တင်၊ ဦး (ဗိသုကာပညာရှင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
ဦးတင်အကြောင်းနှင့်ဆောင်ရွက်ချက်များ
စာကြောင်း ၂၅ -
| url =
}}
'''စည်သူဦးတင်'''(၁၈၉၀-၁၉၇၂) သည် ကျော်ကြားသော မြန်မာ ဗိသုကာပညာရှင် အင်ဂျင်နီယာတစ်ယောက် ဖြစ်သည်။ [[ရန်ကုန်မြို့တော်ခန်းမ]]၊ [[ရန်ကုန် ဘူတာကြီး]]၊ [[မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်|အထက (၂)၊ ဒဂုံ]] (ယခင် မြို့မ အထက်တန်းကျောင်း)အစရှိသော အဆောက်အဦတို့မှာ သူ၏ နာမည်ကျော် လက်ရာများ ဖြစ်သည်။<ref name="falconer">{{cite book|last=Falconer|first=John|author2=Luca Invernizzi Tettoni |title=Burmese design and architecture|publisher=Tuttle Publishing|year=2000|pages=78|isbn=9789625938820}}</ref> သူသည် မြန်မာမှုလက်ရာများဖြစ်သော [[ပြာသာဒ်]]အဆင့်ဆင့်၊ အင်္ဂတေကနုတ်ပန်း အစရှိသည်တို့ကို အနောက်တိုင်းလက်ရာဟန်များနှင့် ပေါင်းစပ်၍ မတူညီသောဟန်များကို အသုံးပြု၍ တည်ဆောက်ရာတွင် လူသိများ ထင်ရှားလှသည်။<ref name="falconer"/>
 
 
'''စည်သူဦးတင်'''သည်မန္တလေးနန်းတွင်းအဆက်အနွယ်များမှဆင်းသက်လာသူဖြစ်ပြီး ၁၈၉၀ပြည့်နှစ်တွင်မန္တလေးမြို့ ပုလဲငွေရောင်ရပ်တွင်ဖွားမြင်ခဲ့သည်။မိဘများမှာ အင်စပက်တော်ဦးတိုးနှင့်ဒေါ်မြကြီးတို့ဖြစ်ကြကာဖခင်ဦးတိုးဘက်မှမိဘများမှာမန္တလေးနန်းတွင်းမှ မင်းမှုထမ်းများဖြစ်ကြသည်။ဦးတိုး၏ဖခင်ဖြစ်သူဦးကြင်သည်မင်းတုန်းမင်းလက်ထက်နိုင်ငံခြားပညာတော်သင်တစ်ဦးဖြစ်ပြီးအိမ်ရှေ့စံကနောင်မင်းသားကြီး၏လက်ရုံးတစ်ဆူဖြစ်ကာမန္တလေးတွင်ဒင်္ဂါးစက်ရုံ အမြောက်စက်ရုံများကိုဦးစီးခဲ့သည့်မြန်မာအင်ဂျင်နီယာကြီးတစ်ဦးဖြစ်သည်။ပန်းချီဆရာဗိသုကာပညာရှင် ဆရာ [[ခင်မောင်ရင် (ပန်းချီဆရာ)|ခင်မောင်ရင်]]သည် ဦးတင်၏တူတော်စပ်ပါသည်။<ref>[2] ကိုးကား-ဆရာတင်နိုင်တိုး ၏မြန်မာ့ဂုဏ်ဆောင် ဗိသုကာပညာရှင် စည်သူဦးတင်စာအုပ်</ref>
 
 
ယင်းကဲ့သို့အင်ဂျင်နီယာမျိုးရိုးမှဆင်းသက်လာသောဦးတင်အဖို့လက်တွေ့လုပ်ဆောင်ရသောအင်ဂျင်နီယာလုပ်ငန်းများကိုဝါသနာပါသူဖြစ်သည်။ကိုယ်တိုင်ကိုယ်ကျလက်တွေ့လုပ်ရမှကျေနပ်သူဦးတင်သည်မိမိပုံစံထုတ်ရေးဆွဲခဲ့သောအဆောက်အဦးများတည်ဆောက်ရာတွင်ကိုယ်တိုင်ကိုယ်ကျကြီးကြပ်ပေးခဲ့သည်။စည်သူဦးတင်သည် ယခုအခါနှစ်ပေါင်းတစ်ရာကျော်သက်တမ်းကြာမြင့်ပြီဖြစ်သော [[ဂျီတီအိုင်]]ကျောင်း([[Government Technical Institute,G.T.I]]) အင်းစိန်မှာတက်ရောက်ခဲ့သူတစ်ဦးဖြစ်သည်။အင်းစိန်ဂျီတီအိုင်ကျောင်းကြီးသည် တစ်ချိန်ကအရှေ့တောင်အာရှတိုင်းပြည်များ၏ ပိုလီတက္ကနစ်ကျောင်းတော်ကြီးဖြစ်ခဲ့သည်။
 
