ဘဏ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး robot Adding: ar, arz, az, bat-smg, be-x-old, bg, bs, ca, cs, cv, cy, da, de, el, eo, es, et, eu, fa, fi, fr, gd, gn, gu, hak, he, hi, hr, hu, ia, id, io, is, it, ja, ka, kn, ko, la, lb, lt, lv, mk, mn, ms, nl, nn, no, nrm, pl, pt, qu, ro, ru, sah, s
အရေးမကြီး robot Adding: ps:بانک; cosmetic changes
စာကြောင်း ၃ -
 
ဘဏ်တစ်ခုသည် ငွေကြေးကြားခံလုပ်ငန်းတစ်ခုဖြစ်သည်။ အပ်နှံငွေများကိုလက်ခံ၍ ချေးငှားလိုသည့် လုပ်ငန်းများသို့ ထိုအပ်နှံငွေများကိုချေးငှားနိုင်ရန် လမ်းဖေါက်ပေးလိုက်ခြင်းဖြစ်သည်။ ဘဏ်များသည် ငွေကြေးစံနစ်၏ အခြေခံ အကျဆုံးသော အစိတ်အပိုင်းဖြစ်သလိုငွေကြေးစျေးကွက်တွင်လည်း အရေးပါသောကစားသမားတစ်ယောက်ဖြစ်သည်။
ဘဏ်တစ်ခု၏အထင်ကရအခန်းကဏ္ဍမှာငွေအရင်းအနှီးရှိသူများ (ရင်းနှီးမြှပ်နှံသူများ သို့မဟုတ် ငွေအပ်နှံသူများ ကဲ့သို့သော)ငွေလုံးငွေရင်း လိုက်လံရှာဖွေသူများ (တစ်ဦးချင်းတစ်ယောက်ချင်း ချေးငွေရယူလိုသူများ သို့မဟုတ် လုပ်ငန်းတိုးချဲ ့လိုသူများ )နှင့် ချိတ်ဆက်ပေးခြင်း ဖြစ်သည်။ဘဏ်လုပ်ငန်းသည် ယေဘူယျအားဖြင့် အဆင့်မြင့်၍စည်းကမ်းကျနသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး၊ ဘဏ်များဖြင့် အစိုးရ၏ ငွေကြေးလုပ်ဆောင်မှုများအပေါ်ကန့်သတ်ချက်များသည် အချိန်နှင့်နေရာဒေသ အပေါ်တွင် ကွဲပြား လျက်ရှိသည်။
 
