စစ်ကိုင်းတိုင်းဒေသကြီး: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး 69.160.24.38 (ဆွေးနွေး) ၏ တည်းဖြတ်မူ 537046 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၈၅ -
 
== မြို့တော် ==
လွပ်လပ်ရေးရပြီးခါစကာလတွင် စစ်ကိုင်းတိုင်းမြို့တော်သည် စစ်ကိုင်းမြို့ဖြစ်သော်လည်း ၁၉၆၀ နောက်ပိုင်းကာလများတွင် တိုင်းဒေသကြီး၏ အချက်အချာဖြစ်ခြင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် အောက်ပိုင်းတို့ပေါင်းဆုံရာ ဗဟိုအချက်အခြာဖြစ်ခြင်း၊ တိုင်းဒေသကြီး၏ စီပွားရေး ဗဟိုချက်ဖြစ်နေခြင်း၊ အထက်အညာကျေးရွာများ၏ မှီခိုအားထားရာဖြစ်ခြင်း၊ အိန္ဒိယနိုင်ငံ၏ ကုန်စည်စီးဆင်းရာ အရပ်ဒေသဖြစ်နေခြင်းတို့ကြောင့် မုံရွာမြို့ သည် လူဉီးရေးနှင့် စီပွားရေး တဟုန်ထိုး တိုးတက်လာသည့်အခါ စစ်ကိုင်းတိုင်း၏ စီပွားရေးမြို့တော်အဖြစ် မြန်မာတစ်နိုင်ငံလုံးမှ အသိမှတ်ပြုလာခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော်မှာ စစ်ကိုင်းမြို့ဖြစ်သည်။
 
၂၀၀၂ ခုနှစ်အထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းအဆင့် အစိုးရရုံးများသည် စစ်ကိုင်းမြို့တွင် ရှိခဲ့သော်လည်း မန္တလေးတိုင်းနှင့်နီးကပ်စွာရှိနေခြင်းကြောင့် တိုင်းမြို့သည် မန္တလေးအားမှီခိုအားထားနေရခြင်း၊ တိုင်းနယ်နိမိတ်စည်း၏ အစွန်အဖျားတွင် ရှိနေခြင်းကြောင့် အုပ်ချုပ်မူကိစ္စများတွင် နှောင်နှေးရခြင်း၊ စစ်ကိုင်းအထက်ပိုင်းဒေသအား ကုန်းလမ်းဖြင့်သာ ဆက်သွယ်နိုင်ခြင်း၊ လေကြောင်းခရီးအတိုင်းအတာအရ မန္တလေးနှင့် နီးကပ်စွာ ရှိနေခြင်းကြောင့် လေကြောင်းခရီးမပေါက်ခြင်း၊ မြို့ပေါ်နေ လူဉီးရေတိုးတက်နူန်းနှေးကွေးခြင်းနှင့် စစ်ကိုင်းမြို့စီပွားရေးသည် မန္တလေး၏လက်ဝေခံဖြစ်နေခြင်း စသည့် ဆိုးကျိုးများကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းအဆင့် အစိုးရရုံးများသည် တိုင်းဒေသကြီးဗဟိုအချက်အချာဖြစ်ရာ မုံရွာမြို့ သို့ ပြောင်းရွေ့လာခဲ့ကြသည်။
 
၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် မုံရွာမြို့အား မြန်မာနိုင်ငံအရပ်ရပ်မှ ကုန်လမ်း၊ ရေလမ်း၊ လေကြောင်းမှ လွယ်ကူချောမွေ့စွာ သွားလာနိုင်နေပြီဖြစ်သည်။ ၂၀၀၂ ခုနှစ် မုံရွာမြို့ အနီးတွင် ဖွင့်လှစ်လိုက်သော ချင်းတွင်းတံတားသည် အနောက်ဘက်ချင်းတွင်းဒေသမှ ကုန်စည်စီးဆင်းများ ပိုမိုအားကောင်းသွားစေခဲ့သည်။
 
၂၀၁၀ ခုနှစ်တွင် မြို့တော်မြို့များမှ စစ်ဌာနချုပ်များရှိသော မြို့များသို့ ပြောင်းရွေ့ထားခဲ့ကြသော တိုင်းအဆင့်ရုံးများကို သက်ဆိုင်ရာတိုင်းမြို့များသို့ ပြန်လည်ပြောင်းရွေ့ သတ်မှတ်ခဲ့သော်လည်း စစ်ကိုင်းတိုင်းတွင်မူ စစ်ကိုင်းမြို့၌ မည်သည့်တိုင်းအဆင့်ရုံးမှ ပြန်လည်ပြောင်းရွှေ့ခြင်းများ မပြုလုပ်ခဲ့ကြဘဲ မြို့တော်မုံရွာမြို့တွင်သာ တိုင်းဒေသကြီးအစိုးရရုံးစိုက်ရာအဖြစ် အတည်ပြုသတ်မှတ်ခဲ့ကြသည်။
 
၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ပြဋ္ဌာန်းလိုက်သော စတုတ္ထတန်း ပထဝီဖတ်စာတွင် စစ်ကိုင်းတိုင်း၏ မြို့တော်အား မုံရွာမြို့၊ မြန်မာနိုင်ငံမြေပုံများတွင်လည်း[[မုံရွာမြို့] အဖြစ်သာတွေ့ရှိရမည်ဖြစ်သည် ။ အဆိုပါကိစ္စအတွက် ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ရာ မြန်မာနိုင်ငံ ​ပညာရေးဒုတိယဝန်ကြီးမှ အများသိရှိလက်ခံနေသောကြောင့် ပြဋ္ဌာန်းထားသည်ဟု အဖြစ်မှန်အတိုင်းသာ ပြောကြားခဲ့သည်။