မြန်မာယွန်းထည်လုပ်ငန်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၉ -
သို့သော် ပုဂံခေတ်ကပင် ယွန်းထည် ပစ္စည်းများသည် ပုဂံပြည်သို့ ရောက်ခဲ့သည် ဟူသော အဆိုတရပ် ရှိပြန်သည်။ ပုဂံမြို့ မင်္ဂလာစေတီ၌ ခရစ် ၁၂၇၄ ခုနှစ်ခန့်က ခန့်မှန်းရသော ယွန်းကြုတ်တစ်ခုကို တွေ့ရသည် ဟုဆိုသည်။ ထိုကြောင့် ပုဂံပြည့်ရှင် အနော်ရထာမင်း လက်ထက်ကပင် ယွန်းအတတ်ပညာသည်များသည် ဇင်းမယ်နှင့်နီးစပ်သော သထုံပြည်သို့ ရောက်ရှိနေခဲ့ဟန်တူ၍ သထုံကို အနော်ရထာ သိမ်းပိုက်သောအခါ ထိုအတတ်ပညာသည်များလည်း ပုဂံသို့ ပါလာဟန်တူသည်။ အခြားအယူအဆတစ်ခုမှာ ယွန်းလုပ်ငန်း၏ မူလဘူတဖြစ်သော လောနိုင်ငံနှင့်ရှမ်းပြည်သည် နီးစပ်သဖြင့် ယွန်းလုပ်ငန်းသည် ရှမ်းပြည်သို့ ပျံ့နှံ့ရောက်ရှိခဲ့ရာ အနော်ရထာမင်းလက်ထက်တွင် ရှမ်းပြည်မှ ယွန်းအတတ်ပညာသည်များ ပုဂံသို့ ခေါ်ယူလုပ်ကိုင်စေခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုကြပြန်သည်၊ မည်သို့ပင်ဖြစ်စေ ပုဂံယွန်းထည်နှင့် လဲချားယွန်းထည်များ၏ မူလဘူတသည် တစ်ခုတည်းသာ ဖြစ်မည်ဟုယူဆရသည်။ အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်မှ ယွန်းထည်များသည် ပုဂံသို့ ရောက်နိုင်၍ ပုဂံမှ ယွန်းထည်များသည် ရှမ်းပြည်သို့ အပြန်အလှန် ရောက်ရှိနိုင်ပေသည်။ လက်ရာများကို နှိုင်းယှဉ်ကြည့်သည့်အခါ လဲချားယွန်းထည်များသည် ပုဂံယွန်းထည်များကဲ့သို့ ပန်းချီပုံများဖြင့် ချယ်လှယ်ခြင်း မပြုဘဲ နှီးဖြင့် ယက်လုပ်ထားသည့် အကွက်အဆင်အတိုင်းပေါ်အောင် သရိုးကိုင်ထားသည်။ ရှေးပုဂံယွန်းထည် များတွင် ထိုအကွက်အဆင်များကို ဆေးရောင်ဖြင့် လိုက်ထားသည်။ ထိုအချက်ကို ထောက်ရှု၍ လဲချားယွန်းထည်သည် ပုဂံယွန်းထည်ထက်ပို၍ ရှေးကျပြီးလျှင် ယွန်းအတတ်ပညာသည် လဲချားမှပုဂံသို့ ရောက်လာခြင်း ဖြစ်မည်ဟုလည်း ယူဆဖွယ်ရာ ရှိပေသည်။
 
ယွန်းလုပ်ငန်းကို ရှေးက ပန်းယွန်းဟုလည်း ခေါ်ကြသည်။ ယွန်းထည်လုပ်ကိုင်ရာ၌ မူလထား၍ အသုံးပြုရသော ပစ္စည်းများမှာ တင်းဝါး၊ [[သစ်စေး]]နှင့် ဟင်္သပြဒါးတို့ဟင်္သါပြဒါးတို့ ဖြစ်ကြသည်။ ယင်းတို့အနက် သစ်စေးသည် အခရာဖြစ်သည်။ သစ်စေးကို သစ်စေးပင်မှ ရရှိသည်။ သစ်စေးပင်သည် မိုးပါးသောဒေသများတွင် မြေပြင် အမြင့်ပေ ၃၅ဝဝ အထိ ပေါက်ရောက်သော သစ်တောများတွင် တွေ့ရှိရသည်။ သစ်စေးကို ထိုအပင်၏ အခေါက်မှ ရရှိသည်။ [[ဟင်းသပြဒါးဟင်းသါပြဒါး|ဟင်္သပြဒါးဟင်္သါပြဒါး]] ကို တရုတ်နိုင်ငံမှ တင်သွင်းရသည်။ အရောင်တင်ရန်အတွက် ရှမ်းဆီကို အသုံးပြုကြသည်။ တင်းဝါးကို ရရှိရန် မခက်ခဲဘဲ တန်ဖိုးလည်း မများလှသော်လည်း သစ်စေးနှင့်ဟင်္သပြဒါးမှာသစ်စေးနှင့်ဟင်္သါပြဒါးမှာ တန်ဖိုးကြီးလှလေသည်။
 
ယွန်းထည်ပစ္စည်းများ လုပ်ကိုင်ပုံမှာ ဦးစွာ ဝါးကို ခွဲ၍ ဝါး၏အတွင်းအူသားနှင့် အကြောများကို ထုတ်ပစ်ပြီးလျှင် အတွင်းသားကို နှီးဖျာရသည်။ တင်းဝါးတစ်လုံးလျှင် သောက်ရေခွက်အလုံးအစိတ်ခန့် ရနိုင်၍ လက်ဖက်အုပ်ဆိုလျှင် ၁၅ လုံး ခန့်ရနိုင်လေသည်။ နှီးဖျာရာ၌ နှီးပြားနှင့် နှီးလုံးဖျာခြင်းဟူ၍ရှိသည်။ နှီးပြားကို လက်ဖက်အုပ်၊ ဆွမ်းအုပ်စသည်တို့ ပြုလုပ်ရာ၌ အသုံးပြု၍ နှီးလုံးကိုမူ ရေခွက်ရက်လုပ်ရာ၌ အသုံးပြုကြလေသည်။ ကွမ်းအစ်အတွက်ကိုမူ နှီးလုံးသုံးသူသုံး၍ နှီးပြားသုံးသူ သုံးကြသည်။