ကမ္ဘာနှင့်အဝှန်းစံနှုန်းများ၏လက်ရှိသတ်မှတ်ထားချက်ကို ဘေဆယ်-၂ (Basel II) ဟုခေါ်ဆိုသည်။ [http://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%AC%E1%80%99%E1%80%94%E1%80%AE ဂျာမနီ]ကဲ့သို့သော နိုင်ငံများ တွင် ဘဏ်များသည် သမိုင်းနှင့်ချီ၍ စက်မှု ကော်ပိုရေးရှင်းများတွင် အဓိကငွေကြေးတာဝန်များကို ပိုင်ဆိုင်ထားကြပြီး၊ [http://my.wikipedia.org/wiki/%E1%80%A1%E1%80%99%E1%80%B1%E1%80%9B%E1%80%AD%E1%80%80%E1%80%94%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF အမေရိကန်]နိုင်ငံကဲ့သို့သော အချို ့ သောနိုင်ငံများ၏ဘဏ်များကို ငွေကြေးနှင့်မသက်ဆိုင်သည့်ကုမ္ပဏီများမှ ပိုင်ဆိုင်ခွင့်ကို တားဆီး ပိတ်ပင်ထားသည်။ [http://my.wikipedia.org/wiki/%E1%80%82%E1%80%BB%E1%80%95%E1%80%94%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6 ဂျပန်]တွင် ဘဏ်များသည် ပုံမှန်အားဖြင့် မျဉ်းသားအစုရှယ်ရာဦးပိုင်မှု၏ နောက်ဆက် တွဲတစ်ခုဖြစ်ပြီး၊ ကေးရဲ့စု (keiretsu) အဖြစ်သိရှိထားသည်။ [http://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%9E%E1%80%85%E1%80%BA ပြင်သစ်]တွင် ဘဏ်အာမခံသည် ခေတ်စား သည်။ အများဆုံးသော[http://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%9E%E1%80%85%E1%80%BA ပြင်သစ်]ဘဏ်များသည် သူတို့၏ဖောက်သည်များအတွက် အာမခံအကျိုးဆောင် လုပ်ငန်းများ (နှင့် ယခု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ) ဆောင်ရွက်ပေးသည်။
လက်ရှိအများဆုံးလမ်းကြောင်းသည် ယူနီဗာဆယ်ဘဏ်များ၏ ရှေ့ရောက်နေမှုများဖြစ်သည်။ ထိုဘဏ်များသည်သူတို့၏ဖောက်သည်များအား နေရာတစ်ခုထဲတွင် ငွေကြေးလုပ်ငန်းမျိုးစုံကို အားလုံးပြီးအောင်
ဆောင်ရွက်ပေးသည်။ တည်ရှိနေဆဲ သက်တမ်းအရင့်ဆုံးဘဏ်သည် မွန်တီ ဒေ ပတ်ချီ ဒီ ဆီးနာ (Monte dei Paschi di Siena) ဖြစ်ပြီး၊ ၁၄၇၂မှစ၍ [[အီတလီနိုင်ငံ]]၌ အစဉ်အဆက်လုပ်ငန်း ဆောင်ရွက်နေသည်။
 
== ဘဏ်လုပ်ငန်း ==
 
'''ဆောင်ရွက်မှုစံနမူနာများ'''
စာကြောင်း ၂၁ -
ထက်လုံလောက်သည့် အစားထိုးမှုတစ်ခု မဟုတ်ဟု သာမန်အားဖြင့်သုံးသပ်ကြသည်။
 
ဘဏ်များသည် အိမ်ထောင်စုများ နှင့် ငွေကြေးမပါဝင်သည့်လုပ်ငန်းများမှ ရံပုံငွေများကို ချေးယူပြီး၊ အိမ်ထောင်စုများ နှင့် ငွေကြေးမပါသည့်လုပ်ငန်းများသို့ ရံပုံငွေများချေးငှားသည်။ သို့သော် ဘဏ်မဟုတ်သည့် ငွေထုတ်ချေးသူများတွင်ရှိသည့် ထူးခြားမှုတစ်ခုမှာ၊ ဘဏ်ချေးငွေများ၊ ငွေကြေးဈေးကွက် ရံပုံငွေများ၊ ငွေသားယုံကြည်အပ်နှံခြင်းများ နှင့် အခြားသော ဘဏ်မဟုတ်သည့် အပ်နှံငွေလက်ခံသော ငွေကြေးအဖွဲ့အစည်းများ အတွက် လုံလောက်စွာအစားထိုးနိုင်ခြင်း ဖြစ်သည်။ ကိစ္စရပ်အများစုတွင် ဘဏ်မဟုတ်သည့် ငွေချေးငှားသူများသည် ငွေစုငွေချေးများအတွက် ဘဏ်နေရာတွင် လုံလောက်စွာအစားထိုးနိုင်သည်။
 
