စိန်တုံးမိဖုရား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာကြောင်း ၂ -
'''စိန်တုံးမိဖုရား'''သည် [[မင်းတုန်းမင်း]]၏ မိဖုရား ၆၄ ပါးတွင် "သီရိပုဗ္ဗာရတနာဒေဝီ"ဘွဲခံ မိဖုရားတစ်ပါးဖြစ်သည်။ ဖခင်မှာ ​လေးဦး​ဗိုလ်ဆိုင်ဖြစ်၍ မိခင်မှာ မင်းတုန်းမင်း၏ မယ်​တော် ​တောင်​ဆောင်​တော်မိဖုရား ​ကျောက်​မော်မြို့စား သီရိသုစန္ဒါ မလ္လာမ​ဟေ ၏ ညီမ​တော် အာလကပ္ပမြို့စား ဖြစ်သည်။ တပယ်မင်းသားနှင့် ​မောင်နှမရင်း ​တော်စပ်သည်။ မင်းတုန်းမင်း၏ တစ်ဝမ်းကွဲညီမတော် လည်းဖြစ်သည် ။ စလေမြို့နှင့် တလုပ်မြို့ကို စားရသည်။ မင်းတုန်းမင်း၏ သားသမီးမထွန်းကားသော မိဖုရား ၇ ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ [[သင်္ဂဇာဆရာတော်]] နှင့် ဝိဇယရာမ ဆရာတော် ၂ ပါးလုံး၏ ကျောင်းအစ်မ တစ်ဦးလည်းဖြစ်သည်။
 
မင်းတုန်းမင်း နတ်ရွာစံပြီးနောက်ပိုင်း ပေးသနားတော်မူခဲ့သော စိန်ရွှေငွေများနှင့် နန်းစဉ်ပစ္စည်းများကို စာရင်းသေချာစွာ မအပ်သဖြင့် အကျဉ်းကျခံရဖူးသည်။ အင်္ဂလိပ်များ မြန်မာနိုင်ငံကို[[စုဖုရားလတ်]]၏ သိမ်းယူပြီးနောက်မယ်တော် အောက်ပြည်ကို[[ဆင်ဖြူမရှင်]]၏ အန္တရာယ်ကို ရှောင်တိမ်းသည့်သဘောဖြင့် ဗြိတိသျှပိုင်အောက်ပြည်ကို စုန်ဆင်းကာ [[မော်လမြိုင်|မော်လမြိုင်မြို့]] သာယာကုန်းရပ်ရှိ အိမ်တစ်လုံးတွင် နေထိုင်ခဲ့သည်။ စိန်တုံးမိဖုရားသည် အင်္ဂလိပ်အစိုးရကပေးသည့် ပင်စင်လစာ ၁၅၀ ကျပ်နှင့် မိမိတွင်ရှိသည့်ငွေ ပေါင်းကာ မြေနေရာဝယ်ယူခဲ့ပြီး အိမ်တော်ရာအတွင်းနေထိုင်ခဲ့သည်။
စိန်တုံးမိဖုရားသည် အင်္ဂလိပ်အစိုးရကပေးသည့် ပင်စင်လစာ ၁၅၀ ကျပ်နှင့် မိမိတွင်ရှိသည့်ငွေ ပေါင်းကာ မြေနေရာဝယ်ယူခဲ့ပြီး အိမ်တော်ရာအတွင်းနေထိုင်ခဲ့သည်။
 
၁၈၉၂ ခုနှစ်နောက်ပိုင်းတွင် မိဖုရာကြီး၏ ကျန်းမာရေး ချွတ်ယွင်းလာခဲ့သည်။ ခံစားနေရသော သွေးဝမ်းကျဝေဒနာကို ကုသရန် [[မန္တလေး]]မှ နန်းတွင်းသမားတော်များကို ကြေးနန်းရိုက်ပင့်ခဲ့သော်လည်း ရောက်မလာနိုင်သည့်အတွက် [[မော်လမြိုင်]]၊ [[ကျုံဒိုးရွာ]]မှ သမားတော်ကြီး ဦးဖိုးလေက ကုသပေးခဲ့ရသည်။ ရောဂါပျောက်ကင်းသောအခါ ငွေးကြေးချို့တဲ့နေပြီဖြစ်၍ မိဖုရားကြီးသည် သမားတော်ကြီးကို ပုဝါတစ်ပိုင်းသာ ဆုချနိုင်ခဲ့သည်။