အုမ်း၏ နိယာမ: တည်းဖြတ်မှု မူကွဲများ

retranslated a newly added sentence.
အရေးမကြီး Re added (accidentally deleted text)
စာကြောင်း ၂၄ -
| url = http://books.google.com/?id=lKV-AAAAMAAJ&pg=PA284&dq=ohm%27s+law+constant+ratio&q=ohm's%20law%20constant%20ratio
| isbn = 0-8218-2840-1
}}</ref>အုမ်း၏ နိယာမ သည်သိပ္ပံနည်းကျ ဆက်သွယ်မှုတစ်ခုဖြစ်၍ ၎င်းသည် လျှပ်စီးကြောင်း (current) ပမာဏများစွာရှိသော လျှပ်စစ်စီးဆင်းနိုင်သော ပစ္စည်းအများစု၏ လျှောက်ကူးနိုင်မှုကို တိကျစွာ ဖော်ပြနိုင်သည်။ သို့သော်အချို့သောပစ္စည်းများသည် အုမ်း၏ နိယာမ(Ohm's law) ကိုမလိုက်နာပါ။ ၎င်းကို အုမ်း၏ နိယာမ မှသွေဖယ်ခြင်(Non-Ohmic) ဟုခေါ်သည်။
 
ဤနိယာမ၏ အမည်သည် ဂျာမန်လူမျိုး ရူပဗေဒပညာရှင် ဂျော့အုမ်း (Georg Ohm) ကို အစွဲပြုကာ ပေးထားသည်။ ဂျော့အုမ်းသည် ၁၈၂၇ ခုနှစ်တွင် သုတေသနကျမ်း တစ်ခုကို ထုတ်ဝေခဲ့သည်။ ထိုကျမ်းတွင် အသုံးချလိုက်သော ဗို့အားတိုင်းတာမှုများ၊ ဝါယာကြိုးအလျားအမျိုးမျိုးကို အသုံးပြုထားသည့် ရိုးရိုးလျှပ်စစ်ပတ်လမ်းတစ်လျှောက်ရှိ လျှပ်စီးကြောင်း တိုင်းတာမှုတို့နှင့် ပတ်သက်သည်များ ပါဝင်သည်။ အုမ်းသည် သူ၏ လက်တွေ့စမ်းသပ်ချက်များ၏ ရလဒ်တို့ကို ညီမျှခြင်းတို့ဖြင့် ရှင်းပြခဲ့သည်။ သို့သော် သူ၏ ရှင်းပြချက်တို့သည် အထက်တွင် ဖော်ပြခဲ့သည့် ခေတ်မှီညီမျှခြင်းထက် အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ အသေးစိတ်ကို သမိုင်းတွင် ကြည့်ပါ။