ဘဟန်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၇၈ -
 
 
ဒေါက်တာ ဘဟန်မှာ ပညာရေးတွင် စိတ်အား ထက်သန်၍ ရန်ကုန် တက္ကသိုလ် ဥပဒေ ပညာ မဟာဌာနတွင် ပါမောက္ခ အဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သည်။ ထို့ပြင် သုတေသနစိတ် ထက်သန်သော ပညာရှင် တဦး ဖြစ်ရာ မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာနှင့် မြန်မာစာပေ ဝေဖန်ချက်များကို အင်္ဂလိပ် ဘာသာဖြင့် မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ရေးသား ခဲ့ပါသည်။ ဒေါက်တာ ဘဟန်သည် မြန်မာ ရှေးဟောင်း သမိုင်း ပါရဂူ ဂျီ၊ အိပ်ချ်၊ လုစ် (G. H. Luce)၏ 'မြန်မာအစ ကျောက်ဆည်က' ဟု လူသိများသော 'Old Kyaykse and the Coming of the Burmans' စာတမ်းကို မြန်မာနိုင်ငံ သုတေသန အသင်း အတွက် ကိုယ်စား ဖတ်ကြား ပေးခဲ့ပါသည်။ ထိုဆောင်ရွက်ချက်ကို အချို့သော စာရေးဆရာ၊ သုတေသန ပညာရှင်နှင့် နိုင်ငံရေးသမားတို့က ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ကြသည်။ အထူးသဖြင့် ဗိုလ်တထောင် သတင်းမှသတင်းစာ ဦးသိန်းမြင့်ဖေ၏မှ ဦးသိန်းဖေမြင့်၏ ဝေဖန်ချက်များမှာ ဩဇာ ကြီးမားလှသည်နှင့် အမှျ ဒေါက်တာ ဘဟန် အတွက် အထင်မှားစရာ ဖြစ်ခဲ့ရသည်။
 
အမှန်စင်စစ် ဒေါက်တာ ဘဟန်မှာ ခရစ်ယာန် ဘာသာဝင် တဦး ဖြစ်သော်လည်း တိုင်းပြည်နှင့် လူမျိုး၏ ဂုဏ်သိက္ခာကို အစဉ် စောင့်ထိန်းခဲ့သော ပညာရှင် တဦး ဖြစ်ပါသည်။ သာဓက ပြရသော် ၁၉၃ဝ ပတ်ဝန်းကျင်က မြန်မာ့သမိုင်း (History of Burma) စာအုပ်ကို ရေးသားသူ အိုင်စီအက်စ် ဝန်ထမ်း ဂျီ၊ အီး၊ ဟာဗေး (G. E. Harvey) အား ရန်ကုန် တက္ကသိုလ် မှ ဒေါက်တာဘွဲ့ ပေးအပ်ရန် စီစဉ်ခဲ့သည်။ ဟာဗေး၏ မြန်မာ ရာဇဝင် စာအုပ်မှာ မြန်မာ့ သမိုင်းနှင့် ပတ်သက်၍ ပထမ ဦးဆုံးသော အဆင့်မြင့် သုတေသန လက်ရာတရပ် ဖြစ်သော်လည်း ယင်းစာအုပ်တွင် မြန်မာ လူမျိုးနှင့် မြန်မာ ဘုရင်များ အပေါ် နှိမ့်ချ၍ တဖက်သတ် ရေးသားထားရာ မြန်မာများ ဘက်မှ မခံမရပ်နိုင် ဖြစ်ခဲ့သည်။ ထို့ကြောင့် ရန်ကုန် တက္ကသိုလ်၏ အစီအစဉ်ကို ဒေါက်တာ ဘဟန်နှင့် ဦးစိုးညွန့်တို့ (လွတ်လပ်ရေး ခေတ်ဦး အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး) တို့ ဦးဆောင်၍ ကန့်ကွက် ခဲ့ပါသည်။ ထို့ကြောင့် ဟာဗေးမှာ ရန်ကုန် တက္ကသိုလ်မှ ချီးမြှင့်မည့် ဒေါက်တာဘွဲ့ ရမသွားပါ။ ဤအချက်ကို အမျိုးသား ပညာဝန် [[ဦးဖိုးကျား]] ကိုယ်တိုင် ထုတ်ဖော် မှတ်တမ်း တင်ခဲ့ဖူးပါသည်။
စာကြောင်း ၁၁၇ -
 
== ဘဝနိဂုံး ==
ဒေါက်တာ ဘဟန်သည် တက္ကသိုလ် အင်္ဂလိပ် - မြန်မာ အဘိဓာန်ကြီးကို ပြုစု ပြီးစီးသည့်နောက် သုံးနှစ် အကြာ ၁၉၆၉ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ကွယ်လွန် ခဲ့ပါသည်။ ဒေါက်တာ ဘဟန် ကွယ်လွန် သွားသော အခါ ဒေါက်တာ ဘဟန်၏ ဂုဏ်ရည်နှင့် ပတ်သက်၍ တရားသူကြီးဟောင်း ဝတ်လုံတော်ရ ဦးကျော်မြင့်ကဦး[[ကျော်မြင့်]]က အောက်ပါ အတိုင်း ချီးမွမ်း စကား ဆိုခဲ့သည်။
 
"….. ဒေါက်တာ ဘဟန်သည် ပြောင်မြောက်သော ဥပဒေ ပညာရှင် ဖြစ်သည်။ သူ၏ အသိပညာ၊ သူ၏ စာပေ စွမ်းရည်တို့ကို မြန်မာပြည်က သာမက တကမာ္ဘလုံးကပင် အသိအမှတ် ပြုကြသည်။ ဒေါက်တာ ဘဟန်သည် မြင့်မြတ် တော်ဖြောင့်သော လမ်းစဉ်ကို လိုက်လျောသူ ဖြစ်သည်။ မတုန်လှုပ်သော သမာဓိဂုဏ်နှင့် ပြည့်စုံသူလည်း ဖြစ်သည်။ သူ တခုခုကို ဆုံးဖြတ်ချက်မှာ မှန်နေတတ်သည်။"
"https://my.wikipedia.org/wiki/ဘဟန်" မှ ရယူရန်