၂၆၈၁၉
တည်းဖြတ်မှုများ
စည်းတီးသည် မင်းပေါက်နောက်၌ထိုင်ရ၍၊ ခတ်စည်းနှင့် သံလွင်ကို ကိုင်ရသည်။ ဝါးတီးမှာမူ သီချင်းဆိုသမားနှင့် အတူ စည်းဆရာ၏အပါး၌ထိုင်၍၊ဝါးလက်ခုပ်ကိုတီးရသည်။ အချို့ဆိုင်းဝိုင်း၌ ဝါးလက်ခုပ်အစားအလယ်ကအရှည်လိုက် ဖောက်ထားသော ဝါးပိုးဝါးကို လက်ခတ်ဖြင့် တီးကြသည်။ မောင်းသမားသည် မင်းပေါက်ဝလကျာ်ဖက်၌ ကြေးဝိုင်းနှင့် ကပ်၍ ထိုင်ရသည်။ ၁၂၆၆ ခုနှစ် လောက်၌မောင်းဆိုင်း ဟူ၍ တီထွင်ကာ ဆိုင်းဝိုင်း၌ ထည့်သွင်းလာကြသည်။ ထိုအချိန်ကာလနှင့် မရှေး မနှောင်းတွင် ဘင်၊ ခရာ၊ ပလုတ်တုတ်တို့ကို ဆိုင်းဝိုင်း၌ထည့်သွင်း အသုံးပြုလာကြသည်။ ယခုခေတ်၌ကား အနောက်နိုင်ငံသုံး တူရိယာအမျိုးမျိုးတို့ကို ဆိုင်းဝိုင်းတွင် ထည့်သွင်းအသုံးပြုလျက်ရှိကြသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref>
==ကချင်ရိုးရာ နှဲ==
ကချင်ရိုးရာ နှဲသည် အမြင်လွယ်သလောက် မှုတ်ရသည်မှာ ခက်၏။ မှုတ်တတ်သူ နည်းပါး၏။ [[မနောအက]]၊ [[ထောင်ကာအက]]၊ [[ကဘုံအက]] ဆင်နွဲရာ၌ တီးမှုတ်ကြ၏။
နှဲကို ကျင်းနားဖွန်းခေါ် အပင်တစ်မျိုးဖြင့် ပြုလုပ်သည်။ တစ်ပေ၊ တစ်ပေခွဲခန့် ရှည်သည်။ ထိပ်ဖက်တွင် အသံပိုမြည်စေရန် အသံချဲ့အဖြစ် ကျွဲချိုကို တပ်ဆင်ထားသည်။ မှုတ်မည့်ဖက်တွင် သေးငယ်သော <ref>မြန်ဂုဏ်ဆောင် ရေး ကချင်ရိုးရာတူရိယာများ ဆောင်းပါး၊ ငွေတာရီ၊ အမှတ်(၁၂၈)၊ ဖေဖော်ဝါရီ ၁၉၇၁-ခုနှစ်၊ စာ ၃၀-၃၄</ref>
==ကိုးကား==
|
တည်းဖြတ်မှုများ