အေဂျင်ပင်လယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
→‎အေဂျင်ပင်လယ်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၃ -
'''အေဂျင် ပင်လယ်''' ('''အဂျီးယန် ပင်လယ်''') ([[ဂရိဘာသာ|ဂရိ]] Αιγαίο Πέλαγος; [[အင်္ဂလိပ်ဘာသာ|အင်္ဂလိပ်]] Aegean Sea, IPA: /ɪˈdʒiən/) သည် [[ဥရောပတိုက်]] အရှေ့ဖက်ရှိ [[ဂရိနိုင်ငံ|ဂရိ နိုင်ငံ]]နှင့် အာရှတိုက် အနောက်ဖက်ရှိ [[တူရကီနိုင်ငံ|တူရကီ နိုင်ငံ]]တို့ ကြားတွင် တည်ရှိသည်။ ရှေးခေတ် ဂရိမြို့ပြနိုင်ငံများ ကာလကတည်းက ဂရိအချင်းချင်းသော်လည်းကောင်း၊ ဂရိတို့ နှင့် အရှေ့ဖက် အာရှတိုက်မှ ဖိုနီးရှန်းများ၊ အာရပ်များနှင့်လည်းကောင်း ကုန်သွယ်မှုနှင့် စစ်ရေးတို့တွင် အလွန်အရေးပါလှခဲ့သော ပင်လယ်ဖြစ်ပါသည်။
 
မြေထဲပင်လယ်၏ ပင်လယ်ကွေ့၊ သို့မဟုတ် လက်တက်ဖြစ်၏။ ယင်းသည် အနောက်ဘက်နှင့် မြောက်ဘက်တို့၌ ဂရိနိုင်ငံ၊ အရှေ့ဘက်၌ [[အာရှမိုင်းနား]]နှင့် တောင်ဘက်၌ ကရိကျွန်းတို့၏ အကြားတွင် တည်ရှိသည်။ အီးဂျီးယန်းပင်လယ်သည် မိုင် ၄ဝ၁ ခန့် ရှည်လျား၍၊ အကျယ်ဆုံး နေရာတွင် ၁၇၅ မိုင် ရှိ၏။ အရှေ့မြောက်ဘက်တွင် မာမာရာပင်လယ်နှင့် ဒါးဒနဲ ရေလက်ကြားအားဖြင့် ဆက်လက် ရှိသည်။
 
အီးဂျီးယန်းပင်လယ်အတွင်း ကျွန်းများ ပေါများလှရကား သင်္ဘောများသည် ယင်းတို့ကို ရှောင်တိမ်း ကူးသန်းသွားလာရ သည့်အတွက် အတန်အန္တရာယ် ထူပြော၏။ ထိုကျွန်းအများ အပြားသည်ထိုကျွန်းအများအပြားသည် မီးတောင်များကြောင့် ပေါ်ထွန်းလာသော ကျွန်းများဖြစ်၏။ အချို့ကျွန်းများသည် ဂရိပုံပြင်နှင့် သမိုင်းတို့တွင် ထင်ရှား၏။ ဥရောပတိုက် ယဉ်ကျေးမှု စတင်ပေါက်ဖွားရာ ဒေသလည်း ဖြစ်၏။
 
အရေးပါသောကျွန်းများတွင် ကရိကျွန်း၊ ဒိုဒီကန်နီးကျွန်းများ၊ ဒဲလောကျွန်း၊ ဆေးမော့ကျွန်း၊ လက်စဗော့ ကျွန်း၊ လင့်မနော့ကျွန်း၊ ပတ်တမော့ကျွန်းနှင့် ရုတ်ကျွန်းတို့ ပါဝင်၏။