ဒဂုန် ခင်ခင်လေး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Minor Encoding fixes by Lionslayer::.
စာကြောင်း ၄၄ -
 
 
ဒဂုန် ခင်ခင်လေးသည် ဝတ္ထုရှည် သုံးဆယ်ကျော်၊ ဝတ္ထုတို ငါးဆယ်ကျော်၊ ပြည်တွင်း ပြည်ပ ခရီးသွား ဆောင်းပါးများနှင့် အထွေထွေ ဆောင်းပါး အမြောက်အမြား ရေးခဲ့သည်။ ရွှေစွန်ညို၊ သား ရွှေစွန်ညို၊ စာဆိုတော်၊ တသက်လျာ၊ ဂုဏ်မြင့်သူ၊ ဂုဏ်နိမ့်သူ၊ မြိုင်ယံဘွား၊ ကွျန်းညိုညို၊ စစ်ရောင်ခြည်၊ ကမာ္ဘ့ရန်သူ စသည့် ဝတ္ထုများ ထင်ရှားသည်။ အထူးသဖြင့် နယ်ချဲ့ ဆန့်ကျင်ရေး ဝတ္ထုတပုဒ် ဖြစ်သော ရွှေစွန်ညို ဝတ္ထု (၁၉၃၃)နှင့် သီပေါမင်း လက်ထက် နန်းတွင်းသရုပ်ကို နောက်ခံပြု ရေးဖွဲ့သော စာဆိုတော် ဝတ္ထု (၁၉၅၁) တို့ ထင်ရှားသည်။ ရွှေစွန်ညိုကို မူလက ရွှေစွန်ညို၊ သားရွှေစွန်ညိုဟု နှစ်တွဲခွဲ၍ ထုတ်ခဲ့ပြီး၊ မူလက ရွှေစွန်ညို ဇာတ်လမ်းကို ရည်းစားဓားပြ (ရီးစားဓမြ) ဟူသော အမည်ဖြင့် ရုပ်ရှင် ရိုက်ကူးခဲ့သည်။ ပထမအကြိမ် ရိုက်ကူးစဥ်ကရိုက်ကူးစဉ်က သီပေါမင်း ပါတော်မူခန်း ထည့်သွင်း ရိုက်ကူးသည်ကို ဗြိတိသှျ အစိုးရက ခွင့်မပြုခဲ့ဟု သိရသည်။ ထိုဇာတ်ကားကို စစ်ပြီးခေတ်တွင် ဒုတိယအကြိမ် ရိုက်ကူး ပြသခဲ့သည်။ ရွှေစွန်ညိုနှင့် သားရွှေစွန်ညိုကို ရည်းစားဓားပြ (ရီးစားဓမြ) အမည်ဖြင့်ပင် စာအုပ် ထုတ်ဝေခဲ့သေးသည်။ စာဆိုတော် ဝတ္ထုမှာမူ မူလက ဒဂုန်မဂ္ဂဇင်းတွင် ဝတ္ထုတိုများ သဖွယ် အခန်းဆက် ရေးခဲ့ပြီး အဆုံးမသတ်ခဲ့သည်ကို အဆုံးသတ်၍ သုံးတွဲခွဲ ထုတ်ဝေသော ဝတ္ထုရှည်ကြီး ဖြစ်သည်။ ဒဂုန် ခင်ခင်လေး၏ ဝတ္ထုအများမှာ မှီငြမ်းပြု ဝတ္ထုများ ဖြစ်သည်။ ပါးလ်ဘတ် (Pearl S.Buck) ၏ Good Earth ဝတ္ထုကိုလည်း 'မြေပဒေသာ' အမည်ဖြင့် မြန်မာဘာသာ ပြန်ခဲ့သည်။