ကုန်းဘောင်မင်းဆက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁၁ -
ကုန်းဘောင်မင်း ၁၁-ဆက် ရှိသည်။ ဒေဝဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အဝ(အင်းဝ), တိုင်အောင် သာကီနွယ်ရိုး သတိုးအဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်မြောက်မင်းဖြစ်သော ဟံသာဝတီပါမင်းတရားကြီးလက်ထက် ရတနာပူရ အဝနေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓာတ်မြတ်ဓာတ်ထူးဖြစ်သော ''ဂဗ္ဘေ'' ဓာတ်ရိုက်၍ ''ကုန်းဘောင်'' မြို့တော်ဟု သမုတ်လေသည်။
 
ဦးမောင်မောင်တင် (K.S.M.A.T.M) ပြုစုသော 'ရွှေနန်းသုံး ဝေါဟာရအဘိဓာန်' တွင် 'ကုန်းဘောင်မြို့'ခေါ်ဝေါ်ခြင်းအကြောင်းကား မုဆိုးဖိုမြို့အရှေ့ အလောင်းစည်သူမင်းတည်ထားခဲ့သော ကုန်းဘောင်ရိုး၊ တောင်မြောက်တန်းလျက်ရှိသော ကုန်းဘောင်ရိုးကိုစွဲ၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်ဟု ဖော်ပြပါရှိသည်။ ကုန်းဘောင်ပြည်ကြီးဟူ၍လည်း ကျော်စောထင်ရှားခဲ့သည်။ အလောင်မင်းတရားကြီးမှသည် သီပေါမင်းတိုင်အောင် ဤကုန်းဘောင်မင်း ဦးအောင်ဇေယျမှ စတင် ပေါက်ဖွားခဲ့ခြင်း ဖြစ်၍ ' ကုန်းဘောင်ဆယ့်တစ်ဆက်' ဟူ၍ သုံးနှုန်းလေ့ရှိကြသည်။ ကုန်းဘောင်ဟုခေါ်ခြင်း အခြားအကြောင်းမှာ အလောင်းမင်းတရားကြီး၏ ဘိုးတော်ဘီတော်အနွယ်ကား မဟာသမ္မဓမင်းမှစ၍မဟာသမ္မတမင်းမှစ၍ အာဒိစဝံသထိအနွယ်လာ သာကီဝင်မင်းတို့၏ အဆက်အနွယ်တော်ဖြစ်ပေသည်။ ထိုမင်းဆက်ကို ဟံသာဝတီမင်းကို ဖျက်ပြန်လေသောကြောင့် သကျနန်းရိုး သတိုးအနွယ်တော် ပျက်လေသည်။ ဟံသာဝတီမွန်မင်းတို့ကား ရေနှင့်တူ၏။ ထိုရေကိုဖြတ်သန်းလွှမ်းမိုး၍ အလောင်းမင်းတရားကြီး၏ ရွှေဘုန်းတော်ဖြင့် အထက်က သကျနန်းရိုး သတိုးအနွယ်တော်ကို ဆက်ပြန်သည်ဖြစ်၍ အလောင်းမင်းတရားကြီးကား 'ကုန်းဘောင်' နှင့်တူသဖြင့် မင်းတရားကြီး၏ သားတော်အစဉ် မြေးတော်အဆက်ကို'ကုန်းဘောင်မင်းဆက်' ဟု နောင်အခါ ထင်ရှားလာသည်။
===ကုန်းဘောင်မင်းဆက် လင်္ကာ===
ကုန်းဘောင်မင်းဆက်မှာ အလောင်းမင်းတရားကြီး နန်းတက်သော သက္ကရာဇ် ၁၁၁၅ခု (ခရစ် ၁၇၅၃ ခုနှစ်) မှ ကုန်းဘောင်မင်းဆက် (၁၁)ဆက် မြောက်ဖြစ်သော သီပေါမင်းတရား အင်္ဂလိပ်လက်သို့ပါတော်မူသော သက္ကရာဇ် ၁၂၄၇ ခု(ခရစ် ၁၈၈၅ ခု) အထိ နှစ်ပေါင်း (၁၃၂) နှစ်ကာလကို '''[[ကုန်းဘောင်ခေတ်]]''' ဟူ၍ ပိုင်ခြား သတ်မှတ်ခဲ့ကြသည်။