ကမ္ဘောဒီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၃၃ -
 
ခမာဧကရာဇ်နိုင်ငံတော်သည် ချန်နလာ၏ အပျက်အစီးများကြားမှ ပေါ်ပေါက်လာခဲ့ပြီး ၈၀၂ ခုနှစ်တွင် ခိုင်မာစွဦ တည်ထောင်နိုင်ခဲ့ကာ ဒုတိယ ဂျာယာဗာမန် ဘုရင် (အေဒီ ၇၉၀မှ အေဒီ ၈၃၅ အထိ အုပ်စိုးခဲ့သည်။) ဂျားဗားပြည်မှ လွတ်လပ်ရေးကြေငြာခဲ့ပြီး မိမိဘာသာ ဒေဝါရာဂျာဘွဲ့ ခံယူခဲ့သည်။ သူနှင့် သူ၏ နောက်လိုက်များသည် ဘုရား-ဘုရင် ဂိုဏ်းကို တည်ထောင်ခဲ့ပြီး နယ်မြေသိမ်းပိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကာ ၉ ရာစုမှ ၁၅ ရာစုအတွင်း ထိုဒေသ၌ ကြွယ်ဝချမ်းသာလာခဲ့သည်။<ref>{{cite web|url=http://www.art-and-archaeology.com/seasia/ppenh/khmer01.html |title=Khmer Empire Map |publisher=Art-and-archaeology.com |accessdate=27 June 2010}}</ref> အဋ္ဌမဂျာရာဗာမန် လက်ထက်တွင် အန်ကောဧကရာဇ်နိုင်ငံတော်အား မွန်ဂိုမှ ကူဗလိုင်ခန်၏ စစ်တပ်မှ တိုက်ခိုက်ခဲ့သော်လည်း ဘုရင်အနေနှင့် ငြိမ်းချမ်းရေးကို ဝယ်ယူနိုင်ခဲ့သည်။<ref>Cœdès, George. (1956) ''The Making of South East Asia,'' pp.127–128.</ref> ၁၃ ရာစုခန့်တွင် သီရိလင်္ကာ ဘုန်းကြီးများမှ အရှေ့တောင်အာရှအား ထေရဝါဒဗုဒ္ဓဘာသာနှင့် မိတ်ဆက်ခဲ့သည်။<ref>{{cite web|url=http://asia.msu.edu/seasia/Cambodia/religion.html |title=Windows on Asia |archiveurl=https://web.archive.org/web/20070521010839/http://asia.msu.edu/seasia/Cambodia/religion.html |archivedate=21 May 2007}}</ref> ဘာသာတရားမှာ ပြန့်ပွားလာခဲ့ပြီး နောက်ဆုံးတွင် အန်ကော၌ ရေပန်းစားသော ဘာသာတရားအဖြစ် ဟိန္ဒူဘာသာ နှင့် မဟာယန ဗုဒ္ဓဘာသာနေရာတွင် အစားထိုး ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း ၁၂၉၅ ခုနှစ် တတိယ အင်ဒရာ ဗာမန် အာဏာရသည်အထိ နိုင်ငံတော်၏ တရားဝင်ဘာသာ ဖြစ်မလာခဲ့ပေ။<ref>[http://www.cambodia-travel.com/khmer/angkor-era3.htm Angkor Era – Part III (1181–1309 A.D)], Cambodia Travel.</ref>
 
ခမာဧကရာဇ်နိုင်ငံတော်သည် ၁၂ရာစုအတွင်း အရှေ့တောင်အာရှ၏ အကြီးဆုံး ဧကရာဇ်နိုင်ငံတော် ဖြစ်ခဲ့သည်။ ဧကရာဇ်နိုင်ငံတော်၏ ဩဇာအာဏာ ဗဟိုချက်မှာ အန်ကော ဖြစ်ပြီး ဧကရာဇ်နိုင်ငံတော်၏ အထွဋ်အထိပ် ရောက်ရှိစဉ်တွင် မြို့တော်အများအပြားကို တည်ဆောက်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် နိုင်ငံတကာမှ သုတေသနပညာရှင် အဖွဲ့က ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများနှင့် အခြားသော ခေတ်မီနည်းလမ်းများကို အသုံးပြု၍ ကောက်ချက်ချခဲ့သည်မှာ အန်ကောသည် ကမ္ဘာပေါ်တွင် စက်မှုခေတ်မတိုင်မီက အကြီးဆုံး မြို့ပြ ဖြစ်ခဲ့ပြီး မြို့ပြအကျယ်အဝန်းမှာ {{convert|၂,၉၈၀|km2|sqmi|0|abbr=off}} မျှ ရှိသည်ဟု ဆိုသည်။<ref>{{cite journal|url=http://www.pnas.org/content/104/36/14277.full |title=Proceedings of the National Academy of Sciences of the United States of America: A comprehensive archaeological map of the world's largest pre-industrial settlement complex at Angkor, Cambodia |accessdate=27 June 2010 |doi=10.1073/pnas.0702525104 |pmid=17717084 |volume=104 |issue=36 |journal=Proceedings of the National Academy of Sciences |pages=14277–14282 |year=2007 | last1 = Evans | first1 = D.|pmc=1964867 }}</ref> မြို့တော်မှာ လူဦးရေ ၁ သန်းခန့် အထိ နေထိုင်နိုင်သော အကျယ်အဝန်း ရှိသည်။<ref>[https://web.archive.org/web/20110605004646/http://www.independent.co.uk/news/world/asia/metropolis-angkor-the-worlds-first-megacity-461623.html Metropolis: Angkor, the world's first mega-city], The Independent, 15 August 2007</ref> အများဆုံးသိကြပြီး အကောင်းဆုံး ထိန်းသိမ်းထားနိုင်သည့် အန်ကောဝပ် ဘုရားကျောင်းမှာလည်း ကမ္ဘောဒီးယား၏ အတိတ်က အဓိက ဒေသတွင်း အင်အားကြီးနိုင်ငံ ဖြစ်ခဲ့သည်ကို သတိပေးနေသကဲ့သို့ ရှိသည်။ ဧကရာဇ်နိုင်ငံတော်သည် အင်အားကျဆင်းလာသော်လည်း ၁၅ ရာစု ပျက်သုဉ်းသွားသည့် အချိန်အထိ ထင်ရှားသော အားတစ်ခု အဖြစ် ဆက်လက် ရှိနေသေးသည်။
 
===အန်ကောလွန်ခေတ်===