း အုပ်စိုးသောနယ်အချို့နှင့် ဗင်းနစ်ပြည်နယ်မှာ အီတလီနိုင်ငံသစ်အတွင်းသို့ မပါဝင်သေးချေ။ သို့ရာတွင် ၁၈၆၆ ခုနှစ်တွင် ဖြစ်ပွားသော ဩစတြီယား-ပရပ်ရှားစစ်ပွဲတွင် အီတလီတို့သည် ပရပ်ရှားဘက်မှ ကူညီခဲ့သဖြင့် ဗင်းနစ်မြို့မှ ဆုလာဘ်အဖြစ် ရရှိခဲ့လေသည်။ ရောမမြို့တော်နှင့်တကွ ပုတ်ရဟန်းမင်း အုပ်စိုးသော နယ်ပယ်များမှာမူ ပြင်သစ်စစ်တပ်များက ကာကွယ်ထားသဖြင့် အီတလီနိုင်ငံသစ်တွင် မပါဝင်ခဲ့သေးပဲ ၁၈၇ဝ ပြည့်နှစ်၌ ပြင်သစ်-ပရပ်ရှားစစ်ပွဲကြောင့် ပြင်သစ်စစ်တပ်များ ရုပ်သိမ်းသွားရသောအခါ ဗစ်တာအီမန်းနျူးအယ်ဘုရင်သည် အလုံး အရင်းနှင့်ချီတက် တိုက်ခိုက်သိမ်းပိုက်သဖြင့် ရောမမြို့တော်ကို ရရှိလေသည်။ သို့ဖြင့် ပုတ်ရဟန်းမင်းလည်း အခွင့်အရေးအာဏာများ ဆုံးရှုံးလျက် ရောမမြို့တော်အစွန်ရှိ ဗက်တီကင်မြို့တော်သို့ ပြောင်းရွှေ့နေထိုင်ရလေသည်။ ထိုအခါတွင် အီတလီနိုင်ငံသည် လုံးဝလိုလိုပင် စည်းလုံးမိလေတော့သည်။ အီတလီနိုင်ငံ စည်းလုံးမိပြီးသည့်နောက် ဗစ်တာအီမန်းနျူးအယ်၏ တာဝန်များမှာ ပြည်တွင်းငြိမ်းချမ်းရေး စည်ပင်သာယာရေးပင် ဖြစ်၏။ ထိုတာဝန်များကို ၁၈၇၈ ခုနှစ်တွင် ဗစ်တာအီမန်းနျူးအယ် နတ်ရွာစံ၍ သူ၏သားတော်ဟမ်းဗတ်က ဆက်လက် ဆောင်ရွက်ရလေသည်။ ထိုအခါတွင် အီတလီနိုင်ငံနှင့် အနီးအနားရှိ အီတလီပိုင်သင့်သည်ဟု ယူဆသောနယ်များကို ပူးပေါင်းရန် လိုလားသော သူတစ်စု၏ နိုင်ငံရေး လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်ခဲ့လေသည်။ ၁၉ဝဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ချစ်ခင်လေးစားခြင်းခံရသော ဟမ်းဗတ်အား လုပ်ကြံသတ်ဖြတ်လိုက်ကြလေရာ သူ၏ သားတော် တတိယအီမန်းနျူးအယ် နန်းတက်လေသည်။ ထိုအခါ အီတလီနိုင်ငံကို ဥရောပနိုင်ငံကြီးတစ်ခုအဖြစ် အသိအမှတ်ပြုရေးအတွက်လည်းကောင်း၊ နယ်သစ်များရရှိရေးအတွက်လည်းကောင်း ကြိုးပမ်းခဲ့ရာတွင် ပြည်သူပြည်သားများမှာ အခွန်အတုတ် ကြီးလေးစွာတောင်းခံခြင်း ခံရလေသည်။ ၁၉ဝ၈ ခုနှစ်တွင် အီတလီတောင်ပိုင်းနှင့် စစ္စလီကျွန်းတစ်ပိုင်း၌ ပြင်းထန်သော မြေငလျင်ဘေးကြောင့် မြို့ပြပြည်ရွာများ ပျက်စီးခဲ့၍ လူပေါင်း တစ်သိန်းငါးသောင်းကျော် သေကြေပျက်စီးခဲ့ရုံမက တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ရောဂန္တရကပ်ဖိစီးခြင်းကို နှစ်ပေါင်းအတန်ကြာ အပြင်းအထန် ခံစားလိုက်ရသောကြောင့် အခြေအနေ အတော်ပင်ယိုင်ခဲ့ရလေသည်။ ယင်းသို့ အခြေယိုင်လာသောအခါ အီတလီနိုင်ငံမှာ ငြိမ်းချမ်းရေးဝါဒကို လက်ကိုင် မပြုနိုင်တော့ပဲ နယ်ချဲ့ရန် ကြိုးစားရလေတော့သည်။ ရှေးဦးစွာ အာဖရိကတိုက်ရှိ အီရစ်ထရီးယားနှင့် ဆိုမာလီလန်နယ်မြေအချို့ကို သိမ်းပိုက်လေသည်။ ထိုနောက် တူရကီပိုင် တြိပိုလီနယ်ရှိ အီတာလျံလူမျိုးများကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် တူရကီကို စစ်ကြေညာလိုက်လေသည်။ ထိုစစ်ပွဲတွင် အီတလီသည် တူရကီတို့ထံမှ တြိပိုလီနယ်ကို ရရှိလိုက်၏။ ထိုအချိန်တွင် အီတလီနိုင်ငံတွင်း၌ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အတော်ပင် ဆူပူလာခဲ့လေသည်။ နိုင်ငံရေးခေါင်းဆောင်များအနက် ဆိုရှယ်လစ်အဖွဲ့၏ကြွေးကြော်သံ အဗန်တီသတင်းစာ၏ အယ်ဒီတာချုပ် [[ဗင်နီတို မူဆိုလီနီ|ဗင်နီတိုမူဆိုလီနီ]]သည် ပြည်ရေးပြည်ရာအဖြာဖြာကို သူ၏သတင်းစာမှ ပြင်းထန်စွာ ဝေဖန်ရေးသားသဖြင့် ထင်ရှားလာလေသည်။
 
==== [[ပထမ ကမ္ဘာစစ်|ကမ္ဘာစစ်၊ ပထမ]] ====