ကမ္ဘောဒီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၁၆ -
အချိန်ကာလ အတိအကျသတ်မှတ်၍ မရသော အခြား သမိုင်းမတင်မီခေတ်ဒေသများမှာ ၁၈၇၅ တွင် ပထမဆုံး စတင် စူးစမ်းခဲ့သော နေရာဖြစ်သည့် ဆမ်ရောင်း ဆန် (ရှေးဟောင်းမြို့တော် အူဒေါင် နှင့် သိပ်မဝေးသောနေရာ) <ref name=higham1989>{{Cite book|author=Higham, Charles |title=The Archaeology of Mainland Southeast Asia|year=1989|publisher=Cambridge University Press|isbn=978-0-521-27525-5}}, p.120</ref>နှင့် မြောက်ပိုင်းပြည်နယ် ဘွန်တေးမူရှေး အတွင်းရှိ "ဖွမ်စနေး" တို့ဖြစ်သည်။<ref>{{Cite journal|author1=O'Reilly, Dougald J.W. |author2=von den Driesch, Angela |author3=Voeun, Vuthy |year=2006|title=Archaeology and Archaeozoology of Phum Snay: A Late Prehistoric Cemetery in Northwestern Cambodia|journal=Asian Perspectives |volume=45|issue=2|issn=0066-8435}}</ref> ဖွန်စနေးတွင် တူးဖော်မှုများအရ သင်္ချိုင်း ၂၁ ခုကို တွေ့ရှိရပြီး ထိုအတွင်း၌ သံလက်နက်များနှင့် ဦးခေါင်းဒဏ်ရာများတွေ့ရှိရသဖြင့် ရှေးအခါက ပဋိပက္ခရှိခဲ့ကြောင်း ညွှန်ပြနေပြီး အန်ကောရှိ မြို့ကြီးများနှင့် ဖြစ်ခဲ့ခြင်း ဖြစ်နိုင်သည်။<ref name=higham2001pre /><ref>Domett, K. M., O'Reilly, D. J. W., & Buckley, H. R. (2011). Bioarchaeological evidence for conflict in Iron Age northwest Cambodia. Antiquity, 85(328).441–458</ref>
<ref>Domett, K. M., O'Reilly, D. J. W., & Buckley, H. R. (2011). Bioarchaeological evidence for conflict in Iron Age northwest Cambodia. Antiquity, 85(328)</ref>ရာတာနာကိရိ တွင် သတ္တုတွင်း တူးဖော်ရာ၌ သမိုင်းမတင်မီခေတ်က လက်မှုပစ္စည်းများကို မကြာခဏတွေ့ရလေ့ ရှိသည်။<ref name=stark2004 />
 
သံကို ဘီစီ ၅၀၀ ခန့်တွင် စတင် အသုံးပြုခဲ့ပြီး အထောက်အထားများကို ယနေ့ခေတ် ထိုင်းနိုင်ငံနေရာဖြစ်သော ခိုရတ်ကုန်းမြင့်တွင် တွေ့ရသည်။ ကမ္ဘောဒီးယားတွင် သံခေတ် အခြေချနေထိုင်မှုများကို ဘက်ဆေးချမ်ကရောင် ပုထိုး နှင့် အခြားသော အန်ကောခေတ် ပုထိုးများ၏ အောက်ခြေတွင် တွေ့ရပြီး စက်ဝိုင်းပြီးမြေဖို့ခြင်းများကို အန်ကော၏ အနောက်မြောက်ဘက် ကီလိုမီတာ အနည်းငယ် အကွာတွင် ရှိသော "လိုဗီး" ၏ အောက်ခြေတွင် တွေ့ရသည်။ လူသေမြှုပ်နှံမှုများသည် အခြားတွေ့ရှိမှုများထက် ပိုများပြီး စားရေရိက္ခာ ရရှိမှု တိုးတက်လာခြင်း နှင့် ကုန်သွယ်ခြင်း ( ခရီးရှည် ကုန်သွယ်ခြင်းပင် ရှိသည်။ ဘီစီ ၄ ရာစုတွင် အိန္ဒိယနှင့် ကုန်သွယ်ရေးမှာ စတင်နေပြီ ဖြစ်သည်။)တို့အပြင် လူမှုအဆင့်အတန်း နှင့် အလုပ်သမားအဖွဲ့အစည်းများ ရှိကြောင်းလည်း သက်သေပြနေသည်။<ref name="Carter, A. K. 2011">Carter, A. K. (2011). Trade and Exchange Networks in Iron Age Cambodia: Preliminary Results from a Compositional Analysis of Glass Beads. Bulletin of the Indo-Pacific Prehistory Association, 30, 178–188.</ref>
 
သံခေတ်မှ တွေ့ရှိရသော လက်မှုပစ္စည်းများတွင် ဖန်ပုတီးများမှာ အရေးပါသော အထောက်အထား ဖြစ်သည်။ အမျိုးမျိုးကွဲပြားသော ဖန်ပုတီးများကို ကမ္ဘောဒီးယား တစ်ဝှမ်းရှိ ဒေသအချို့တွင် တွေ့ရှိရပြီး အနောက်မြောက်ဘက်ရှိ ဖွန်စနေး နှင့် အရှေ့တောင်ပိုင်းရှိ ပရိုဟီးယားတို့တွင် တွေ့ရှိရသဖြင့် ထိုအချိန်က ပင်မ ကုန်သွယ်ရေး ကွန်ယက် နှစ်ခု ရှိကြောင်း ပြသနေသည်။ ထိုကွန်ယက်နှစ်ခုမှာ အချိန်နှင့် နေရာ ကွာခြားနေသဖြင့် အေဒီ ၂ ရာစု မှ ၄ ရာစု အတွင်း ကွန်ယက်တစ်ခုမှ အခြားကွန်ယက်တစ်ခု သို့ ရွှေ့ပြောင်းခဲ့သည်ဟု ညွှန်ပြနေပြီး လူပတ်ဝန်းကျင် နိုင်ငံရေးဆိုင်ရာ ဩဇာအာဏာ ပြောင်းလဲသွားခြင်း ဖြစ်မည်ဟု ခန့်မှန်းရသည်။<ref name="Carter, A. K. 2011" />
 
===အန်ကောမတိုင်မီခေတ် နှင့် အန်ကောခေတ်===