ကမ္ဘောဒီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၆၃ -
 
===လွတ်လပ်ရေးရခြင်း နှင့် ဗီယက်နမ်စစ်ပွဲ===
ကမ္ဘောဒီးယားသည် [[နိုရိုဒွန် သီဟာနု]] ဘုရင်၏ အုပ်ချုပ်မှုအောက်တွင် စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးသော နိုင်ငံဖြစ်လာသည်။ ပြင်သစ်အင်ဒိုချိုင်းနားအား လွတ်လပ်ရေးပေးသော အခါတွင် ကမ္ဘောဒီးယားအနေနှင့် မဲခေါင်မြစ်ဝှမ်းဒေသကို ပြန်လည်ထိန်းချုပ်ရန် မျှော်လင့်ချက်ကင်းမဲ့ခဲ့ရပြီး ထိုဒေသကို ဗီယက်နမ်နိုင်ငံသို့ ပေးအပ်လိုက်သောကြောင့် ဖြစ်သည်။ ယခင်က ခမာဧကရာဇ်နိုင်ငံတော်၏ အစိတ်အပိုင်း ဖြစ်သော်လည်း ထိုဒေသကို ဗီယက်နမ်တို့က ၁၆၉၈ ခုနှစ်ကတည်းက ထိန်းချုပ်ထားခဲ့ပြီး ဒုတိယ ချေ ချက်သာ ဘုရင်က ဗီယက်နမ်တို့အား အခြေချနေထိုင်ရန် ထိုအချိန် မတိုင်မီ ဆယ်စုနှစ် အချို့ကတည်းက ခွင့်ပြုခဲ့သည်။<ref name=autogenerated1>{{Cite book| last = Kamm | first = Henry | author-link = Henry Kamm | title = Cambodia Report from a Stricken Land | publisher=Arcade Publishing | year = 1998 | location = New York | page = 23| isbn = 1-55970-507-8 }}</ref> ထိုကိစ္စသည် သံတမန်ရေးရာ ကိစ္စများတွင် အဟန့်အတား တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး ခမာလူမျိုး ၁ သန်းကျော်တို့ ထိုဒေသတွင် နေထိုင်ဆဲ ဖြစ်သည်။ ခမာနီတို့က ထိုဒေသကို ကျူးကျော်ပြီး နယ်မြေကို ပြန်လည်ရယူရန်ကြိုးစားခြင်းက ဗီယက်နမ်တို့ ကမ္ဘောဒီးယားကို ကျူးကျော်ရခြင်း၏ အကြောင်းတရားတစ်ခု ဖြစ်စေခဲ့ပြီး ခမာနီတို့ ဖြုတ်ချခံခဲ့ရသည်။
 
[[File:Mao Sihanouk.jpg|thumb|left|[[နိုရိုဒွန် သီဟာနု]] နှင့် [[မော်စီတုန်း]]တို့ကို ၁၉၅၆ တွင် တွေ့ရစဉ်]]
 
