"ရှေးဟောင်းမြိုလူမျိုး" ၏ တည်းဖြတ်မှု မူကွဲများ

၂၈၉ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၂ လ
 
== အမျိုးသားဝတ်စားဆင်ယင်မှု ==
[[ဖိုင်:Mro man bine of knot style.jpg|thumb|258x258px|ယခင်ကမြိုအမျိုး သားရိုးရာ သျှောင်ထုံးကြပုံ ၁၉၉၀-ခုနှစ်|link=Special:FilePath/Mro_man_bine_of_knot_style.jpg]]
မြို အမျိုးသားများသည် သျှောင်းထုံး ကိုးသေသပ်ကျနစွာ ထုံးကြပါသည်။ သျှောင်ထုံး တွင် ဘီးစိုက်ထားလည်းရှိပါသည်။ အိမ်ထောင်ကျပြီး သားများသည် ဘီးစိုက်ခြင်းအစား ဦးခေါင်းတွင် နှစ်ကိုက်မျှရှည်သော အဝတ်ဖြူစကို[[ခေါင်းပေါင်း]]အဖြစ်ပေါင်းကြသည်။ သျှောင်ထုံးတွင် ဆံထိုးများလည်း ထိုးစိုက်လည်းရှိပါသည်။ နားတွင် လူပျိုများက ပန်းပွင့်အနီ ၊ ချည်ပိုးအနီကိုများသောအားဖြင့်(နပက်)ကွင်းတွင်တပ်ဆင်ဆွဲလေ့ရှိကြပါသည်။ အိမ်ထောင်ရှင် ယောကျ်ားများကမူ နားကွင်းပြားရိုးရိုးကိုပင် ဆွဲကြသည်။ မျက်မှာပြင်ပေါ်တွင်လည်းကောင်း ၊ နဖူးပေါ်တွင်လည်းကောင်း ဆေးအနီရောင်ဖြင့် အကွက်အကွင်းများ ပြုလုပ်၍လည်း ခြယ်သတတ်ကြသည်။ လက်ကောက် ၊လက်ကြပ်များကို ဝတ်ဆင်ကြပြီး သန္ဓာစေ့ ပုတီးများကို လည်ဆွဲအဖြစ် တန်ဆာဆင်ကြသည်။ မြိုလူမျိုးများသည်ရှေးရှေးကခန္မာကိုယ်အထက်ပိုင်းတွင်အဝတ်မဲ့နေလေ့ရှိကြသည်။ခါးအောက်ပိုင်းတွင်အနံတစ်ကိုက်ကျော်မျှရှည်သော အဝတ်စကို ခါးတောင်းကျိုက်လျက် ဝတ်ဆင်ကြသည်။ အစွန်းနှစ်ဖက်ကိုရှေ့တစ်စ နောက်တစ်စချကာ ဝတ်ဆင်ကြပါသည်။<ref>ရှုဒေါင့်ၐျာနယ် စာမျက်နှာ (၃၅)</ref>ယခုအခါတွင်မြန်မာအမျိုးသားများကဲ့သို့ပင် ရှပ်အကျ်ီ နှင့်လုံချည်ကို ဝတ်ဆင်လာကြသည်။ သက်ကြီးရွယ်အိုများသည် လက်နှစ်ဖက်မပါသော ပခုံးတစ်ဆက်တည်း ဂျပ်ခုတ်တိုက်ပုံအကျ်ီ တို ဝတ်ဆင်ကြသည်။ အုပ်ချုပ်သူအကြီးအကဲများမှာ သာမန်အရပ်သားထက်အနည်းငယ်အဖိုးတန်သော အဝတ်ကို ဝတ်ဆင်လေ့ရှိသည်။
 
(စားယှာမ်ခင်) သည် ကောက်ပဲသီးနှံများ ဖူးပွင့်စအချိန်တွင် ပြုလုပ်လေ့ရှိပါသည်။ ထိုအခင်းသည် အသီးအနှံများ အထွက်ကောင်းနိုင်ရန် နှင့် တောတိရိစာ္ဆန် များမပျက်စီးရန် ဖြစ်သည်။ အခင်းပြုလုပ်ပုံမှာ ကောက်ညှင်းအနက်တစ်ဗူးကို ရေစိမ်ထားရသည် ထိုကောက်ညှင်းမည်းနက်ရည်ကို ဝါးတစ်ဆစ်တွင်အပြည့်ထည့်ကာ ကြက် နှင့်အတူ ယာခင်းကို သွား၍ ယာခင်းပတ်ပတ်လည်ဖြန့်ရသည်။ ယာခင်း ပတ်ပတ်လည်ဖြန့်ပြီးပါက ယာခင်းတွင် စိုက်ပျိုးထားသည့် [[စပါးလင်|စပါးပင်]] တစ်မျိုးမှ တစ်ပင်၊ ကောက်ပဲသီးနှံများ တစ်မျိုးမှ တစ်ပင်စီစုဆောင်းရသည် ၎င်းပစ္စည်းတစ်မျိုးစီသည် ပိန်းရွက်ပေါ် ပုံထားပြီး ကြက်သွေးဖြင့်ပူဇော်ရသည်။ ယာခင်းတွင် ပူဇော်ပြီးပါက (တောင်ယာမှကျောက်ဖရုံညွန်းခူးလာပြီးထိုကြက်ကောင်ကိုကျောက်ဖရုံညွန်းနဲ့ချက်စားရသည်မှာအလွန်ပင်မြိန်သည့်ဟင်းပွဲတစ်ခွက်ဖြစ်သည်)။ တစ်ဖန်ရွာအလယ်တွင်ယဇ်ပူဇော်ရန်ပလ္လင်ဆောက်သည်။၎င်းစင်ပေါ်တွင်တစ်ရွာလုံးကောက်ပဲသီးနှံအမျိုးအစားအသီးသီးကိုကြက်တစ်ကောင်စီနှင့်အတူယူဆောင်လာကြ၏။တစ်ရွာလုံး၏ကောက်ပျိုးပင်စုံပြီဆိုပါက ဓလေ့ရိုးရာ သိနားလည်သူ သက်ကြီးသူတစ်ဦးမှ ဆုမွန်ကောင်း တောင်းပြီး ၎င်း ကောက်ပျိုးပင်များအား ကြက်သွေးဖြင့်ပူဇော်ပသပြီးပြီဆိုလျှင်မိမိကြက်ကောင်ကိုလာယူကြပါသည်။ထိုပွဲအခင်းသည်သုံးရက်ကြာသာပြုလုပ်ကျင်းပသည်။ထိုအခင်းအတွင်းလည်းအပြင်ဧည့်သည်ကိုကျေးရွာအတွင်း ဝင်ခွင့်မပြု ၊ ဝင်မိပါက ကြက်အကောင် တစ်ရာ နှင့် ဝက် ငါးဆုပ် တစ်ကောင် ပေးလျော်ရသည်။ ထိုအခင်းတွင်ရိုးရာ [[ကောက်ညှင်း]] မှုန့်ဖက်ထုပ်ကို အိမ်တိုင်းပြုလုပ်ကြသည်။ သုံးရက်လွန်မှသာ အခင်းပြီးမြောက်သည်ဟု ဆိုနိုင်သည်။
== ဈာပန အခမ်းအနား ==
[[ဖိုင်:မြိုအသုပအခမ်းအနား.jpg|thumb|386x386px|မြို လူမျိုး တို့ အသုဘ အခမ်းအနားနှင့် ဆောင်ရွက်ပုံ။]]
မြိုထုံးတမ်းစဉ်လာအရ ရွာတစ်ရွာတွင် လူတစ်ဦးသေဆုံးလျှင် တစ်ရွာလုံးအလုပ် မသွားကြ ဘဲ အသုဘအ ခမ်းအနား တွင်ပါဝင်ရသည်။ အသုဘသည် တစ်ရက်မှ သုံးရက် ထားရသည် အကယ်၍ ရွာသူကြီး ၊ တစ်ရွာ၌ အကြီးအကဲ သေဆုံးနေလျှင် ရပ်ဝေးက ဆွေမျိုးများ အသုဘသို့လာ တွေ့နိုင်ရန် သုံးရက် ထားရသည်။ သာမန်လူဆိုလျှင် တစ်ရက် သာထားရသည်။ ထို အသုဘ ညများတွင်း ညတိုင်း လူပျို၊ အပျို၊ မင်းကျွန် များက ရိုးရာ စောင် နှင့် တုရိယာ ပလုံ တို့ဖြင့် သီချင်းကျူးဧကြရင်း စောင့်လေ့ရှိသည်။ မြို ထုံးတမ်းအရ လူတစ်ဦးက အကြောင်း အမျိုးမျိုးကြောင့်ရွာ၏အပြင်၌ သေဆုံးနေလျှင် ကျေးရွာ ထဲတွင်် လုံးဝ ဝင်သွင်းလေ့မရှိ ၊ ထိုအပြင် ကြိုးဆွဲချသေဆုံး သူများကို သချၤိုင့်တွင် မြေမြှုပ်ထားလေ့မရှိ ။<ref>British Burma Gazetteer .Vol.ll in 1879 ,P,425, 68.</ref> <ref>Captain .G. Rigby, History of Operations in Notherns in Arakan and Yawdwin Chin Hills , Rangoon, 1897,P.80</ref>၇ ရက်မပြည့်သေးသည့် နို့စို့ကလေး သေဆုံးလျှင်လည်း သချၤိုင့် တွင် မြှုပ်လေ့မရှိ။
