ရဟန်းနှင့်မာတုဂါမ ဆက်ဆံရေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ကြည်ညိုး
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၉ -
မဖြစ်ရလေအောင်တင်းတင်းကြပ်ကြပ်တားမြစ်ထားခဲ့တာလို့ ယူဆပါတယ်။ တကယ်တော့ရဟန်းဆိုပေမယ့်ပုထုဇဉ်ရဟန်းတစ်ပါးဟာယောက်ျားတစ်ယောက်နဲ့ သိပ်မခြားနားပါဘူး။ စောင့်ထိန်းရမယ့်သိက္ခာပုဒ်တွေကို ဖယ်လိုက်ရင်ရဟန်းတော်ဟာလည်း ယောက်ျားတစ်ယောက်ပါပဲ။{{Citation needed}} ဒါကို မာတုဂါမဖြစ်တဲ့အမျိုးသမီးတွေသေသေချာချာသိသင့်ပြီးထိန်းသိမ်းသင့်ပါတယ်။<br />
 
===<u>ကြ</u>ည်ညိုမှု ===
===ကြည်ညိုးမှု ===
ခေတ်အဆက်ဆက်မှာနာမည်ကြီးလှတဲ့တရားဟောဓမ္မာစရိယဆရာတော်တွေလူထွက်ပြီး မိန်းမယူခဲ့တာတွေ သိကြမြင်ရပါလိမ့်မယ်။ ဒါတွေက ဘာကိုပြသလဲဆိုရင်အမျိုးသမီးတွေကတရားဟောဓမ္မာစရိယတွေတရားဟောပြောကောင်းပြီဆိုရင်ဘယ်နေရာဖြစ်ဖြစ် လိုက်လံ နာယူကြတာတွေ့ရှိပါတယ်။<ref>ဓမ္မာစရိယဆရာတော်လူထွက်</ref>ဟောတာ ပြောတာ ကောင်းလို့ကြည်ညိုလို့ လိုက်လံနာယူတာကနေရင်းနှီးခင်မင်လိုစိတ်တွေ ဖြစ်လာကြပါတယ်။ ဆရာတော်တွေ အနားရောက်အောင်သွားပြီးခင်မင်ခွင့်ရင်းနှီးခွင့်ကို ရအောင်ယူခြေဆုပ်လက်နယ်ပြုကုသိုလ်ယူကြတဲ့အမျိုးသမီးတွေလည်းအများကြီးပါ။ တစ်ချို့ဆို ကြည်ညိုလို့ဆိုပြီးခြေစုံကိုဦးတိုက်တဲ့အမျိုးသမီးတွေ၊ဆရာတော်လာမယ့်လမ်းမှာဆံပင်ဖြန့်ခင်းပြီးဆရာတော်ကို နင်းလျှောက်စေကာပူဇော်တဲ့အမျိုးသမီးတွေအများကြီးရှိပါတယ်။ ကိုယ်ကကြည်ညိုစိတ်နဲ့လုပ်တာမှန်ပေမယ့်ဆရာတော်တွေကလည်းပုထုဇဉ်လူသားယောင်္ကျားတွေဆိုတာကိုမမေ့သင့်ပါဘူး။ လိုအပ်တာထက် ရင်းနှီးလာပြီဆိုရင်သဒ္ဓါလွန်တော့ တဏှာကျွံဆိုသလိုတွေဖြစ်လာနိုင်ပါတယ်။ ရဟန်းတော်တွေဘက်က ကြည့်ရင်လည်းငယ်စဉ်ကလေးဘဝကတည်းကကိုရင်ဝတ် ၊ စာဝါလိုက်အသက်(၂၀)ပြည့်ပြန်တော့ရဟန်းခံ ၊ စာဝါလိုက် ဆိုတော့မိန်းမအကြောင်းသိဖို့ခဲယဉ်းလှပါတယ်။ ဒီလိုမျိုးနဲ့ရဟန်းဖြစ်လာခဲ့တဲ့ငယ်ဖြူဆရာတော်တွေဆိုရင်မိန်းမနဲ့ပက်သက်တဲ့ အတွေ့အကြုံနည်းလွန်းလှပါတယ်။ တစ်ဖက်မှာအမျိုးသမီးတွေက ကြည်ညိုစိတ်နဲ့ ကိုယ့်ကို အရမ်းရင်းနှီးပတ်သက်လာတဲ့အခါ အမျိုးသမီးဆန့်ကျင်ဘက်လိင်ဆိုတဲ့အတွေးမျိုးဝင်သွားတာနဲ့ အမှားတွေကြုံဖို့များလာပါလိမ့်မယ်။ ဒီလိုမဖြစ်အောင် ရဟန်းတော်တွေဟာ မာတုဂါမတွေနဲ့အတတ်နိုင်ဆုံးထိတွေ့ဆက်ဆံမှုမဖြစ်ဖို့ရှောင်ကြဉ်ကြရပါတယ်။<br />