၁၉၅၅ တွင် သီဟာနုသည် သူ့ဖခင်ကို အလေးပေးသော အနေဖြင့် နန်းစွန်းခဲ့ပြီး နိုင်ငံရေးတွင် ပါဝင်ခဲ့ကာ ဝန်ကြီးချုပ်အဖြစ် အရွေးခံခဲ့ရသည်။ သူ၏ ဖခင် ၁၉၆၀ တွင် ကွယ်လွန်သည့် အခါတွင် သီဟာနုသည် နိုင်ငံ၏ ဥသျှောင် တဖန် ပြန်ဖြစ်ခဲ့ပြီး မင်းသားကြီး ဘွဲ့ကို ခံယူခဲ့သည်။ ဗီယက်နမ် စစ်ပွဲ အရှိန်မြင့်လာသော အခါ သီဟာနုသည် စစ်အေးတိုက်ပွဲ အတွင်း ကြားနေသည့် ပေါ်လစီကို ကျင့်သုံးခဲ့သည်။ သီဟာနု အနေနှင့် ဗီယက်နမ် ကွန်မြူနစ်တို့အား ကမ္ဘောဒီးယားကို ခိုလှုံရာ နယ်မြေ အဖြစ် အသုံးပြုရန် ခွင့်ပြုခဲ့ပြီး တောင်ဗီယက်နမ်တွင် တိုက်ခိုက်နေသော သူတို့၏ စစ်တပ်များသို့ လက်နက် နှင့် အခြား အကူအညီများ တင်ပို့ရန် ထောက်ပို့လမ်းကြောင်း အဖြစ် အသုံးပြုခွင့် ပေးခဲ့သည်။ ထိုပေါ်လစီအား ရှက်စရာကောင်းသော ပေါ်လစီဟု ကမ္ဘောဒီးယား နိုင်ငံသား အမြောက်အများက ရှုမြင်ကြသည်။ ၁၉၆၇ တွင် သီဟာနု မှ ဝါရှင်တန်ပို့စ် သတင်းစာမှ သတင်းစာဆရာ စတန်လေ ကာနိုးအား အကယ်၍ အမေရိကန်တို့အနေနှင့် ကမ္ဘောဒီးယားတို့ကို မထိခိုက်ပါက ဗီယက်နမ်တို့၏ ခိုလှုံရာနေရာများကို ဗုံးကြဲမည် ဆိုလျှင် သူ့အနေနှင့် ကန့်ကွက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။<ref>Washington Post, 29 December 1967</ref>
 
ထိုသတင်းစကားကိုပင် [[လန်ဒန် ဘန်းနက်စ် ဂျွန်ဆင်|အမေရိကန်သမ္မတ ဂျွန်ဆင်]] ၏ ကိုယ်စားလှယ်ဖြစ်သော ချက်စတာ ဘောင်း သို့လည်း ၁၉၆၈ ဇန်နဝါရီလတွင် ပေးခဲ့သည်။<ref>Morris, p. 44, {{ISBN|0804730490}}.</ref> သို့သော်လည်း အများပြည်သူရှေ့တွင် သီဟာနု အနေနှင့် အမေရိကန်တို့အား ကမ္ဘောဒီးယားတွင် လေကြောင်း​ဗုံးကြဲမှု ပြုလုပ်ခြင်းကို ကန့်ကွက်ခဲ့ပြီး မတ်လ ၂၆ တွင် သူက ပြောကြားခဲ့သည်မှာ "ဒီလို ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှုတွေကို အမြန်ဆုံးနဲ့ အသေအချာကို ရပ်တန့်ပစ်ရမယ်။" ဟူ၍ ဖြစ်သည်။ မတ်လ ၂၈ ရက်တွင် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပြီး သီဟာနုမှ နိုင်ငံတကာ သတင်းဌာနတို့အား "နိုင်ငံတကာတွင် ကမ္ဘောဒီးယား၏ ရှင်းလင်းပြတ်သားသော ရပ်တည်မှုကို ထုတ်ဖော်ပေးရန် တောင်းပန်ပါတယ်။​ဒါကတော့ ကျွန်တော့်အနေနဲ့ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ဘယ်လိုဆင်ခြေနဲ့ပဲ ဖြစ်ဖြစ် ကမ္ဘောဒီးယားနယ်မြေထဲမှာ ဗုံးကြဲတာကို ဆန့်ကျင်ပါတယ်။" ဟု ပြောကြားခဲ့သည်။<ref>''Bombing in Cambodia: Hearings before the Committee on Armed Services, U.S. Senate, 93d Cong., 1st sess.'', July/August 1973, pp. 158–160, the primary source on the "secret bombings".</ref> အစိုးရ အဖွဲ့ဝင်များနှင့် စစ်သားများမှ သီဟာနု၏ အုပ်ချုပ်သည့် ပုံစံ အပြင် အမေရိကန် ပြည်ထောင်စုမှ ဖယ်ခွါသွားသည်ကို မနှစ်မြို့ကြပေ။
 
===ခမာပြည်သူ့သမ္မတနိုင်ငံ (၁၉၇၀-၇၅)===
===ခမာနီအစိုးရ​ (၁၉၇၅-၇၈)===