== ပိုမိုကျယ်ပြန့်သည့်ကူးသန်းရောင်းဝယ်ရေးအခန်းကဏ္ဍ ==
 
ဘဏ်များ၏ကူးသန်းရောင်းဝယ်ရေး အခန်းကဏ္ဍသည် ဘဏ်လုပ်ငန်းအတွက် အကန့်အသတ်မရှိဖြစ်ပြီး၊ ၎င်းတို့တွင် –
စာကြောင်း ၃၄ -
# စာရွက်စာတမ်းနှင့်အခြားသော အရေးကြီးသည့်ပစ္စည်းများကို လုံခြုံ စွာသိမ်းနိုင်သည့်သေတ္တာများထဲတွင်ထဲ့၍ သိမ်းပေးထားခြင်း၊
# ငွေကြေးလဲလှယ်ခြင်း၊
# “ဘဏ္ဍာရေး စူပါမတ်ကက်” အဖြစ် ရောင်းချခြင်း၊ ဖြန့်ချီခြင်း သို့မဟုတ် ပွဲစားလုပ်ခြင်း၊ အကြံ ပေးမှုပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ အာမခံများ၊ ယုံကြည်အပ်နှံငွေများ နှင့် အလားတူ ဘဏ္ဍာရေးကိစ္စရပ်များ အတွက် ဆောင်ရွက်ပေးသည်။
 
== ဘဏ်များ၏အမျိုးအစားများ ==
ဘဏ်၏လုပ်ဆောင်မှုများကို တစ်ဦးတစ်ယောက်ချင်းများ၊ အသေးစားလုပ်ငန်းများနှင့် တိုက ရိုက်ထိ တွေ့ဆက်ဆံသည့် လက်လီဘဏ်လုပ်ငန်း၊ အလယ်အလတ်ဈေးကွက်စီးပွားရေးလုပ်ငန်းများကို ဝန်ဆောင်မှုပေးသည့် စီးပွားရေးဆိုင်ရာဘဏ်လုပ်ငန်း၊ အကြီးစားစီးပွားရေးလုပ်ငန်းအဖွဲ့ကြီးအား တိုက်ရိုက်လုပ်ပေးသည့် ကော်ပိုရိတ်ဘဏ်လုပ်ငန်း၊ ငွေအသားတင်များများရသည့် တစ်ဦး တစ်ယောက်ချင်းများ နှင့် မိသားစုများအတွက်ငွေကြေးစီမံဆောင်ရွက်ပေးသည့် ပုဂ္ဂလိဘဏ်လုပ်ငန်း၊ နှင့် ဘဏ္ဍာရေးဈေးကွက်များအပေါ် ဆက်စပ်သမျှလုပ်ဆောင်ပေးသည့် ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်း များအဖြစ် ခွဲခြားထားသည်။ အများစုသောဘဏ်တို့သည် အမြတ်ရရှိရေး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း များဖြစ်သည်။ သို့ရာတွင် အချို့ကို အစိုးရများမှပိုင်ဆိုင်သည် သို့မဟုတ် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများမှ ပိုင်ဆိုင်ကြသည်။
 
== လက်လီဘဏ်များ၏ပုံစံအမျိုးမျိုး ==
[[File:BankingSystems.3.jpg|thumb|alt=Bank|အမျိုးသားဘဏ် ဆော့လိတ်မြို ့ ၁၉၀၈]]
[[File:BankingSystems.4.jpg|thumb|alt=Bank|အေတီအမ် အယ်လ် ရာဂျီ ဘဏ်]]
စာကြောင်း ၄၅ -
 
