ဦးသန့်: တည်းဖြတ်မှု မူကွဲများ

Reverted 1 edit by 65.18.121.178 (talk): Unreferenced. (TW)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
No edit summary
စာကြောင်း ၃၇ -
[[File:U Thant.png|thumb|left|150px|ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်]]
[[File:U Thant's family 1964.PNG|thumb|ဦးသန့် နှင့် ၎င်း၏ မိသားစုဝင်များ၊ အကိုဖြစ်သူ ခန့်၊ သောင်း နှင့် တင်မောင်၊ မိခင်ဖြစ်သူ နန်းသောင် နှင့် သမီးဖြစ်သူ အေးအေးသန့် နှင့် ခင်ပွန်းဖြစ်သူ ထွန်းမြင့်ဦး တို့အား ၁၉၆၄ ခုနှစ်တွင် တွေ့ရစဉ်။]]
လွတ်လပ်ရေးရခါစမြန်မာနိုင်ငံတွင် ဦးနု ဝန်ကြီးချုပ် ဖြစ်လာသောအခါ ဦးသန့်ကို ရန်ကုန်သို့ ခေါ်ယူပြီး ၁၉၄၈ ခုနှစ်တွင် အသံလွှင့်ဌာန၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ နောက်နှစ်များတွင် ဦးသန့်အား မြန်မာအစိုးရ၏ ပြန်ကြားရေး ဝန်ကြီးဌာနတွင် အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ဦးသန့်သည် ၁၉၅၁ ခုနှစ် မှ ၁၉၅၇ ခုနှစ်အထိ ဝန်ကြီးချုပ်၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မိန့်ခွန်းများ ရေးသားပေးခြင်း၊ နိုင်ငံခြား ခရီးစဉ်များ စီစဉ်ပေးခြင်း နှင့် နိုင်ငံခြားမှ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ နိုင်ငံတကာ ကွန်ဖရင့် အများအပြားကို တက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ် [[အင်ဒိုနီးရှားနိုင်ငံ]] [[ဘန်ဒေါင်းမြို့]] တွင် ကျင်းပသည့် [[ဘက်မလိုက်လှုပ်ရှားမှု]] ကို မွေးဖွားပေးခဲ့သော ပထမအကြိမ် [[အာရှ]] - [[အာဖရိက]] နိုင်ငံများဆိုင်ရာ ညီလာခံတွင် အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။ [[အ.ထ.က(၂)ဒဂုံ|မြို့မကျောင်း]] အုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။<ref>{{cite book |title=မြို့မအမျိုးသားကျောင်းသမိုင်း |date=၂၀၁၂ |publisher=ဦးစိုးဝင်း |page=Page 130-131}}</ref>
 
နောင်တွင် တည့်တည့်မှန်မှန်လုပ်တတ်သော၊ မှန်သည်ထင်လျှင် အလျှော့မပေးတတ်သော ဦးသန့် နှင့် တိုင်းပြည်ခေါင်းဆောင်ဖြစ်သည့် ဦးနုတို့ မသင့်မမြတ်ဖြစ်ရာမှ ၁၉၅၇ ခုနှစ်တွင် ဦးသန့်အား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ကာ တာဝန်ထမ်းဆောင်ရန် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ စေလွတ်ခဲ့သည်။ ဦးသန့်သည် ၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် အဖြစ်သာမက [[အယ်လ်ဂျီးရီးယားနိုင်ငံ]]၏ လွတ်လပ်ရေး စေ့စပ်ဆွေးနွေးမှုများတွင်လည်း ပါဝင်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရသည် ဦးသန့်ကို '''ပြည်ထောင်စုစည်သူသင်္ဂဟ''' ပြန်တမ်းအရ [[မဟာသရေစည်သူ|မဟာသရေစည်သူဘွဲ့]]နှင့် ဗိုလ်ရာထူး ပေးအပ်သည်။<ref>H.W. Wilson Company (1962). ''Current biography, Volume 23.'' H. W. Wilson Co.</ref>