ညောင်လေးပင်မြို့နယ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
No edit summary
စာကြောင်း ၄၂ -
}}
'''ညောင်လေးပင်မြို့နယ်''' သည် [[မြန်မာနိုင်ငံ]]၊ ၊ [[ပဲခူးခရိုင်]]ရှိ မြို့နယ်တစ်ခု ဖြစ်သည်။<ref name="MIMU001">[http://www.burmalibrary.org/docs6/MIMU001_A3_SD%20&%20Township%20Overview.pdf "Myanmar States/Divisions & Townships Overview Map"] Myanmar Information Management Unit (MIMU)</ref> ညောင်လေးပင်မြို့နယ်တွင် [[ညောင်လေးပင်မြို့]]၊ [[မဒေါက်မြို့]]နှင့် [[ပြွန်တန်ဆာမြို့]]၊ [[ပိန်းဇလုတ်မြို့]] တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ [[ညောင်လေးပင်မြို့]] ဖြစ်သည်။ ညောင်လေးပင်မြို့နယ်သည် ပဲခူးတိုင်းအရှေ့ခြမ်း၏ အလယ်ဗဟိုအကျဆုံးနေရာတွင် တည်ရှိနေသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း၏ ပို့ဆောင်ဆက်သွယ်ရေးအချက်အချာမြို့ကြီးများစာရင်းတွင်ပါဝင်သည်။ ညောင်လေးပင်မြို့နယ်သည် ပဲခူးခရိုင်တွင် တတိယအကြီးဆုံးမြို့နယ်လည်းဖြစ်သည်။ ညောင်လေးပင်မြို့နယ်သည် အမှတ်(၁) ပြည်ထောင်စုအဝေးပြေးလမ်းမကြီး (ရန်ကုန်-တောင်ငူ-မန္တလေး အဝေးပြေးလမ်းမကြီး) မိုင်တိုင်အမှတ် (၇၂ မိုင်/၆ ဖာလုံ) မှ စတင်၍ မိုင်တိုင်အမှတ် (၉၂ မိုင်/၆ ဖာလုံ) အထိ ၂၀ မိုင် ပါဝင်သည်။ ညောင်လေးပင်မြို့နယ်၏ မြောက်ဘက်တွင် ကျောက်တံခါးမြို့နယ်(ညောင်လေးပင်အနောက်မြို့နယ်)၊ အရှေ့ဘက်တွင် ရွှေကျင်မြို့နယ်၊ အနောက်ဘက်နှင့် တောင်ဘက်တွင် ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်တို့ဖြင့် ဝန်းရံထားသည်။ အရှေ့ဘက် ၁၅ မိုင်ခန့်တွင် ရှမ်းရိုးမတောင်တန်းများ၊ အနောက်ဘက်တွင် ပဲခူးရိုးမတောင်တန်းများ တည်ရှိသည်။
===ဒေသသမိုင်းအကျဉ်း===
'''ဒေသသမိုင်းအကျဥ်း'''
ညောင်လေးပင်မြို့ကို မည်သူမည်ဝါ တည်ထောင်ခဲ့သည်ဟု ခိုင်လုံ သောအထောက်အထားမရရှိသေးပါ။ရှေးအစဉ်အဆက်စကားအရ ဥသြ ငှက်ညောင်ပင်စိုက်ထို၌မြို့ရွာတည်လတ္တံဟု တစ်ဘောင်တစ်ခုရှိခဲ့သဖြင့် ၁၁၁၇ခုနှစ်၌ မြို့ရွာတည်ခဲ့သည်ဟု ယူဆရပါသည်။ ညောင်လေးပင်မြို့ တည်သောနှစ်သည်ကုန်းဘောင်ခေတ်ထက်(၂)နှစ်ခန့်နောက်ကျတည်ခဲ့ကြောင်း မြို့နယ်သမိုင်းလေ့လာရေးပုဂ္ဂိုလ်များက အဆိုရှိပါသည်။ ညောင်လေး ပင်မြို့မှအရှေ့ဘက် (၄)မိုင်အကွာရှိ ပုဇွန်မြောင်းရွာအနီး အရှေ့အရပ်၌တည်ထားသော ရှေးဟောင်းစေတီမှရရှိသည့် ရတနာ ခေတ်ဟောင်း ဒေါင်းဒင်္ဂါးများတွေ့ရှိခဲ့မှုအရ ၎င်းစေတီ(၃)ဆူကို တည်ထားသော ဘိုးတော်တပ်မှူးမှာ မင်းတုန်းမင်း၏တပ်မှူးတစ် ဦးဖြစ်ခြင်း၊ မြင်းကွန်းမြင်းခုံတိုင်ညီနောင်ကို နှိမ်နှင်းရန်စေလွှတ်ရာမှ ပျဉ်းမနားတွင် မင်းသားညီနောင်နှင့်တွေ့ဆုံပြီး သစ္စာရေသောက် လိုက်ရသဖြင့် နေပြည်တော်သို့မပြန်ဝံ့ဘဲ အောက်ပြည်အောက်ရွာသို့ တိမ်းရှောင်ရင်း ညောင်လေးပင်မြို့၊ ပုဇွန်မြောင်းရွာသို့ရောက်ရှိကြောင်း အမှတ်အသားရှိပါသည်။သမိုင်းပညာရှင်အချို့ကလည်း အနောက်ဘက် လွန်မင်းပေါ်တူကီ၊ငဇင်ကာနှင့်နတ်ရှင်နောင်တို့ကိုနှိမ်နှင်းရန် တောင်ငူ မှသန်လျင်သို့ ချီတက်ရာတွင် မိုးကျသဖြင့် ပုဇွန်မြောင်းအရပ်တွင် ရိက္ခာဖြည့်တင်း ခဲ့ကြောင်း၊ စစ်သားအချို့ကျန်ရစ်ခဲ့ပြီး အညာဒေသမှ အိုးလုပ်သောအတတ်ဖြင့် အသက်မွေးဝမ်းကြောင်းပြု လုပ်ခဲ့ကြသဖြင့် ယခုတိုင်ပုဇွန်မြောင်းအိုးသည် နာမည်ကြီးဖြစ်၍ အင်းဝခေတ်နောက် ပိုင်း၌ တည်သည်ဟုယူဆ နိုင်သည့်အပြင် ယခုတော်ဝိကျေးရွာ ရန်ကုန် - မန္တလေးကားလမ်းအနီး မင်းရဲလှကင်းတပ်မြို့၊ ဟံသာဝတီ ကင်းတပ် မြို့(၃၂)မြို့အပါအဝင် အမှတ်အသားများကျန်ရှိသဖြင့် ဟံသာဝတီခေတ် တွင် ညောင်လေးပင်ဟူ၍ မပေါ်ပေါက်သေးကြောင်း ယူဆရပါသည်။ ညောင်လေးပင်မြို့သည် (၁၉၁၁)ခုနှစ်၊ မြို့ပြဥပဒေပုဒ်မ၄အရ မြို့အဖြစ် သို့ရောက်ရှိခဲ့ပြီး ထိုစဉ်က(၁)ဘုရားကြီးရပ်၊ (၂)စျေးပိုင်းရပ်၊ (၃)လမ်း သစ်ရပ်၊ (၄)မြို့ပတ်ရပ်၊ (၅)ရွာမ တောင်အရပ်၊ (၆)ရွာမမြောက်အရပ်၊ (၇)ဗိုလ်ချုပ်ရပ်၊ (၈)ရွာမအနောက်အရပ်ဟူ၍ ရပ်ကွက်(၈)ခု ဖွဲ့စည်း ခဲ့ပြီး (၃၁-၁၀-၁၉၇၂)ရက်နေ့တွင် ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ (၁၀၇၄)အရ ညောင်လေးပင်မြို့ကို ရပ်ကွက် (၁/၂/၃/၄/၅)ဟူ၍ ဖွဲ့စည်းခဲ့ပါသည်။
 