* ကူးသန်းရောင်းဝယ်ရေးဘဏ် – သာမန်ဘဏ်တစ်ခုဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှုဘဏ်နှင့်မတူညီစေ ရန် ထူးခြားမှုတစ်ခုအဖြစ် ခေါ်ဝေါ်ခြင်းဖြစ်သည်။ စီးပွားရေးကပ်ကြီးဆိုက်ပြီးနောက်ပိုင်း၊ အမေရိကန်နိုင်ငံအထက်လွှတ်တော်သည် ဘဏ်များအား ဘဏ်လုပ်ငန်းကိစ္စရပ်များတစ်ခု တည်း တွင်သာ လုပ်ဆောင်ခြင်းကို လိုလားသည်။ ထိုအထဲတွင်ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှု ဘဏ်များသည် အရင်းအနှီးဈေးကွက် လုပ်ဆောင်မှုများအတွက် အကန့်အသတ်ဖြစ်နေသည်။ ထိုဘဏ်နှစ်ခုသည် သီးခြားပိုင်ဆိုင်မှုအောက်တွင် ကာလကြာမြင့်စွာ မရှိခဲ့စဉ်ကထဲမှ၊ လူအချို ့ သည် “ကူးသန်းရောင်းဝယ်ရေးဘဏ်” ဆိုသည့် စကားအသုံးအနှုန်းကို ကော်ပိုရေးရှင်းများ သို့မဟုတ် ကြီးမားသည့်စီးပွားရေးလုပ်ငန်းကြီးများမှ အပ်နှံငွေများ၊ ချေးငွေများနှင့် အများဆုံးထိတွေ့ရသည့် ဘဏ်တစ်ခု သို့မဟုတ် ဘဏ်တစ်ခု၏ဌာနခွဲ အား ရည်ညွှန်းပြော ဆိုရာတွင် သုံးစွဲခဲ့ကြသည်။
* မိသားစုဘဏ်များ - နေရာဒေသအတွင်းလုပ်ဆောင်သည့် ဘဏ္ဍာရေးအဖွဲ့အစည်းငယ်များ ဖြစ်ကြပြီး၊ ဖောက်သယ်များ နှင့် အကျိုးတူဆောင်ရွက်သူများ အတွက် ဆောင်ရွက်ပေးရန် ဘဏ်ပိုင်ရှင်အား ဒေသဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့်အာဏာ ပေးအပ်ထားသည်။
* မိသားစုဖွံ့ဖြိုးရေးဘဏ်များ – ဝန်ဆောင်မှုအားနည်းသေးသည့် ဈေးကွက်များ သို့မဟုတ် လူအများအတွက် ဘဏ္ဍာရေးဝန်ဆောင်မှုများ နှင့် မြီရှင် လုပ်ကိုင်ပေးသည့်ဘဏ်ဖြစ်သည်။
* ငွေစုစာတိုက်ဘဏ်များ - နိုင်ငံတော်စာတိုက်စံနစ်နှင့် တွဲထားသည့်ငွေစုဘဏ်များ။
* ပုဂ္ဂလိကဘဏ်များ - အသားတင်ရငွေမြင့်မားသည့် တစ်ဦးတစ်ယောက်ချင်းများ၏ပိုင်ဆိုင်မှု များကို ငွေကြေးစီမံပေးရသည့် ဘဏ်များဖြစ်သည်။
* ကမ်းလွန်ဘဏ်များ - ဥပဒေစံနစ်များအတွင်းတွင်ရှိပြီး၊ အခွန်အကောက်နည်းနည်း နှင့် စည်းစံနစ်ကျသည့် နေရာများတွင်ရှိသည့်ဘဏ်များ။ များစွာသောကမ်းလွန်ဘဏ်များသည် အနှစ်သာရအားဖြင့် ပုဂ္ဂလိကဘဏ်များဖြစ်သည်။
* ငွေစုဘဏ်များ - ဥရောပတွင် ငွေစုဘဏ်များသည် ၁၉ ရာစုနှစ်များထဲမှ အမြစ်တွယ်လာခဲ့ သည် သို့မဟုတ် တစ်ခါတစ်ရံ ၁၈ ရာစုနှစ်များထဲမှ ဖြစ်သည်။ သူတို့၏မူလရည်မှန်းချက် သည် လူ့အလွှာအားလုံးသို့ ငွေစုဆောင်းခြင်းအသီးအပွင့်များကို လွယ်ကူစွာရရှိနိုင်စေရန် ဖြစ်သည်။ အချို့သောနိုင်ငံများတွင် ငွေစုဘဏ်များသည် လူထုအစပြုမှုအပေါ်တွင် ဖန်တီးခဲ့ ကြသည်။ အခြားသောနိုင်ငံများတွင် လူမှုရေးလုပ်ငန်းလုပ်ရန် စိတ်ပိုင်းဖြတ်ထားသည့် တစ်ဦးတစ်ယောက်ချင်းများသည် လိုအပ်သည့်အခြေခံကောင်းများကို နေရာချထားရန် အခြေခံအုတ်မြစ်ချပေးခဲ့သည်။ ယနေ့ယခုတွင် ဥရောပငွေစုဘဏ်များသည် လက်လီဘဏ် များအပေါ် ပစ်မှတ်ထားကြသည် – တစ်ဦးတစ်ယောက်ချင်းများ သို့မဟုတ် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ငွေပေးမှုများ၊ စုဆောင်းခြင်း၏ရလာဒ်များ၊ အကြွေးပေးခြင်းများ နှင့် အာမခံများ ဆောင်ရွက်ပေးကြသည်။ ဤလက်လီပစ်မှတ်များမှအပ၊ ကျယ်ပြန့်စွာဗဟိုမှချုပ်ကိုင်မှုမရှိသည့် ဖြန့်ချီရေးကွန်ယက်ဖြင့် ကူးသန်းရောင်းဝယ်ရေးဘဏ် များနှင့် ခြားနားလျှက်ရှိပြီး၊ သူတို့၏ လုပ်ငန်းများနှင့်အဖွဲ့အစည်းအပေါ် လူမှုရေးတာဝန်သိ ချဉ်းကပ်မှုဖြင့် ဒေသအစိတ်အပိုင်း နှင့် ဒေသဆိုင်ရာ တိုးချဲ ့ နေရာများအထိ အလေးထား ကြသည်။
* ဆောက်လုပ်ရေးအသင်းအဖွဲ့ များ နှင့် အိမ်ခြံမြေဘဏ်များ - လက်လီဘဏ်လုပ်ငန်းဆောင်ရွက်သည့်အဖွဲ့အစည်းများ။
* ကျင့်ဝတ်ဆိုင်ရာဘဏ်များ - ဘဏ်လုပ်ငန်းများအားလုံး ထင်သာမြင်သာရှိရေးကို ဦးစားပေးပြီး၊ လူမှုရေးတာဝန်ရှိသောရင်းနှီးမြှုပ်နှံမှုများကို အထူးစဉ်းစားဆောင်ရွက်ပေးသည့် ဘဏ်များ ဖြစ်သည်။
 