 
စည်သူဦးတင်သည်မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၆လမ်းနှင့် ၂၄လမ်းထောင့်ရှိနာမည်ကျော်စိန့်ပီတာအထက်တန်းကျောင်း(ယခုအခါ မန္တလေးအမှတ်(၉)အစိုးရအထက်တန်းကျောင်း)မှ ဆယ်တန်းအောင်မြင်ခဲ့ပြီးရန်ကုန်သို့ ရောက်ရှိလာကာရန်ကုန်ကောလိပ်တက်ရောက်ခဲ့သည်။ထိုစဉ်ကရန်ကုန်ကောလိပ်မှာကာလကတ္တားတက္ကသိုလ်လက်အောက်ခံအဖြစ်ထားရှိချိန်ဖြစ်သည်။စည်သူဦးတင်သည် ၁၉၀၉တွင်ရန်ကုန်ကောလိပ်မှပညာဆုံးခန်းတိုင်အောင်ပြီးစီးခဲ့သည်။ဦးတင်သည်အခြားသူများကဲ့သို့ ကာလကတ္တားသို့လည်းဆက်လက်ပညာသွားရောက်မသင်ကြားလို၊ မြို့အုပ်မြို့ပိုင်၊နယ်ပိုင်ဝန်ထောက်များလည်းမလုပ်လိုဘဲလက်တွေ့လုပ်ငန်းများကိုသာဝါသနာပါသူတစ်ဦးဖြစ်ပေရာကိုတင်အဖို့ပညာဆက်လက်ဆည်းပူးရန်လမ်းဆုံးသွားသကဲ့သို့ဖြစ်နေသည်။
 
 
သို့သော်ကိုတင်အတွက်အားကိုးအားထားပြုစရာအစိုးရအင်ဂျင်နီယာကျောင်းတစ်ကျောင်းရှိနေပါသေးသည်။ထိုကျောင်းကားမြန်မာအင်ဂျင်နီယာများကိုမွေးထုတ်ပေးနေရာအင်းစိန်ဂျီတီအိုင်ကျောင်းပင်ဖြစ်ပါသည်။ကိုတင်တို့အင်းစိန်ဂျီတီအိုင်တွင်အဆောက်အဦးနှင့်လမ်းတံတားဘာသာရပ်များကိုသင်ယူနေချိန်တွင်မြန်မာပြည်၌အင်ဂျင်နီယာပညာရပ်ဆိုင်ရာကျောင်းဟူ၍မရှိသေးပေ။ထို့ကြောင့်အင်းစိန်ဂျီတီအိုင်မှကျောင်းဆင်းလာလျှင်ပြည်သူ့လုပ်ငန်းဌာန(Public Works Department)ကဲ့သို့သောဗြိတိသျှအစိုးရဌာနများကအလုပ်သင်အင်ဂျင်နီယာများအဖြစ်ကြိုဆိုနေကြလေသည်။ကိုတင်သည် ၁၉၁၂-၁၃ခုနှစ်တွင်အင်းစိန်ဂျီတီအိုင်မှကျောင်းပြီးခဲ့ပြီးပြည်သူ့လုပ်ငန်းဌာနတွင်တံတားကလေးစိတ္တဇဆေးရုံစီမံကိန်းလုပ်ငန်းခွင်သို့ဝင်ရောက်ခဲ့သည်။
 
