ခရိုအေးရှားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ပထဝီဝင်
အရေးမကြီး →‎ပထဝီဝင်
စာကြောင်း ၈၂ -
 
 
တောင်များထူထပ်သော မြောက်ပိုင်းဒေသ Hrvatsko Zagorje နှင့် ပန်နိုနီးယန်းမြစ်ဝှမ်း(Annonian Basin)၏ အစိတ်အပိုင်းများဖြစ်သည့် အရှေ့ဘက် ဆလိုဗေးနီးယားလွင်ပြင်တွင် [[ဒန်ညုမြစ်]]၊ ဒရာဗာမြစ်(Drava)၊ ကူပါမြစ်(Kupa)နှင့် ဆာဗာမြစ်(Sava)တို့ ဖြတ်သန်းစီးဆင်းနေသည်။ ဒန်ညုမြစ်သည် ဥရောပ၏ ဒုတိယအရှည်ဆုံးမြစ်ဖြစ်ပြီး ဗူကိုဗာမြို့(Vukovar)၏ အရှေ့ဖျားသို့ ဖြတ်သန်းစီးဆင်းပြီး ဆားဘီးယားနိုင်ငံ ဗာ့ဗိုဒီးနားဒေသ(Vojvodina)နှင့် နယ်ခြားမျဉ်းသဖွယ်ဖြစ်၍ နေသည်။ အေဒြီယက်တစ်ပင်လယ်ပင်လယ်ကမ်းရိုးတန်းအနီး အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများ၊ ကျွန်းများတွင် သိပ်မမြင့်မားသော တောင်များနှင့် သစ်တောများ ဖုံးလွှမ်းထားသော ကုန်းမြင့်များ တည်ရှိသည်။ နိုင်ငံတွင်း တွေ့ရသော သဘာဝရင်းမြစ်များသည် ထုတ်လုပ်မှုပြုလုပ်နိုင်သည့် လုံလောက်သော ပမာဏရှိပြီး ထိုသဘာဝရင်းမြစ်များတွင် ဆီ၊ ကျောက်မီးသွေး၊ ဘော်ဆိုက်သတ္တု(Bauxite)၊ အဆင့်နိမ့် သံရိုင်း၊ ထုံး၊ ဂျစ်ပဆမ်(Gypsum)၊ သဘာဝ ကတ္တရာ(Natural Asphalt)၊ ဆီလီကာ၊ ကြွေ၊ ရွံ့၊ ဆားနှင့် ရေအားလျှပ်စစ်တို့ ပါဝင်သည်။<ref name="CIA"/> ခရိုအေးရှားနိုင်ငံ၏ မြေတဝက်လောက်သည် ကရက်စ်မြေမျက်နှာသွင်ပြင်အနေအထားဖြစ်ပြီး သိသာထင်ရှားသော အရာမှာ ဒနဲရစ် အဲ့ပ်တောင်တန်းဖြစ်သည်။<ref>{{cite web|url=http://www.geografija.hr/clanci/1011/rasirenost-krsa-u-hrvatskoj |title=Raširenost krša u Hrvatskoj |trans-title=Presence of Karst in Croatia |language=Croatian |publisher=Croatian Geographic Society |date=18 December 2006 |author=Mate Matas |accessdate=၁၁ စက်တင်ဘာ ၂၀၂၀ |work=geografija.hr |archivedate=9 June 2012 |url-status=dead |archiveurl=https://web.archive.org/web/20120609163634/http://www.geografija.hr/clanci/1011/rasirenost-krsa-u-hrvatskoj |df=dmy }}</ref> ထို့ပြင် ခရိုအေးရှားနိုင်ငံ၌ နက်ရှိုင်းသော ဂူများရှိပြီး ဂူ ၄၉ ခုမှာ {{convert|250|m|2|abbr=on}} ထက် နက်ရှိုင်းပြီး ၁၄ ခုမှာ {{convert|500|m|2|abbr=on}} ထက် နက်ရှိုင်းကာ ဂူ ၃ ခုမှာ {{convert|1000|m|2|abbr=on}} ထက် ပို၍နက်ရှိုင်းသည်။ ခရိုအေးရှားနိုင်ငံ၏ အကျော်ကြားဆုံးသော ရေကန်မှာ [[ပလစ်ဗစ် ရေကန်များ အမျိုးသားဥယျာဉ်|ပလစ်ဗစ်ရေကန်]]ဖြစ်ပြီး ရေကန် ၁၆ ခုပါဝင်ကာ dolomite နှင့် ထုံးကျောက်ဆောင်များကို ဖြတ်သန်းသွားသော ရေတံခွန်များဖြင့် တစ်ခုနှင့် တစ်ခု ဆက်သွယ်ထားကြသည်။ ရေကန်များသည် သူတို့၏ စိမ်းပြာရောင်မှာစိမ်းပြာရောင်မှ mint green ရောင်ထိရှိသော အရောင်များ၊ အညို သို့မဟုတ် အပြာရောင်စသော မတူကွဲပြားသော အရောင်များကို ပိုင်ဆိုင်ကြသောကြောင့် ကျော်ကြားကြပါသည်။<ref name="BBC-Plitvice">{{cite web|publisher=BBC |url=http://www.bbc.com/travel/feature/20110617-the-best-national-parks-of-europe |title=The best national parks of Europe |date=28 June 2011 |accessdate=၁၁ စက်တင်ဘာ ၂၀၂၀ |archivedate=1 July 2012 |url-status=live |archiveurl=https://web.archive.org/web/20120701184734/http://www.bbc.com/travel/feature/20110617-the-best-national-parks-of-europe |df=dmy }}</ref>
 
=== ရာသီဥတု ===