ဗုဒ္ဓဘာသာ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၈ -
ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကိုလေ့လာကျင့်ကြံရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။ ဗုဒ္ဓ၏အဆုံးအမများနှင့် ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ ဘာသာ အမှန်တရားနှင့် လက်တွေ့သဘာဝကျ သည့် ဘာသာ လည်း ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် လူ့ကျင့် ဝတ်တရားနှင့် တိုင်းပြည်အုပ်ချုပ်မှုသဘောတရားများ ၊ တပည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား၊ စသည်တို့ရှိရာ ဆရာဝတ် တွင် အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟုပါရှိသည်။
၃၈ဖြာသောမင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပ အတတ်ပညာတို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာ တစ်ပါးဟု အဆိုရှိပါသည်။
 
== သိပ္ပံပညာက လိုက်မမီနိုင်သေးသောဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သမျှ တရားတော်များ ==
ဗုဒ္ဓတရားတော်များသည် naturally or universally သဘာဝနည်းကျအားဖြင့်လည်းကောင်း၊ logically ကြောင်းကျိုးဆက်စပ်ဗေဒအရလည်းကောင်း၊ scientifically သိပ္ပံနည်းကျအားဖြင့်လည်းကောင်း၊ medically ဆေးပညာဗေဒအရလည်းကောင်း မှန်ကန်လှပေသည်။ မိခင်ဝမ်းတွင်း သားသန္ဓေတည်ပုံကို လွန်ခဲ့သော နှစ်ပေါင်း(၂၆၀ဝ)ကျော်ကတည်းက ဗုဒ္ဓမြတ်စွာဘုရားက မိုက်ခရိုစကုပ်မပါ၊ အာထရာဆောင်းမပါ၊ ဓာတ်မှန်မပါ ဉာဏ်တော်ဖြင့် ထိုးထွင်းသိမြင်တော်မူ၍ ရှင်းပြတော်မူနိုင်ခဲ့ပေသည်။ ထို့ပြင် ယနေ့ခေတ် သိပ္ပံဗေဒ ကျန်းမာရေးသုတေသနများအရ သိရှိလာကြရသော စိတ်သည် ဦးနှောက်တွင် ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ၊ နှလုံးသား၏အချိုင့်လေးတွင် ဖြစ်ပေါ်ကြောင်းကို ဗုဒ္ဓက ဟောပြတော်မူသဖြင့် ဝါရင့်ဗုဒ္ဓဘာသာ မြန်မာများ သိရှိခဲ့ကြသည်မှာလည်း ကြာပြီဖြစ်သည်။ ခန္ဓာဗေဒ၏ဖြစ်စဉ်ပျက်စဉ်အကြောင်းကိုလည်း ဗုဒ္ဓဘာသာ မြန်မာတို့ ယနေ့ခေတ် ဆဲလ်များအစားထိုးဖြစ်တည်မှုအကြောင်း သိပ္ပံနည်းကျ မသိရသေးခင်ကပင် သိရှိခဲ့ကြပြီးဖြစ်သည်။ Anatomy အနတ်တိုမီခေါ် ခန္ဓာဗေဒကိုလည်း ဗုဒ္ဓက တရားတော်များ၌ ဟောကြားတော်မူခဲ့ပြီးဖြစ်သည်။ ဗုဒ္ဓက ယနေ့ခေတ် သိပ္ပံပညာရှင်တို့ အဏုမြူ အက်တမ်(Atom)အကြောင်း မလေ့လာမီကပင် ပရမာအဏုမြူစသည်ဖြင့် ဟောပြတော်မူခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓ၏တရားတော်များသည် သိပ္ပံနည်းကျ၊ ကြောင်းကျိုးဆက်စပ်ဗေဒ၊ ခန္ဓာဗေဒ၊ ဆေးပညာဗေဒစသည်တို့ဖြင့် ကိုက်ညီမှန်ကန်နေလျက်ရှိပြီး၊ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သမျှ တရားတော်များကို သိပ္ပံပညာက လိုက်မမီနိုင်သေးသော အနေအထားများ ယနေ့ထက်တိုင် ရှိနေသေးသည်မှာလည်း အမှန်ပင်ဖြစ်သည်။
 
 
==အသုံးအနှုန်း==