'''===တည်နေရာနှင့်အကျယ်အဝန်း'''===
ညောင်လေးပင်မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၆ဒီဂရီ ၅၉ မိနစ်နှင့် ၁၈ဒီဂရီ ၁၂မိနစ်၊ အရှေ့လောင် ဂျီတွဒ် ၉၆ဒီဂရီ ၃၆မိနစ်နှင့် ၉၆ဒီဂရီ ၅၃မိနစ်တွင်တည်ရှိပါသည်။ အရှေ့မှအနောက်သို့(၂၁)မိုင်နှင့် တောင်မှ မြောက်သို့(၂၀)မိုင် ရှည်လျားပါသည်။ညောင်လေးပင်မြို့ နယ်နှင့် မြို့တို့၏ဧရိယာစတုရန်းမိုင်မှာ
::ညောင်လေးပင်မြို့- ၂.၀၁၄
::ပြွန်တန်ဆာမြို့- ၀.၅၈၅
::မဒေါက်မြို့- ၀.၅၃၁
::ပိန်းဇလုပ်မြို့- ၀.၆၉၀
::မြို့ဧရိယာစတုရန်းမိုင် ၁၀.၀၃မိုင်၊ ကျေးရွာအုပ်စုဧရိယာ စတုရန်းမိုင် ၂၇၂.၈၁မိုင်၊ မြို့နယ်ဧရိယာစတုရန်းမိုင် ၂၈၂.၈၄မိုင် တို့ဖြစ်ပါသည်။
 
'''ပညာရေး'''
 
'''===ပညာရေး'''===
ညောင်လေးပင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်းများ၊ အခြေခံပညာမူလတန်းကျောင်း များစွာ ရှိသည်။ ထင်ရှားသော အခြေခံပညာအထက်တန်းကျောင်းများမှာ
 
Line ၁၁၅ ⟶ ၁၁၄:
 
 
'''===ကျန်းမာရေး'''===
 
ညောင်လေးပင်မြို့နယ်တွင် ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများပေါများသောကြောင့် ပဲခူးတိုင်းဒေသကြီး(အရှေ့) တွင် [[ပဲခူးမြို့နယ်]] [[တောင်ငူမြို့နယ်]] တို့ပြီးရင် တတိယ ကျန်းမာရေးအဆင့်အတန်းအမြင့်မားဆုံးမြို့နယ်ဖြစ်ပါသည်။
 
 
# ညောင်လေးပင်ပြည်သူ့ဆေးရုံ၊ ညောင်လေးပင်မြို့
 
# ပြွန်တန်ဆာတိုက်နယ်ဆေးရုံ၊ ပြွန်တန်ဆာမြို့
 
# ပိန်းဇလုတ်တိုက်နယ်ဆေးရုံ၊ ပိန်းဇလုတ်မြို့
 
# မဒေါက်တိုက်နယ်ဆေးရုံ၊ မဒေါက်မြို့
 
# ရွှေရည်လင်းအထူးကုဆေးရုံကြီး၊ ညောင်လေးပင်မြို့
 
# ဝင်းအထူးကုဆေးရုံကြီး၊ ညောင်လေးပင်မြို့
 
# သီတဂူစက္ခုဒါနမျက်စိဆေးရုံကြီး၊ ညောင်လေးပင်မြို့
 
# ဇီဝိတဒါနသံဃာ့ဆေးရုံ၊ ညောင်လေးပင်မြို့