ယွန်းဆေးနှင့် ချိပ်ဆေး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီးNo edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃ -
နောင်အခါ ဂျပန်တို့သည် တရုတ်လူမျိုးထံမှ ယွန်းထည်ပြုလုပ်နည်းကို အတုယူ၍ လုပ်ကိုင်ခဲ့ရာ၊ အနောက်နိုင်ငံများတွင် ယွန်းထည်လုပ်ငန်းမှာ ဂျပန်ဆေးရောင်တင် လုပ်ငန်းဟူ၍ အမည်တွင်လောက်အောင် ကျွမ်းကျင်လျက်ပင် ရှိသေးသည်။ အနောက်နိုင်ငံတွင် ဤလုပ်ငန်းကို အတုခိုး၍ ပြုလုပ်ခဲ့သော်လည်း အရှေ့ တိုင်းသားများကဲ့သို့ ကျွမ်းကျင်တတ်မြောက်ခြင်း မရှိချေ။ ယွန်းထည်လုပ်ငန်းသည် မြန်မာနိုင်ငံ သထုံမြို့သို့ ယိုးဒယားနိုင်ငံမြောက်ပိုင်းမှ စတင်ရောက်ရှိလာခဲ့သည်။
 
သထုံမြို့ကို ရောက်ရှိလာရာ ထိုအချိန်မှစ၍ ယနေ့တိုင်အောင် ထွန်းကားလျက်ရှိသည်ဟု ဆိုသည်။ မုံရွာနယ် ကျောက်ကာရွာနှင့် ညောင်ဦးမြို့တို့သည်လည်း ယွန်းထည်လုပ်ငန်းအတွက် နာမည်ကြီးလေသည်။ [[ မြန်မာယွန်းထည်လုပ်ငန်းး|မြန်မာ့ယွန်းထည်လုပ်ငန်း]] ယွန်းထည် ပြုလုပ်ရာ၌ သုံးသည့် သစ်စေးကို ရပ်စဗာနီဆီဖာရားခေါ် အပင်မှ ရရှိသည်။ ဤသစ်စေးသည် အဆိပ် အပျော့စားတစ်မျိုး ဖြစ်၏။သို့သော် ယွန်းလုပ်ငန်းတွင် တာရှည်လုပ်ကိုင်လာသောအခါ၌မူကား လူကို ဘေးအန္တရာယ် မဖြစ်စေတတ်ချေ။ သစ်စေးကို ထုတ်ယူရာ၌ အသက် ၁ဝ နှစ်ခန့် ရှိသော အပင်ကို ရွေးချယ်၍ အခေါက်ကို လှီးဖြတ်ပေးရလေသည်။ အပင်မှ ထွက်စ၌ သစ်စေးတွင် သကာရောင်ရှိ၏။ သို့သော် မကြာမီ မည်းနက်လာလေသည်။ ဤသစ်စေးတွင် ရေအနည်းငယ် ပါရှိသဖြင့် ထိုရေကို ခန်းခြောက်သွားအောင် မီးဖြင့် အပူတိုက်ပေးကြ၏။ ထို့နောက် လေလုံပိတ်အိုးများတွင် သိုလှောင်ထား၍ အလိုရှိသောအခါ ထုတ်ယူသုံးစွဲကြသည်။ များသောအားဖြင့် ယွန်းထည်လုပ်ရန်အတွက် သစ်သားဖြင့် ပြုလုပ်သည့် အိမ်ထောင်ပရိဘောဂများကို သုံးကြသည်။ သို့သော် ဂျပန်တို့သည် ပန်းအိုးများ၊ ရွှေထည် ငွေထည်များ၊ သားရေအိတ်များနှင့် အခြား အိမ်တွင်းအလှအပ ပစ္စည်းများကိုလည်း အသုံးပြုကြလေသည်။ ယွန်းထည်၏ နှစ်လိုဖွယ်ကောင်းသော ဂုဏ်သတ္တိများမှာ အရောင်ပြောင်လက်နေခြင်းနှင့် ဆေးရောင်ခိုင်ခံ့ခြင်းတို့ပင် ဖြစ်သည်။ ဆေးရောင်မှာ အလွန် ခိုင်ခံ့ရကား ဆားငန်ရေတွင် သင်္ဘောနှင့်အတူ နစ်မြုပ်လျက် ရှိသည့် ယွန်းထည်များကို နှစ်ပေါင်းများစွာ ကြာပြီး နောက်မှာပင် အကောင်းပကတိအတိုင်း တွေ့ရှိကြရပေသည်။