သနပ္ပင်မြို့: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၈၉ -
ရေလမ်းခရီးဘက်တွင် မိုင် ၃ဝ ရှည်လျားသော [[ပဲခူး-စစ်တောင်းတူးမြောင်း]]သည် သနပ္ပင်မြို့လယ်ကို ဖြတ်သန်းသွားလေသည်။ မြို့တစ်ဖက်ကမ်းနှင့် တစ်ဖက်ကမ်း ကူးသန်းနိုင်ရန် ပေ ၁၂ဝ ရှည်သောတံတားကို
၁၉ဝဝ ပြည့်နှစ်တွင် လမ်းဌာနက ဆောက်လုပ်ခဲ့သည်။ ထိုတူးမြောင်းသည် ယခင်က လှေ၊ သမ္ဗန်မှစ၍ တုံကင်းကြီးများအထိ သွားလာနိုင်ခဲ့သော်လည်း ယခုအခါ ကောလာသဖြင့် လှေ၊ သမ္ဗန် ဘောက်တူနှင့် ကူးတို့ မော်တော်ကလေးများသာ သွားလာနိုင်သည်။ ဗြိတိသျှလက်ထက်က [[ပျဉ်းမနား]]၊ [[တောင်ငူ]]၊ [[လယ်ဝေး]]၊ [[ရွှေကျင်]] နယ်များဘက်မှ ကျွန်းသစ်များကို ထိုတူးမြောင်းအားဖြင့် မျှောချခဲ့လေသည်။ ထို့ပြင် ပဲခူးခရိုင်အတွင်း ကျေးရွာပေါင်း ၃ဝဝ ကျော်တို့မှ ဆန်စပါး၊ ထင်း၊ ဝါး၊ ဓနိ၊ စဉ့်အိုးနှင့် ကုန်စိမ်းပစ္စည်းများကိုလည်း ထိုတူးမြောင်းဖြင့် သယ်ယူပို့ဆောင်ခဲ့ကြသည်။ ထိုမှတစ်ပါး အခြားချောင်းကြီး ချောင်းငယ်တို့ဖြင့် ဟံသာဝတီခရိုင်သို့၎င်း၊ သထုံခရိုင်ဘက်သို့၎င်း ကူးသန်းသွားလာနိုင်သည်။ သနပ္ပင်မြို့နယ်သည် ပဲခူးခရိုင်၏ မြေနိမ့်မြေပြန့်ပိုင်းကျသော မြို့နယ်ဖြစ်သည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ မြို့နယ်၏ အကျယ်အဝန်းသည် ၃၄၁ စတုရန်းမိုင်ဖြစ်၍ သူကြီးတပိုင်ကျေးရွာ အစုပေါင်း ၅၁-ခုပါဝင်သည်။ မြို့နယ်အတွင်း အိမ်ခြေ ၁ဝ,၆၄၇ အိမ်ရှိ၍ လူဦးရေသည် ။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
== ကိုးကွယ်ယုံကြည်မှု ==
 
==အထင်ကရနေရာများ==