အကယ်၍ သေဆုံးသူကို မီးသင်္ဂြိုလ်မည်ဆိုလျှင် ကျေးရွာတွင် အိမ်တိုင်း ထင်းတစ်ချောင်း ကျ ပါဝင်ထည့်ပေးလေ့ရှိသည် ။ လူတစ်ဦးသေ ဆုံးတိုင်း ခွေးတစ်ကောင်သတ်ပေးလေ့ရှိသည် ။ အကြောင်းမှာ ခွေးသည် ဝိညာဉ် သွားလိုသည့်နေရာ ကို လမ်းပြပေး ရန်အတွက်ဖြစ်သည်။ <ref>G,Hughes <nowiki>'' Hill Tracts of Arakan ,''</nowiki> Rangoon ,1881, P, 23</ref>ယင်းအသုဘ အခမ်းအနားတွင် ပါသော သူများအတွက် အိမ်ရှင်မှ ဝက်တစ်ကောင် သတ်ရသည်။ထိုကြောင့်ပင် မြို တိုင်းရင်းသား တို့၏ အိမ်တိုင်း ကြက်၊ ဝက်၊ ခွေး ကမရှိမဖြစ် မွေးမြူရသည်။ ထို့ပြင် အသုဘ အခမ်းအနားကို သွားကြသည့် သူများအိမ် ပြန်လာလျှင် အိမ်ပေါ် မတက်ခင် မီးဖိုက ပြာကို လှေကားရင်း မှာထားရသည့်အပြင် ခြေ ၊လက်မှာ ပြာမုန့် ဖြင့် ဆေးကြောလေ့ရှိသည်။ ဘာကြောင့် မီးဖိုပြာမုန့် ဖြင့် အသုဘပြန်လာသည့်အခါ တွင် ဆေးကြောရသလဲ ဆိုလျှင် ရိုးရာ ပုံပြင်အရ ရှေးရှေး က မြို လူမျိုးသည် သေဆုံးသူများကို သေဆုံးသည် ဟု မဆိုပေ ၊ လူတစ်ဦးသည် ခန္ဒာကိုယ်လဲ သည်ဟု သာခေါ်ပြီး ၇ ရက် တစ်ပတ်ဆိုလျှင် ပြန်လာသည် ဟု ဆိုကြသည်။ ယင်းပုံပြင်တွင် ဤသို့ ဆိုပါသည် တစ်နေ့တွင် ဆွေးမ ၏ယောက္ခထီး က မသေဆုံးခင် ဆွေးမ ကို မှာထားသည်(၇)ရက်တစ်ပတ်ပြည့်လျှင်ပြန်လာမည်အရုပ်ဆိုးမည်ဖြစ်သည့်အတွက်ရေနွေးအိုးတည်ထားပါဟုမှာထားအပြီးသေဆုံးသွားသည် ။ ဆွေးမသည် ယောက္ခထီးမှာထားသည် အတိုင်း (၇) ရက်ကို စောင့်နေ၍ (၇) ရက်ပြည့်ညနေပိုင်း မီးဖို မှ ထွက်လာပြီး ငါ့ဆွေး မ ငါပြန်လာပြီရေချိုးပေးပါဦး လို့ ပြောလာသည်ကို ကြားသည် နှင့် လှမ်းကြည့် ရာ .ဆွေးမသည် .တစ်ခါတည်းထိပ်လန့်ပြီး ယောက္ခထီးမဟုတ်ဘူး သရဲ ဟု ဆိုကာ မီးဖိုက ပြာဖြင့် ပစ်ပေါက်လိုက်သည် ။ ထိုအခါအဖိုးအိုသည် ဤသို့ မှာကြားသည် လူသားသည် သေဆုံးပြီးလျှင် ပြန်လာမည်မဟုတ်ကြောင်း ပြော ပြီး ပြန်သွားလေ၏ ဟု ဆိုပါသည်။ ထိုအျိန်မှစ၍ ယနေ့တိုင်လူသားသည် သေဆုံးပြီးလျှင် ပြန်မလာတော့သည် ဟု ယူဆကြလေသည်။
၄၄၅

တည်းဖြတ်မှုများ