== ရင်းနှီးမြှုပ်နှံမှုဘဏ်များ၏ပုံစံအမျိုးမျိုး ==
 
* ရင်းနှီးမြှုပ်နှံမှုဘဏ်များသည် “ငွေချေးသက်သေခံ” (ရောင်းချမှုအာမခံခြင်း) အစု နှင့် စာချုပ် ထုတ်ပေးသည်။ ထိုထုတ်ပေးမှုများသည် သူတို့ပိုင်ဆိုင်သည့်ငွေစာရင်းများ အတွက် ကုန်သွယ်ရန်၊ ဈေးကွက်ဖေါ်ဆောင်ရန်၊ နှင့် ပူးပေါင်းကုမ္ပဏီကြီးများ ကဲ့သို့သော အရင်းအနှီးဈေးကွက်လုပ်ဆောင်မှုများတွင် ကော်ပိုရေးရှင်းများအား အကြံပေးခြင်းများ ဆောင်ရွက်သည်။
* ကုန်သည်ဘဏ်များ - ကုန်သွယ်မှုဘဏ္ဍာရေးတွင် ပါဝင်နေသည့် အစဉ်အလာဘဏ်များ ဖြစ်သည်။ သို့ရာတွင် ခေတ်သစ်အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ချေးငွေများထက် အစုရှယ်ယာများကိုသာ ရင်းနှီးမြှုပ်နှံချင်သည့်ဘဏ်များကို ရည ညွှန်းသည်။ ဖက်စပ်အရင်း အနှီးလုပ်ငန်းနှင့်မတူညီဘဲ၊ ထိုဘဏ်များသည် ကုမ္ပဏီအသစ်များတွင်သာ ရင်းနှီးမြှုပ်နှံ လိုကြသည်။
 
