သခင်မြ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး Fixing typo and encoding errors by @=={Lionslayer>
စာကြောင်း ၄၆ -
ငယ်စဉ်က ပြည်မြို့ အစိုးရအထက်တန်းကျောင်းနှင့် သာယာဝတီမြို့ ကရင် အေဘီအမ်အထက်တန်းကျောင်းများတွင် ပညာသင်ကြားခဲ့သည်။ ၁၉၁၆ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ရန်ကုန်မြို့ စိန်ဂျွန်းကျောင်းမှ စကောလားရှစ်ဆုနှင့် အောင်မြင်ကာ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပစာသိပ္ပံတန်းကို အောင်မြင်သည်။ ၁၉၂၀ ရန်ကုန်ကောလိပ် သပိတ်ကြီးတွင် သပိတ်မှောက် ကျောင်းသားတဦး အဖြစ်ပါဝင်ခဲ့သည်။
 
ထိုဏ္ဍနောက် ကြည့်မြင်တိုင် အမျိုးသားကျောင်းတွင် ကျောင်းအုပ်အဖြစ် ဆောင်ရွက် ခဲ့ပြီးလျင် တက္ကသိုလ်တွင် ပညာဆက်လက်သင်ပြန်ရန် ဘီအက်စ် ဂုဏ်ထူးတန်းကို ၁၉၂၄တွင် အောင်မြင်သည်။ ရန်ကုန်မြို့အထက်တန်းကျောင်းတွင် သိပ္ပံဆရာအဖြစ် ဆောင်ရွက်နေရင်း ၁၉၂ရခုနှစ်တွင် ဘီအယ်လ် (ဥပဒေဝိဇ္ဇာတန်း) ကို အောင်မြင်ပြန်သည်။
 
==ရှေ့နေဘဝ==
စာကြောင်း ၅၂ -
 
==နိုင်ငံရေးလှုပ်ရှားမှု==
၁၉၄၃ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီး သခင်အမည်ခံကာ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ၁၉၃၇ ခုနှစ်တွင် အရွေးခံရသည်။ လွှတ်တော်တွင် လစာမယူဘဲ ဆောင်ရွက်ခဲ့သည့်အပြင် (ထိုခေတ်က ၅၀၀၀ စားခေတ်) ၁၃ဝဝပြည့် အရေးတော်ပုံအတွင်း အစိုးရ၏ ပြုမူဆောင်ရွက်ပုံများကို မကျေနပ်သဖြင့် ဥပဒေပြုလွှတ်တော် အမတ်အဖြစ်မှ နှုတ်ထွက်၍ တဖန်အရွေးခံသောအခါ မဲဆန္ဒရှင်များသည် သူ့ကိုပင် အားထားနှစ်သက်ကြသဖြင့် ရွေးကောက်ခြင်းခံရပြန်သည်။ ၁၉၃၉ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးကြီး၏ ဥက္ကဌဖြစ်လာပြီး ၁၉၄၀ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံးဥက္ကဌ ဖြစ်လာလေသည်။
 
ဂျပန်ခေတ်တွင် လွတ်လပ်ရေးပြင်ဆင်မှုအဖွဲ့ဝင်၊ ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီး အဖြစ်လည်းကောင်း၊ ဒုဝန်ကြီးချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့လေသည်။ ဂျပန်တို့၏ ဖိနှိပ်ရက်စက်မှုကို တွန်းလှန်ရန် ၁၉၄၄ ခုနှစ်တွင် ဖဆပလ အဖွဲ့ချုပ်ကြီးကို လျို့ဝှက်စွာ တည်ထောင်ခဲ့ရာ ပြည်သူ့ အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) လည်းပါဝင်ခဲ့ရာ သခင်မြသည် ထိုပါတီ၏ ခေါင်းဆောင်ဖြစ်သည်။ ဂျပန်တော်လှန်ရေး ပြီးသည့် နောက်တွင် ဖဆပလအဖွဲ့ချုပ်ကြီးတွင် ပါဝင်ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ဆိုရှယ်လစ်ပါတီ တည်ထောင်သောအခါ ဥက္ကဌဖြစ်လာသည်။
 
ဖဆပလအစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ်လည်းကောင်း၊ နောင် ဘဏ္ဌာရေးဝန်ကြီး အဖြစ်လည်းကောင်း ဆောင်ရွက်ရလေသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အင်္ဂလိပ်အစိုးရက ဖိတ်ခေါ်ဆွေးနွေးသောအခါ ဗြိတိန်နိုင်ငံသို့ ဗိုလ်ချုပ်နှင့်အတူ ကိုယ်စားလှယ်တော် တစ်ဦးအနေနှင့် လိုက်ပါခဲ့ရသည်။ သခင်မြသည် ရိုးဖြောင့်ခြင်းဂုဏ်နှင့် ပြည့်စုံပြီး ကိုယ်ကျိုးမငဲ့ ဆောင်ရွက်ခဲ့ပုံများကို လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် အကြိမ်ကြိမ်တွေ့မြင်ကြရသည်။
စာကြောင်း ၆၁ -
 
==ဘဝနိဂုံး==
ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်(၁၃၀၉ခုနှစ် ၀ါခေါင်လဆန်းဝါခေါင်လဆန်း ၂ရက်)၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အသက်ဆုံးရှုံးခဲ့ရရှာသည်။