ကမ္ဘောဒီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၄၇ -
 
===ပြင်သစ်ကိုလိုနီခေတ်===
{{multiple image|caption_align=left|header_align=center
| align = right
| direction = vertical
| width = 150
| image1 = Sa Majesté Sisowath Monivong.jpg
| caption1 = ဆီဆိုဝပ် ဘုရင်
| image2 = Norodom Sihanouk 1941.jpg|thumb|left|[[နိုရိုဒွန် သီဟာနု]] ၁၉၄၁ တွင် နန်းတက် ဘိသိက်ခံနေပုံ
| caption2 = ၁၉၄၁ တွင် နိုရိုဒွန် သီဟာနု ဘိသိက်ခံနေပုံ
| image3 =
| caption3 =
}}
၁၈၆၃ တွင် ထိုင်းတို့တင်မြှောက်ထားသော နိုရိုဒွန်ဘုရင် မှ<ref name="CHANDLER" /> ပြင်သစ်တို့မှ ကမ္ဘောဒီးယားအား ထိုင်းတို့ထံမှ ကာကွယ်ပေးရန် အကူအညီတောင်းခဲ့သည်။ ၁၈၆၇ တွင် ထိုင်းနိုင်ငံ၏ ရာမ ၄ ဘုရင်မှ ပြင်သစ်နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအား ထိန်းချုပ်ခြင်းအား စွန့်လွှတ်ရန် နှင့် ထို့အတွက် ဘတ်တမ်ဘန် နှင့် ဆီရမ်ရိ ပြည်နယ်တို့အား အစားပြန်ပေးရန် သဘောတူညီခဲ့သည့်အတွက် ထိုပြည်နယ်တို့မှာ ထိုင်းနိုင်ငံ၏ အစိတ်အပိုင်း တရားဝင် ဖြစ်လာခဲ့သည်။ ၁၉၀၇ ခုနှစ် ပြင်သစ်နှင့် ထိုင်းတို့ နယ်စပ်စာချုပ် ချုပ်ဆိုသော အခါမှသာ ထိုပြည်နယ်များကို ပြန်လည်ပေးအပ်ခဲ့သည်။
 
ကမ္ဘောဒီးယားသည် ပြင်သစ်တို့၏ အစောင့်အရှောက်ခံနိုင်ငံအဖြစ် ၁၈၆၇ မှ ၁၉၅၃ ခုနှစ်အထိ ရှိနေခဲ့ပြီး ပြင်သစ်အင်ဒိုချိုင်းနား ကိုလိုနီ နယ်မြေ၏ တစိတ်တဒေသ အဖြစ် ပြင်သစ်တို့မှ အုပ်ချုပ်ခဲ့သော်လည်း ၁၉၄၁ မှ ၁၉၄၅ အတွင်းတွင်မူ ဂျပန်တို့မှ ဝင်ရောက်ကျူးကျော်ခဲ့သည်။<ref name="Kamm" />၁၈၇၄ မှ ၁၉၆၂ ခုနှစ်အတွင်း စုစုပေါင်း လူဦးရေမှာ ၉၄၆,၀၀၀ မှ ၅.၇ သန်း အထိ တိုးတက်လာခဲ့သည်။ <ref name="Population">"[http://countrystudies.us/cambodia/40.htm Cambodia – Population]". Library of Congress Country Studies.</ref> ၁၉၀၄ ခုနှစ်တွင် နိုရိုဒွန် ဘုရင် ကွယ်လွန်သော အခါ ပြင်သစ်တို့မှ ဘုရင်ရွေးချယ်မှုကို ချုပ်ကိုင်ခဲ့ပြီး နိုရိုဒွန် နှင့် ညီအစ်ကို တော်စပ်သူ ဆီဆိုဝပ်အား ဘုရင်အဖြစ် တင်မြှောက်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဆီဆိုဝပ်၏ သားဖြစ်သူ မိုနီဗွန်ဘုရင် ကွယ်လွန်သော အခါတွင် ရာဇပလ္လင်မှာ လစ်လပ်သွားခဲ့သည်။ ပြင်သစ်တို့မှ မိုနီဗွန်၏ သား မိုနီရက် သည် အလွန်ပင် လွတ်လပ်စွာ တွေးခေါ်တတ်သည်ဟု ယူဆသဖြင့် ဘုရင်အဖြစ် မတင်မြှောက်ခဲ့ပေ။ သူ့အစား ဆီဆိုဝပ်ဘုရင်၏ သမီးမှ မွေးဖွားသော မြေးဖြစ်သူ [[နိုရိုဒွန် သီဟာနု]] အား ဘုရင်အဖြစ် တင်မြှောက်ခဲ့သည်။ ပြင်သစ်တို့မှ အသက်ငယ်သော သီဟာနုကို အလွယ်တကူ ထိန်းချုပ်နိုင်မည်ဟု ထင်မြင်ယူဆခဲ့သည်။<ref name="Kamm">{{Cite book| last = Kamm | first = Henry | author-link = Henry Kamm | title = Cambodia: report from a stricken land | url = https://archive.org/details/cambodiareportfr00kamm| url-access = registration | publisher=Arcade Publishing | year = 1998 | location = New York | page = [https://archive.org/details/cambodiareportfr00kamm/page/27 27] | isbn = 1-55970-433-0}}</ref>သို့သော်လည်း သူတို့ယူဆချက် မှားယွင်းခဲ့ပြီး နိုရိုဒွန် သီဟာနု ဘုရင် အုပ်စိုးစဉ်ကာလတွင်ပင် ကမ္ဘောဒီးယားသည် ပြင်သစ်တို့လက်အောက်မှ ၁၉၅၃ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် လွတ်လပ်ရေး ရခဲ့သည်။<ref name="Kamm" />
 
===လွတ်လပ်ရေးရခြင်း နှင့် ဗီယက်နမ်စစ်ပွဲ===
===ခမာပြည်သူ့သမ္မတနိုင်ငံ (၁၉၇၀-၇၅)===