မြန်မာယွန်းထည်လုပ်ငန်း: တည်းဖြတ်မှု မူကွဲများ

Typo, spelling and paragraph
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁ -
{{cleanup}}
[[ပန်းဆယ်မျိုး]] တွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ ယွန်းထည်ဟု ဆိုလိုက်လျှင် လက်ဖက်ဆီဝနေပြီးလျှင် နက်မှောင်ပြောင်လက်နေသည့် လက်ဖက်အုပ်ကလေးကို ပြေးမြင်မိသူက မြင်မိပေလိမ်မည်။ နှီးဖြင့် လည်းကောင်း၊ သစ်ပျော့ဖြင့်လည်းကောင်း ပြုလုပ်ထား၍ သစ်စေးသရိုးကိုင် ပန်းပြောက်ခြယ်ထားသော ယွန်းထည်များသည် မြန်မာ့ရိုးရာ အသုံးအဆောင်များတွင် အပါအဝင် ဖြစ်သည်။ ဖန်ထည်၊ မှန်ထည်၊ မြေထည်၊ ကြွေထည်၊ ပလပ်စတစ်ထည်များကို ခေတ်သုံးတွင်လျက်ရှိလင့်ကစား၊ ယွန်းထည် အသုံးသည် ယခုခေတ်တိုင် တိမ်ကောပျောက်ကွယ်ခြင်း မရှိသေးပေ။ ရှေးမြန်မာ မိသားစုတို့သည် ယွန်းဒေါင်းလန်းကြီးတွင် တစ်စုတစ်ဝေးတစုတဝေး လက်ရေတပြင်စီး ထမင်းလက်ဆုံ စားခဲ့ကြသဖြင့် တစ်ဦးနှင့်တစ်ဦး ပို၍ ခင်မင်တွယ်တာကြသည်။ မိသားစုစိတ်ဓာတ် ပိုမိုခိုင်မြဲသည်ဟု ဆိုကြသည်။ ယွန်းရေခွက်ထဲမှ သောက်ရေသည် ပို၍ ရင်အေးသည်ဟု အယူ ရှိခဲ့ကြသည်။ ရုပ်စုံ ကွမ်းအစ်၊ ရုပ်စုံလင်ပန်း၊ ရွှေရေးပန်းစိုက်၊ ရွှေရေး ဆေးလိပ်ဗူး စသည်တို့သည် အိမ်ကျက်သရေဆောင် ပစ္စည်းများအဖြစ် ဝင့်ကြွားစွာ ရှိနေကြသည်။ တစ်ဦးနှင့်တစ်ဦး အမြတ်တနိုး လက်ဆောင်ပေးရသော ပစ္စည်းများ ဖြစ်နေကြသည်။ ကျေးလက်များတွင် မင်္ဂလာဆောင်နှင့် ရှင်ပြုအခမ်းအနား ဥပုသ်သီတင်း ဆောက်တည်မှု ပြုကြရာ၌ ဆွမ်းအုပ်၊ ဆွမ်း တောင်း၊ ဆွမ်းချိုင့်တို့သည် မပါမပြီးသော အသုံးအဆောင်များ ဖြစ်ကြပေသည်။
 
မြန်မာနိုင်ငံတွင် ယွန်းထည်များကို ပုဂံနှင့် ညောင်ဦး၊ မုံရွာခရိုင်အတွင်းရှိ ကျောက်ကာရွာနှင့် မောင်းထောင်ရွာများတွင် အများအပြား လုပ်ကိုင်ကြသည်။ ရှမ်းပြည်၊ ကျိုင်းတုံနယ်မှ အလှသုံး ရွှေချယွန်းထည်များ ထွက်သည်။ ယွန်းထည်ဟု သိမ်းရုံး၍ဆိုရလင့်ကစား ကျောက်ကာချိုင့်၊ မောင်းထောင်ခွက် စသည့်ဖြင့် ထွက်ရှိရာ အရပ်ဒေသကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းလည်း ပြုကြသည်။ အခြေခံအားဖြင့် လုပ်ကိုင်ပုံ၌ စံနစ်ချင်းတူကြသော်လည်း မွမ်းမံပြင်ဆင်မှု၌ တစ်ရပ်နှင့်တစ်ရပ် တစ် ဒေသနှင့်တစ်ဒေသတစ်ဒေသနှင့်တစ်ဒေသ [[တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း]]၍ အနည်းငယ် ကွဲပြားခြားနားမှု ရှိလေသည်။ ပုဂံထွက် ယွန်းထည်များမှာ များသောအားဖြင့် တစ်ကြောင်းဆွဲ ဆေးသွင်း ပန်းချီပုံများဖြင့် ခြယ်လှယ်ထားသည်။ ကျောက်ကာထည်များသည် တောက်ပြောင်သော အနက်ရောင်၊ အနီရောင် ဗိန်းသက်သက်များ များပြားသည်။ ကျိုင်းတုံ ယွန်းထည်များမှာ ရွှေချရုပ်ကြွ၊ ပန်းကြွကလေးများဖြင့် မွမ်းမံထားလေသည်။
 
== ဝေါဟာရရင်းမြစ် ==