== နှစ်မျိုးလုံးပေါင်းစပ်ထားသောဘဏ်များ ==
 
* ယူနီဗာဆယ်ဘဏ် – ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီများအဖြစ်လည်း သိရှိထားကြပြီး၊ များစွာသောငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် ပါဝင်ကြသည်။ ဤကြီးမားသည့်ဘဏ်များသည် ပုံစံမျိုးစုံရှိနေသည့် အုပ်စုများဖြစ်သည်။ အခြားသောဝန်ဆောင်မှုများထဲတွင်၊ အာမခံလုပ်ငန်းဆောင်ရွက်ပေးသည်။ ဤအကြောင်းကြောင့် အာမခံဘဏ် ဆိုသည့် ဝေါဟာရသည် “ဘဏ်” နှင့် “အာမခံ” စကားနှစ်လုံးကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ လုပ်ငန်းဆောင်ရွက်မှုတစ်ခုတည်းမှ ဘဏ်လုပ်ငန်းရော အာမခံလုပ်ငန်းကိုပါ ဆောင်ရွက်ခြင်းဖြစ်သည်။
 
== ဘဏ်များ၏အခြားသောပုံစံများ ==
 
* ဗဟိုဘဏ်များသည် ပုံမှန်အားဖြင့် အစိုးရပိုင်ဖြစ်ပြီး၊ ကူးသန်းရောင်းဝယ်ရေးဘဏ်များအား ကြီးကြပ်ပေးခြင်း သို့မဟုတ် အတိုးနှုန်းထိမ်းချုပ်ပေးခြင်း ကဲ့သို့သော စည်းကမ်းထိမ်းသိမ်းသည့်ဝတ္တရားအတိုင်း ဆောင်ရွက်သည်။ ထိုဘဏ်များသည် ဘဏ်စံနစ်များဖျက်သိမ်းခြင်းကို ယေဘူယျအားဖြင့် ဆောင်ရွက်ပေးပြီး၊ ငွေကြေးပြသနာ များကြံုတွေ့ရသည့်အချိန်တွင် နောက်ဆုံးအားထားရာဘဏ်ကြီးအဖြစ် လုပ်ဆောင် ပေးသည်။
* အစ္စလန်ဘဏ်သည် အစ္စလန်ဥပဒေသဘောထားအပေါ် အခြေပြုထားသည်။ ဤဘဏ်လုပ်ငန်း၏ ပုံစံသည် အစ္စလန်ဥပဒေဿများအပေါ် အခြေခံ၍ ကောင်းစွာတည်ဆောက်ထားသော စည်းမျဉ်းစည်းကမ်း များကို ဗဟိုချက်ပြုလည်ပတ်စေခြင်းဖြစ်သည်။ အားလုံးသောဘဏ်လုပ်ငန်းဆောင်ရွက်မှုများသည် အတိုးကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ အတိုးသည် အစ္စလန်တွင် တားမြစ်ထားသည့် ခံယူချက်တစ်ခု ဖြစ်သည်။ အတိုးယူသည့်အစား ဘဏ်သည်အမြတ် (ဈေးတင်ခြင်း) ယူထားပြီး၊ ဖောက်သယ်များ၏အတိုင်းအတာ အလျှောက် ငွေကြေးဝန်ဆောင်ခယူထားသည်။
 
== ရည်ညွှန်းကိုးကား ==
စာကြောင်း ၁၂၆ -
[[nrm:Banque]]
[[pl:Bank]]
[[ps:بانک]]
[[pt:Banco]]
[[qu:Qullqi wasi]]
"https://my.wikipedia.org/wiki/ဘဏ်" မှ ရယူရန်