ကျောက်မီးသွေး: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၄ -
 
== အသုံးပြုပုံ ==
ကျောက်မီးသွေးကို အိမ်များတွင် ထမင်းဟင်း ချက်ပြုတ်ရန်နှင့် မီးလှုံရန်အတွက် အသုံးပြုကြ၏။ [[စက်ရုံ]] အလုပ်ရုံကြီးများတွင် [[သတ္တု]]များ ကျိုရန်နှင့်[[ရေနွေးငွေ့]]အားသုံးအင်ဂျင် စက်များကို ခုတ်မောင်းရန် အတွက် အသုံးပြုကြ၏။ [[မီးရထား]]၊ [[မီးသင်္ဘော]] စသောယာဉ်များတွင်လည်း ကျောက်မီးသွေး မပါလျှင် မဖြစ်ချေ။ ကျောက်မီးသွေး၏ အသုံးဝင်ပုံများကား များလှပေသည်။ အမှန်စင်စစ် ကျောက်မီးသွေးသာ မရှိပါက ကမ္ဘာပေါ်ရှိ ဆောက်အဦးများ၊အဆောက်အဦးများ၊ ယာဉ်ရထားနှင့် စက်မှုလုပ်ငန်း အရပ်ရပ်တို့သည် ယခုလောက် တိုးတက်ရန် လမ်းမရှိချေ။ ကျောက်မီးသွေးကို "[[စိန်]] နက်" သို့မဟုတ် " မြေအောင်းအလင်းရောင်" ဟူ၍လည်း ဥရောပတိုက်တွင် ခေါ်ကြ၏။ ကျောက်မီးသွေး တူးဖော်သည့်လုပ်ငန်းသည် စက်ကိရိယာ လူသူ အမြောက်များစွာနှင့် လုပ်ကိုင်ရသည့် လုပ်ငန်းကြီး ဖြစ်သည့်အတိုင်း ကျောက်မီးသွေးထွက်သည့် နေရာများသည် မကြာမီ မြို့ကြီးပြကြီးများ ဖြစ်လာကြလေသည်။ ကျောက်မီးသွေးကို ထင်းမီးအဖြစ်ဖြင့်သာ အသုံးပြုကြရသည်မဟုတ်၊ ကျောက်မီးသွေးမှ မီးထွန်းဓာတ်ငွေ့၊ [[ကုတ်မီးသွေး]]၊ [[ကျောက်မီးသွေး ကတ္တရာ]] စသော ပစ္စည်းများကိုလည်း ထုတ်ယူရရှိနိုင်သေးသည်။ ယခုအခါ ကျောက်မီးသွေးကို အခြေပြု၍ [[ဓာတ်ဆီ]]ကိုပင် ချက်လုပ်နိုင်ပြီးဖြစ်သည်။ [[ကျောက်မီးသွေး ကတ္တရာ]]မှတစ်ဖန်မှတဖန် ရာထောင်မကသော ဓာတ်ပစ္စည်းများ၊ ဆေးဖက်ဝင် ပစ္စည်းများကို ပြုလုပ်ထုတ်ယူနိုင်သည်။
[[မြန်မာနိုင်ငံ]]၌ ကျောက်မီးသွေးထွက်သော နေရာ အများအပြားရှိသော်လည်း အရည်အသွေးညံ့ခြင်း၊ ကျောက်မီးသွေးအထွက်မှာ အလွန်နည်းခြင်းကြောင့် သိသိသာသာ မတွင်ကျယ်ချေ။