တိန့်ရှောင်ဖိန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး robot Adding: sco:Deng Xiaoping
အရေးမကြီး Fixing typo and encoding errors by @=={Lionslayer>
စာကြောင်း ၁ -
{{Infobox လူ
|အမည် = တိန့်ရှောင်ဖိန် <br /> Deng Xiaoping
|ပုံ = DengXiaoping.jpg
|caption = တိန့်ရှောင်ဖိန် (၁၉၇၉)
| အမည်ရင်း = တိန့်ရှဲန်းစိန့် (鄧先聖)
| အမည်ကွဲ =
စာကြောင်း ၂၄ -
| ဝက်ဘ်​ဆိုက်​ =
}}
'''တိန့်ရှောင်ဖိန်''' (鄧小平) (မူလအမည် တိန့်ရှဲန်းစိန့်; 鄧先聖) (၁၉၀၄ ဩဂုတ် ၂၂ - ၁၉၉၇ ဖေဖော်ဝါရီ ၁၉) သည် [[တရုတ်ပြည်]] စီချွမ်းပြည်နယ် ကွမ်အန်းခရိုင် ဖိုင်ဖန်းရွာရှိ ဟတ်ကားမိသားစုမှ ဆင်းသက်လာသည်။ ၎င်းသည် [[တရုတ် ကွန်မြူနစ်ပါတီ]]ဝင်၊ တရုတ် [[ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်]]နှင့် [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]]၏ အရေးပါသော ခေါင်းဆောင် တစ်ဦးဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီက သူ့အား [[မာ့ခ်ဝါဒ|မာ့ခ်စ်]]ဝါဒီ၊ တော်လှန်ရေးသမား၊ နိုင်ငံရေးသမား၊ စစ်ရေးကျွမ်းကျင်သူ၊​ နိုင်ငံခြားရေး သံတမန်ဟု အမွန်းတင်ကာ တရုတ်ဆိုရှယ်လစ်ဝါဒနှင့် ခေတ်သစ်တည်ဆောက်ရေး စီမံကိန်းကို ဦးဆောင်ရေးဆွဲသူဟု မှတ်ယူထားသည်။ သူ့တသက်တွင် နိုင်ငံတော်နှင့် အစိုးရ အကြီးအကဲ စသည့်ရာထူးများကို မရယူခဲ့သော်လည်း လက်တွေ့တွင်မူ ၁၉၇၈ ခုနှစ်မှ ၁၉၉၀ ပြည့်လွန်နှစ်များအထိ တရုတ်ပြည်ကို ကြီးစိုးခဲ့သည်။
 
တိန့်ရှောင်ဖိန်သည် တရုတ်ပြည်အား ဈေးကွက်စီးပွားရေးစနစ်ဆီသို့ ဦးဆောင်သွားခဲ့သူ ပြုပြင်ပြောင်းလဲရေး သမားတစ်ဦးဖြစ်သည်။ လက်ရှိ [[ဟောင်ကောင်]]နှင့် [[မကာအို]]တို့တွင် ကျင့်သုံးနေသည့် [[တပြည်ထောင် နှစ်စနစ်]]ကို အဆိုပြုတင်သွင်းခဲ့သူလည်း ဖြစ်သည်။ သူချမှတ်ခဲ့သည့် မူဝါဒများသည် ၂၀ ရာစု နှောင်းပိုင်းတွင် တရုတ်ပြည်အပေါ်သာမက ကမ္ဘာ့ စီးပွားရေး၊ နိုင်ငံရေး အခြေအနေကိုလည်း အတိုင်းအတာ တစ်ခုအထိ သက်ရောက်စေခဲ့သည်။ ထို့ကြောင့်လည်း တိုင်းမ်မဂ္ဂဇင်းက ၎င်းအား မျက်နှာဖုံးတွင် ၈ ကြိမ်ဖော်ပြခဲ့ပြီး ၁၉၇၈ ခုနှစ်နှင့် ၁၉၈၅ ခုနှစ်၏ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့သည်။<ref>[http://www.zaobao.com/special/newspapers/2008/12/hongkong081213d.shtml 《时代》周刊:邓小平改变了世界]</ref>。