အိုးစည်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃၆ -
 
မြန်မာ့ကျေးလက် ဒေသတွေ၊ မြို့ပြအရပ် ဒေသတွေမှာ ဘုရားပွဲတွေ၊ အလှူပွဲတွေ ကျင်းပတဲ့အခါ အိုးစည်၊ ဒိုးပတ်တီးဝိုင်းနဲ့ တွဲဖက်ပြီး ကပြနေကြတာကတော့ ဦးရွှေရိုးနဲ့ ဒေါ်မိုးအကပဲ ဖြစ်ပါတယ်။ ဦးရွှေရိုးနဲ့ ဒေါ်မိုးအကဟာ ရိုးရာအက မဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရ၀ ကျော်လောက် မြန်မာ့ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “တောမြိုင်စွန်းမှ လွမ်းအောင်ဖန်” အမည်ရှိတဲ့ ဇာတ်ကား ဇာတ်ဝင်ခန်းမှာ ဦးရွှေရိုးဆိုတဲ့ ဇာတ်ကောင်ဟာ တောနယ်ကနေ မြို့ပေါ်ရောက်လာပြီး အတီးအက ခွတီးခွကျပုံစံနဲ့ ပုသိမ်ထီးကိုဆောင်းပြီး တောင်ရှည်ပုဆိုးကွက်တုံး၊ ရင်ဖုံးတိုက်ပုံ ဝတ်ဆင်ကာ နှုတ်ခမ်းမွေးကားကား၊ မချိုမချဉ် မျက်နှာပေးနဲ့ အပျိုကြီး ဒေါ်မိုးကို ပိုးပန်းတဲ့ သရုပ်ဆောင်တာကို ရုပ်ရှင်ကြည့် ပရိသတ်က နှစ်သက်သဘောကျပြီး အဲဒီလို ပုံစံမျိုး ဝတ်ဆင် သရုပ်ဖော်ကပြရင်း မြန်မာ့ အိုးစည်၊ ဒိုးပတ်ဝိုင်းနဲ့ တွဲဖက်ကပြတဲ့ အက ဖြစ်လာပါတော့တယ်။<ref>http://www.news-eleven.com/entertainment/%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%8A%E1%80%B9</ref>
==ကချင်ရိုးရာ အိုးစည်==
ကချင်ရိုးရာ [[ထောင်ကာအက]]ကို ကခုန်သောအခါ အိုးစည်တူရိယာသည် အဓိက ဖြစ်သည်။ နေရာမရွေး အချိန်မရွေး တီးနိုင်သော တူရိယာဖြစ်သည်။ အိုးစည်ကို လက်ပံပင်ကဲ့သို့ ပျော့၍ ပေါ့သော သစ်အမျိုးအစားဖြင့် ထွင်းလုပ်ကြသည်။ အရှည်မှာ လေးပေ လေးပေခွဲခန့် ရှည်၏။ စည်အဝမှာ တစ်ပေခန့် ကျယ်၏။ ဆိတ်နွား သားရေများဖြင့် ပိတ်ကြသည်။ ဗုံပတ်စာကို ဗုံအဝ၌ ပတ်လည်ဝိုင်း၍ ကပ်ကြသည်။ ပွဲတိုင်းသုံးကြ၍ ကျေးရွာတိုင်းတွင် ထားရှိကြသည်။ <ref>မြန်ဂုဏ်ဆောင် ရေး ကချင်ရိုးရာတူရိယာများ ဆောင်းပါး၊ ငွေတာရီ၊ အမှတ်(၁၂၈)၊ ဖေဖော်ဝါရီ ၁၉၇၁-ခုနှစ်၊ စာ ၃၀-၃၄</ref>
 
== ကိုးကား ==
<references/>
{{Reflist}}
{{မြန်မာ့တူရိယာများ}}