မြို(ခမိ)လူမျိုး: တည်းဖြတ်မှု မူကွဲများ

ပြန်လည် ဖြည့်စွပ်ရန်လိုအပ်
No edit summary
စာကြောင်း ၁၃၄ -
 
မိန်းကလေးမိဘများမှ ‘အဘုံရွှီ’ မင်္ဂလာပွဲပြုလုပ်ပြီး ချွေးမဖြစ်သူကိုအိမ်သို့ ပြန်ခေါ်သွားသည်။ ဤသို့ ပြန်ခေါ်သွားရခြင်းမှာ သမီးကို ပေးသင့်ပေးထိုက်သော ပစ္စည်းများကို အမွေပေးရန်နှင့် သမက်ရှင်ဆွေမျိုးတို့အား မိမိတို့က တဖန်ပြန်လည်ဧည့်ခံကျွေးမွေးရန် ဖြစ်လေသည်။ ထိုသို့ ချွေးမဖြစ်သူအား မိဘတို့ခေါ်သွားပြီး လေးငါးရက်အကြာတွင် ယောကျာ်း ဖြစ်သူက ဇနီးဖြစ်သူအား ခေါ်ယူရန် ဆွေမျိုးအပေါင်းအသင်းတို့အား ဖိတ်ခေါ်၍ လာကြသည်။ ၄င်းကို ‘အဘုံလာ’ ဟုခေါ်သည်။
[[ဖိုင်:ရှေးမြိုလူမျိုး မြောက်ဦး.jpg|thumb|မြောက်ဦးခေတ်တွင် တွေ့ရသော ရှေးမြိုလူမျိုး ခေါင်ရည်သောက်နေသောပုံ။]]
 
အဘုံလာ သွားရာ၌ သမက်ဖြစ်သူက ယောက္ခမအတွက် ခေါင်ရည်ငင်ပြီး ယူသွားရသည်။ ယခုခေတ်တွင် အချို့က နို့ဆီများ ယူဆောင်သွားကြသည်။ ငယ်စဉ်တောင်ကျေးက တိုက်ကျွေးသော မိခင်နို့ရည်ကို ပေးဆပ်ခြင်းအဓိပ္ပါယ်ဟု ဆိုကြသည်။ ပေးရန်ကျန်သော အသွင်းငွေနှင့် ကြက်များကိုလည်း ယူသွားရသည်။တချို့မျိုးနွယ်စုများတွင် ကြက်များကို ယောက္ခမဆွေမျိုး ညီအစ်ကိုများကို တစ်ကောင်စီ အသေသတ်၍ ပို့ကြရသည်။ ယောက္ခမအိမ်သို့ ရောက်သောအခါ ယောက္ခမက သမက်ဆွေမျိုးများနှင့် မိမိတို့ဆွေမျိုးသားသမီးများကို မိတ်ဆက်ပေးသည်။ သမီးနှင့် သမက်အတွက် မိမိတို့ကိုယ်တိုင်ရက်သော ‘ပဂျင်း’ ခေါ် မြို စောင်ထူကြီးကို ငါးထည်မှ ခုနှစ်ထည်ကိုလည်းကောင်း၊ ‘IeLienq’ ခေါ် “ရင်ကပ်”များကိုလည်းကောင်း၊ ‘Ienau’ ခေါ်ထဘီများကိုလည်းကောင်း လက်ဖွဲ့ပေးကြသည်။ တချို့တတ်နိုင်သောသူတို့က သမီးနှင့် သမက်တို့အတွက် ကျွဲ၊ နွားများကို အမွေပေးကြသည်။ ‘အဘုံလာ’ မင်္ဂလာပွဲအပြီး ပြန်ကြမည့် နံနက်တွင် သမီးသမက်တို့အတွက် ‘Awla’ ခေါ် စွယ်စုံဝက်ကောင်ကြီးကြီးကို သတ်၍ ထက်ဝက်ကိုချက်ပြုတ်ကျွေးမွေးပြီး ထက်ဝက်ကိုအိမ်ပြန််လက်ဆောင် ထည့်ပေးလေသည်။<ref>ထင်းအောင် ( ကျောက်တော်)၊ ဘဝပုံရိပ်များ၊ (Grace စာပေ၊ ၂၀၁၆)၊ စာ-၁၆၈-၁၇၃။</ref>
Line ၁၅၁ ⟶ ၁၅၂:
 