 
ဦးတင်ကအင်းစိန်ဂျီတီအိုင်မှသင်ယူခဲ့သည့်အင်ဂျင်နီယာပညာရပ်များကိုလုပ်ငန်းခွင်တွင်လက်တွေ့အသုံးချသည်။ပရိုဖိုင်း(Profile)များရိုက်သည်မှစ၍မြေကြီးလုပ်ငန်း၊အောက်ခံကွန်ကရစ်လုပ်ငန်း၊အုတ်စီလုပ်ငန်းများကိုကိုယ်တိုင်ကြီးကြပ်ကာစနစ်တကျလုပ်ဆောင်ခဲ့သည်။အရည်အချင်းထက်မြက်သောဦးတင်ကိုအိန္ဒိယသို့ပညာတော်သင်အဖြစ်ရွေးချယ်ခဲ့ပြီး ဘုံဘေမြို့ရှိ Sir JamstedJiJee Bho ကျောင်းတွင်တစ်နှစ်ကြာဗိသုကာပညာရပ်များကိုသင်ယူခဲ့သည်။ကျောင်းတက်နေစဉ်တစ်ဖက်မှလည်းလက်တွေ့လုပ်ငန်းခွင်အဖြစ် MessersEreeson, Brathy & Kihib ဗိသုကာကုမ္ပဏီတွင်ဝင်ရောက်လုပ်ကိုင်ကာတည်ဆောက်ဆဲဖြစ်သောအတွင်းဝန်ရုံးတည်ဆောက်ရေးလုပ်ငန်းများကိုလေ့လာသင်ယူခဲ့သည်။
 
ဦးတင်သည်အိန္ဒိယနိုင်ငံမှ ၁၉၂၄တွင်ပြန်လာခဲ့ပြီးနောက်ရန်ကုန်မြို့တော်မြူနီစီပယ်ရုံးကြီးတွင်အဆောက်အဦးအင်ဂျင်နီယာ (Building Engineer) အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတာဝန်ထမ်းဆောင်နေစဉ်တစ်ဖက်မှလည်းဗိသုကာပညာရှင်အဖြစ်အထင်ကရအဆောက်အဦးအချို့ကိုပုံစံထုတ်ခြင်း၊ကိုယ်တိုင်ကြီးကြပ်တည်ဆောက်ခြင်းတို့ကိုလုပ်ဆောင်ခဲ့ပါသည်။
 
ကြီးမားကျယ်ပြန့်လှသော၊မြန်မာဆန်လှသော၊ဗိသုကာလက်ရာမြောက်လှသော မြို့တော်ခန်းမကြီး၊ ခြူးပန်းခြူးနွယ်များဖြင့် မြန်မာဆန်ဆန်အလှဆင်ထားသော၊မြန်မာတစ်မျိုးသားလုံးဂုဏ်ယူရမည့် အဆောက်အဦးကြီးကိုတည်ဆောက်ခဲ့သည်။ စည်သူဦးတင်ကားရန်ကုန်မြို့တော်ခန်းမအဆောက်အဦးကြီးကိုသာမကရန်ကုန်မြို့မှ အခြားအထင်ကရ အဆောက်အဦးအချို့ကိုလည်းပုံစံထုတ်ကာတည်ဆောက်ခဲ့သည်။စည်သူဦးတင် တည်ဆောက်ခဲ့ရသည့်အထင်ကရအဆောက်အဦးများနှင့် အကြံပြုခဲ့ရသည့်လုပ်ငန်းရပ်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
 
# ရန်ကုန်မြို့တော်ခန်းမ
# ရွှေတိဂုံစေတီတော်အနောက်မုခ်(နှစ်ပြားတန်ဆောင်း)
# ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ရသည့် ဆူးလေစေတီတော်အားမူလပုံစံအတိုင်းပြန်လည်တည်ဆောက်ခြင်း
# ရန်ကုန်ဗဟိုမီးသတ်အဆောက်အဦး
# စမ်းချောင်းမြို့နယ်မီးသတ်ရုံ
# ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ
# မြို့မအထက်တန်းကျောင်း(ယခင်)၊ (ယခု) အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
# ရန်ကုန်ဘူတာကြီး
# နိုင်ငံခြားကုန်သွယ်မှုဘဏ်(ရန်ကုန်) (MFTB)
# ကော်မာရှယ်ဘဏ်(မန္တလေး)
# ကောလိပ်ကျောင်းများ(မန္တလေး၊မော်လမြိုင်၊ပုသိမ်၊တောင်ကြီး)
 
တို့ဖြစ်ကြသည်။
 
==ကိုးကား==