ရွှေဓားဗိုလ်: တည်းဖြတ်မှု မူကွဲများ

"ရွှေဓါးဗိုလ် (ဦ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{unreferenced|date=၇ စက်တင်ဘာ ၂၀၂၀}}
ရွှေဓါးဗိုလ် (ဦးမင်းပို)သည် သုံးထပ်အိုင်ရွာသူကြီးဖြစ်ပါသည်။ ရွှေဓါးဗိုလ်ဘွဲ့ကို အသျှင်သီပေါမင်းတရားကြီးဘုရားလက်ထက်၌ ရရှိခဲ့ပါသည်။ တိုင်းပြည်အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ရွှေဓါးဗိုလ်ခေါ် ဦးမင်းပိုသည် တောင်တွင်းကြီးနယ်တစ်ခွင်တွင် ထင်ရှားလှပါသည်။ ဘုရင့်အမိန့်တော်ကို အထူးကြေလည်အောင် စွမ်းဆောင်ခဲ့၍ သူကောင်းပြုခံခဲ့ရသော ရွှေဓါးဗိုလ်ခေါ် ဦးမင်းပို၏ အမျိုးအနွယ်မှလည်း သာမန်ထက်ထူးကဲလှပါသည်။ အကြောင်းမှာ ပုဂံခေတ် မင်းသမီးအနွယ်မှ ဆင်းလက်လာခြင်းဖြစ်ပါသည်။ ထိုမင်းသမီးအဆက်အနွယ်မှ ပင်းမြို့သူကြီး ဦးမြတ်ကိုမွေးဖွားခဲ့သည်။
ပင်းမြို့သူကြီးဦးမြတ်မှ သားနှစ်ယောက်မွေးဖွားခဲ့ရာ အမည်များမှာဖြင့် ဦးမင်းအောင်နှင့် ဦးမင်းပြိုဖြစ်ပါသည်။ ဦးမင်းအောင်၌ သားသမီးနှစ်ယောက်ရှိပါသည်။ သမီးကြီးဒေါ်ပုနှင့် ဦးရွှေဘိုတို့ဖြစ်ပါသည်။ သမီးဒေါ်ပုအရွယ်ရောက်၍ ဦးခြင်နှင့် အိမ်ထောင်ရက်သားချပေးခဲ့ရာ သားသမီးရှစ်ထွန်းကားလာခဲ့သည်။