ကျောက်မီးသွေး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄ -
 
== ဖြစ်ပေါ်လာပုံ ==
ရှေး[[ပဝေသဏီ]]က ကမ္ဘာကြီး၏ နေရာအနှံ့အပြားရှိ ရွံ့ညွန်ပျောင်းများနှင့် ရေတိမ်ရာ အရပ်များတ္ငင် အလွန်မြင့်မားသော သစ်တောကြီးများပေါက်ရောက် ဖုံးအုပ်လျက်ရှိခဲ့လေသည်။ အပင်ကြီးများသေ၍ လဲကျလျင် အပင်သစ်များ ထပ်မံပေါက်ပြန်၏။ ဤသို့ဖြင့် ပထမ လဲကျသွားသော အပင်တို့၏ အကြွင်းအကျန်များသည် ရေတွင်နစ်မြုပ်၍ ကာလကြာသော် သဘာဝအလျောက် ဓာတ်ပြောင်းလဲမှုများဖြစ်လာသသည်။ဓာတ်ပြောင်းလဲမှုများဖြစ်လာသည်။ လက်ဦးတွင် ထိုအကြွင်းအကျန်များသည် ရွံ့နွံထူထပ်သော စိမ့်မြေများတွင် တွေ့ရသော [[သစ်ဆွေး မီးသွေး]]များကဲ့သို့ ဖြစ်လာကြ၏။ ထို့နောက် မြေကြီးသည် အောက်သို့မြုပ်ဆင်းသွားပြီးသော် ရေအိုင်များ၊ တိမ်သော ပင်လယ်များ၏ အောက်ခင်းပြင်များ ဖြစ်လာသည်။ နှစ်ပရိစ္ဆေဒ အလွန်ကြာသောအခါ ထိုအောက်ခင်းပြင်ပေါ်၌ ရွံ့များ၊ သဲများအပြင် အချို့ဒေသများတွင် [[ခရု]]၊ [[ကမာကောင်]]၊ [[သန္တာကောင်]]မှစ၍ အခွံမာသော [[ပင်လယ်]][[သတ္တဝါ]] ကောင်တို့၏ အခွံများ စုပေါင်းဖုံးအုပ်၍ အပေါ်ယံ ကျောက်ထပ်ဖြစ်လာသည်။ ထိုကျောက်ကပ်သည် ပေပေါင်း ရာထောင်မက ထူ၏။ အဆိုပါ ရွံသဲများနှင့် ကျောက်များ၏ အလွန်လေးလံသော အလေးချိန်သည် ထိုသစ်ရွက်ဆွေး မြေပေါ်တွင် ကာလကြာရှည်စွာ ဖိနှိပ်ထားမှုကြောင့် သစ်ဆွေး မီးသွေး ဘဝမှ နောက်ဆုံး ကျောက်မီးသွေးဘဝ အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။ သို့သော် ကျောက်မီးသွေး ဖြစ်လာရသော လမ်းစဉ်သည် အလွန်နှေး၍ အလွန်ကြာ၏။ အကောင်းဆုံးကျောက်မီးသွေးကို ကျောက်မီးသွေးခေတ်က မြေလွှာများမှ ရရှိ၍၊ ထိုကျောက်မီးသွေး ခေတ်ကို ရှေးနှစ်သန်းပေါင်း ၂၀၀ မှ ၂၈၀ လောက်ခေတ်ကဟူ၍ [[ဘူမိဗေဒ]]ပါရဂူများက ယူဆကြလေသည်။[[File:Grand Junction Trip 92007 098.JPG|thumb|150px|left|alt=ကျောက်မီးသွေးအသုံးပြု စက်ရုံတစ်ရုံ|ကျောက်မီးသွေးအသုံးပြု စက်ရုံတစ်ရုံ]]
ယခင်က ကျောက်မီးသွေးအကြောင်းကို အနည်းငယ်မျှသာသိကြသေးသဖြင့် အနည်းငယ်မျှသာ တူးဖော်သုံးစွဲခဲ့ကြ၏။ သို့သော် [[စက်]][[ကိရိယာ]]များ ပေါ်ပေါက်ခေတ်စားသည့် ၁၈ [[ရာစုနှစ်]]မှစ၍ ကျောက်မီးသွေးများကို အကြီးအကျယ် တူးဖော်လုပ်ကိုင်လာခဲ့ကြလေသည်။ ကျောက်မီးသွေးမှာ စက်မှုလုပ်ငန်း အရပ်ရပ်၏ အသက်အသွေးခဲ ဖြစ်၍ ကျောက်မီးသွေးတူးဖော်သည့် လုပ်ငန်းမှာ ယခုခေတ်အခါတွင် ကမ္ဘာ့ထိပ်တန်း လုပ်ငန်းကြီး တစ်ရပ်အဖြစ်ရပ်တည်လျက်ရှိသည်။