မြိုလူမျိူးတို့၏ အသုဘ စီရင်ရေးတွင် ရှေးဦးစွာ ဗုဒွတ် (Budoe) တစ်ယောက်နှင့် ခွတ်ယာ (Khoejaq) တစ်ယောက်စီ ထားရသည်။ ဗုဒွတ်အမည် ခံသူသည် သေသောသူ အလောင်း၏ ခြေ၊ လက်, မျက်နာတို့ကို ရေနွေး ဖြင့် ဆေးကြောသုတ်သင်၍ အဝတ်တန်ဆာ သစ်တို့ကို ဝတ်ဆင်ပေးရသည်။ ထိုအချိန်မှ စ၍ ဗုဒွတ် နှင့် ခွတ်ယာ တို့ သည် သာမှန်သူတို့အနှင့် အတူတကွ စားသောက်နေထိုင် ခြင်း မပြု ရချေ။ သေသူ၏နားနှစ်ဘက်တွင် ထစ်ထွာခန်းရှိ သံစူးနှစ်ချောင်း ကိုဖြစ်စေ၊ ဝါးစိပ်ခြမ်းကို စူးလုပ်၍ ဖြစ်စေ၊ တစ်ဘက် တစ်ခုစီ နှစ်ချောင်း ထောင်ထားရလေသည်။ ချည်ဖြူ တစ်လိပ်ကိုလည်း တလားချည် အဖြစ် ခြေရင်းဘက်တွင် ထားပေးရသည်။ တစ်ဘဝ မှ တစ်ဘဝသို့ ကူတိုးကူရန် အတွက် ကူတိုးခအလို့ငှါ ငွေများကို မိဘဆွေမျိုး မိသင်္ဂတို့ကသေသူ၏ရင်ဘက်ပေါ်တွင် တင်ထားပေးထားကြသည်။ အလောင်းထားရန်ခေါင်းကို ဗုဒွတ်လုပ်သူက သေသူ၏ အရပ် အမောင်းအတိုင်း ၊ နှီးဝါးဖြင့် ဖြစ်စေ၊ သစ်သားတို့ဖြင့်ဖြစ်စေ ဆွေမျိုးတို့နှင့် ပြုလုပ်ကြရသည်။ ပြုလုပ်ပြီးသောအခါ အလောင်းကို ခေါင်းသွင်းရန်အတွက် ဗုဒွတ်ဆိုသူက ဝါးဆစ်နှစ်ဆစ်ရှိသော ဝါးပိုင်းနှစ်ပိုင်းကို ယူ၍ အလယ် ဆစ်ဖောက် ပြီး ဝါး နှစ်လုံး ပူချည်၍ ရေဖြည့်အလောင်း ရေချိုးရန် ရေနွေးထမင်းချက်ရသည်။
[[ဖိုင်:မြိုလူမျိုးတို့ အသုဘ ချခြင်း မီးရှိုးခြင်း.jpg|thumb|မီးရှိုးခြင်း]]
[[ဖိုင်:ရှေးမြိုလူမျိုး မြောက်ဦး.jpg|thumb|မြောက်ဦးခေတ်တွင် တွေ့ရသော ရှေးမြိုလူမျိုး ခေါင်ရည်သောက်နေသောပုံ။]]
 
ဟင်းအတွက် ကြက်ငယ်တစ်ကောင်ကိုယူ၍ အလောင်းမသွင်းရသေးသော ခေါင်းတွင် ရိုက်သတ်ရလေသည်၊ အမွှေးနှုတ်၊ မီးပြ ၊ ကျောကုန်းမှခွဲအူနှုတ်ပြီးချက်သည်။ အလောင်းခေါင်းမသွင်းမီဧည့်သည်များ စားသောက်ရန် ဝက်ကြီးတစ်ကောင်ကိုသတ်၍ ဗုဒွတ် ဆိုသူက ဝက်သွေးကိုယူပြီး ခေါင်းတွင်ကင်းပွန်းတိုက်ရသည်။