"ဂျွန်ကယ်လ်ဗင်" ၏ တည်းဖြတ်မှု မူကွဲများ

၁ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၉ နှစ်
အရေးမကြီး
Fixing typo and encoding errors by @=={Lionslayer>
အရေးမကြီး (robot Adding: az:Jan Kalvin)
အရေးမကြီး (Fixing typo and encoding errors by @=={Lionslayer>)
ကယ်လ်ဗင် အသက်ကိုးနှစ်အရွယ်တွင် [[ဂျာမနီ]]ရှိ [[မာတင်လူသာ]]က ကန့်ကွက်ချက် ၉၅ချက်ကို ရေးသားချိတ်ဆွဲခဲ့ချိန်လည်း ဖြစ်သည်။(ထိုမှ အစပြုပြီး ပရီုတက်စတင့် တော်လှန်ရေးစတင်ခဲ့ခြင်းဖြစ်သည်။)သို့ဖြင့် ငယ်ရွယ်စဉ်က ရိုမန်ကတ်သလစ်အဖြစ်နေခဲ့ရာမှ ပရိုတက်စတင့်ဂိုဏ်းဝင် တစ်ဦးဖြစ်လာခဲ့သည်။ ထိုနောက် ဖမ်းဆီးနှိပ်ကွပ်သည့် ဘေးမှလွတ်ရန် ပါရီမှပြေးခဲ့ပြီး အတန်ကြာအောင် ခရီးလှည့်လည်နေခဲ့သည်။ ထိုနောက်ပိုင်း ဆွစ်ဇာလန်နိုင်ငံ ၊ ဗရက်ဆဲလ်မြို့ တွင်လျှို့ဝှက်နေထိုင်ပြီး ထာ၀ရဘုရားဝါဒကို အပြင်းအထန်လေ့လာဆည်းပူးသည်။၁၅၃၉ ခုနှစ်၊ အသက် ၂ရနှစ်တွင် အကျော်ကြားဆုံးနှင့် လူသိအများဆုံး ကျမ်းဖြစ်သည့် ခရစ်ယာန်ဘာသာ ယုံကြည်မှု လေ့လာပုံအမျိုးမျိုး ကိုထုတ်ဝေခဲ့သည်။ ထိုကျမ်းတွင် ပရိုတက်စတင့် တို့အတွက် ကိုးကွယ်ဆည်းကပ်မှု ပုံစံများကို စနစ်တကျပုံသွင်း ရေးသားပြုစုပေးခဲ့သဖြင့် လူသိများထင်ရှားလာခဲ့တော့သည်။
 
ထိုအချိန်တွင် ပရိုတက်စတင့်တို့မှာ အလျင်အမြန်အားကောင်းလာပြီဖြစ်သဖြင့် ဂွျန်ကယ်လ်ဗင်လည်း ဂျီနီဗာမြို့သို့ ပြောင်းရွေ့လာပြီး အများ၏ ယုံကြည်မှုခေါင်းဆောင်ဖြစ်လာတော့သည်။ အချိန်တိုအတွင်း အယူပြင်းထန်သူ ဂွျန်ကယ်လ်ဗင် နှင့် ဂျီနီဗာသားတို့မှာ မသင့်မတင့်ဖြစ်လာကာ သူ့အားနှင်ထုတ်လိုက်ကြသည်။ သို့သော် ၁၅၄၁ တွင်ပြန်လည် တောင်းပန်ပင့်ဖိတ်ပြန်သဖြင့် ဂျီနီဗာသို့ပြန်လာပြီး ကွယ်လွန်ချိန် ၁၅၆၄အထိ ခေါင်းဆောင်အဖြစ်နေထိုင်သွားခဲ့သည်။
 
ဖွဲ့စည်းပုံ သဘောတရားအရ ဂွျန်ကယ်လ်ဗင်မှာ ဂျီနီဗာ၏ အာဏာပိုင်မဟုတ်ပေ။ အာဏာကို အုပ်ချုပ်ရေးကောင်စီမှ ကောင်စီဝင် ၂၅ဦးကချုပ်ကိုင်ထားခြင်းဖြစ်ပြီး မြို့တော်သားများက ကိစ္စအဝဝတွင် လွတ်လပ်စွာ မဲပေးခွင့်ရှိကြသည်။ နှင်ထုတ်ခံခဲ့ရစဉ်က ကောင်စီဝင်များနှင့် မပြေလည်သောကြောင့်လည်းဖြစ်သည်။ သို့သော် ၁၅၅၅ နောက်ပိုင်းမှစတင်ကာ ဂျီနီဗာ၏ အာဏာရှင်သဖွယ် နေထိုင်အုပ်ချုပ်သွားခဲ့သည်။
၃၂၆၀၈

တည်းဖြတ်မှုများ