အ.ထ.က(၂)ဒဂုံ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၆ -
'''အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံ''' (အတိုကောက် '''အ.ထ.က(၂) ဒဂုံ'''၊ ယခင်အမည် '''မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်''') သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ [[ရန်ကုန်မြို့]]၊ [[ဒဂုံမြို့နယ်]]၊ မြို့မကျောင်းလမ်း၊ အမှတ် ၃၅၃ တွင် တည်ရှိသည်။ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၇) ရက်တွင် [[ဗဟန်းမြို့နယ်]]၌ စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော [[အမျိုးသားကျောင်း]] ဖြစ်သည်။ ထိုစဉ်က ပထမဆုံးသော မြို့မ ကျောင်းအုပ်ဆရာကြီးမှာ [[ဖိုးလတ်၊ ဦး|ဦးဖိုးလတ်]] ဖြစ်သည်။ ဦးကိုကို၊ ဦးငွေဇင်၊<ref>[https://books.google.com.mm/books?id=9NigHckRIiIC&pg=PA41&lpg=PA41&dq=myoma+u+ngwe+zin&source=bl&ots=8gS8w5qEsq&sig=T8FCw0IWos3EN4p8cnLBiYvAD0c&hl=my&sa=X&ved=0ahUKEwi-vM-eipDOAhUgSY8KHRXCAKQQ6AEIHjAA#v=onepage&q=myoma%20u%20ngwe%20zin&f=false The Voice of Young Burma - Kyaw Ēi (U.), Kyaw Ei (U.), Aye Kyaw - Google Books<!-- Bot generated title -->]</ref> နေရှင်နယ်ဦးမြင့် (၁၉၂၀ ကျောင်းသားသပိတ်)၊ ဦးဘလွင်၊<ref>{{cite book|title=ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်းအမှတ်|year=[[၁၉၉၅]]|publisher=[[ရန်ကုန်တက္ကသိုလ်]]}}</ref> ဦးမြင့်သိန်း (သတိုးမဟာသရေစည်သူဘွဲ့၊ အဂ္ဂမဟာသရေစည်သူဘွဲ့)၊ [[ဒေါက်တာသိန်းမောင်]] (ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်ဝင်များ ဂျပန်ပြည်တွင်စစ်ပညာသွားရောက်သင်ကြားရေးအဆက်အသွယ်ရယူရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မှူးကြီးဆူဇူကီးတို့အား မိတ်ဆက်ပေးခဲ့သူ)၊ ဦးအောင်လှ (သင်္ချာပါမောက္ခ) စသည်တို့မှာလည်း မြို့မကျောင်းအုပ်ကြီးများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ ဆရာကြီးဦးဧသွယ် (၁၉၂၀ ကျောင်းသားသပိတ်) မှာ ၁၉၂၀ မှသည် ၁၉၅၅ ခုနှစ်အထိ မြို့မကျောင်းတွင် သက်တမ်းအရှည်ဆုံး ဒုတိယကျောင်းအုပ်ဆရာကြီး (နောင်အခါ ကျောင်းအုပ်ဆရာကြီး) ဖြစ်ပြီး ဝဏ္ဏကျော်ထင် ဦးဧသွယ်အဖြစ်ထင်ရှားသည်။<ref name="mmbook" /> မြို့မကျောင်းအုပ်ဆရာကြီးမှာ မဟာသရေစည်သူ [[မြို့မ ဦးဘလွင်|ဆရာကြီးဦးဘလွင်]] (၁၈၉၂-၁၉၆၈) မှာ ၁၉၂၄ ခုနှစ်မှ ၁၉၅၃ ခုနှစ် အထိ မြို့မကျောင်းဆရာကြီးနှင့် မြို့မကျောင်းအုပ်ဆရာကြီးအဖြစ် ဆောင်ရွက်ခဲ့သော မြို့မကျေးဇူးရှင်ကြီးဟု မှတ်တမ်းများတွင် တွေ့ရသည်။ ၁၉၅၃ ခုနှစ်တွင် နိုင်ငံတော် အစိုးရက သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် တာဝန်ပေး၍ (၆ ) နှစ်တိုင်တိုင် ထမ်းဆောင်ခဲ့သည်။ သံအမတ်ကြီး ဘဝမှ အငြိမ်းစားယူပြီးနောက် ၁၉၆ဝ ပြည့်နှစ်မှ ကွယ်လွန်ချိန် ၁၉၆၈ ခုနှစ်အထိကွယ်လွန်သည့်တိုင် မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ အကျိုးဆောင် ညွှန်ကြားရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။
 
မြို့မကျောင်းသည်မြန်မာနိုင်ငံပညာရေး လောကတွင် ထင်ရှားသည်။ အထူးသဖြင့် အမျိုးသားပညာရေးကို အင်္ဂလိပ်အစိုးရကျောင်း၊ သာသနာပြု မစ်ရှစ်ကျောင်းများနှင့်မစ်ရှင်ကျောင်းများနှင့် ရင်ပေါင်တန်းနိုင်ရန် မြို့မအမျိုးသား အထက်တန်းကျောင်းကြီးကို ပြုစု ပျိုးထောင်ပေးခဲ့သူ မြို့မဖခင်၊ သုခမိန်တစ်ဦးအဖြစ် ဆရာကြီးဦးဘလွင်သည်ထင်ရှားသည်။ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ သမာဓိမြို့ဝန် [[သော်၊ ဦး (ပန်းကန်စက်)|ပန်းကန်စက် ဦးသော်]]<ref name="ReferenceA"/>၊ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဓာတုဗေဒမင်းကြီးနှင့် ဝန်ကြီး [[ချစ်သောင်း၊ ဦး|ဦးချစ်သောင်း]]၊ ရန်ကုန်မြို့ မြို့မမိန်းကလေးကျောင်းတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ [[ဆာဦးသွင်]] တို့မှာမြန်မာပြည် သမိုင်းတွင်လွန်စွာထင်ရှားသည်။<ref name=igi-220/>
 
ဆန်စက်ပိုင်ရှင် ပန်းကန်စက်ပိုင်ရှင် [[ပန်းကန်စက်ဦးသော်]]၊ ဆန်ပွဲစားကြီးဦးဘိုးမြိုင်၊ နှင့် ဆန်စက်ပိုင်ရှင် [[ဆာဦးသွင်]] တို့သည် မြို့မကျောင်းဆောက်လုပ်ရေးအတွက် ငွေကြေး မ,တည် လှူဒါန်းခဲ့သည်။<ref>ဝိုင်အမ်ဘီအေ ၇၅ နှစ် ခရီး၊ ရန်ကုန်၊ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း၊ ၁၉၈၂။</ref> ပန်းကန်စက်ဦးသော်မှာ ကုန်းဘောင်ခေတ် [[ဆင်ဖြူရှင်မင်း]]နှင့် စစ်သေနာပတိချုပ် စစ်သူကြီး[[မဟာသီဟသူရ]]တို့မှ တိုက်ရိုက်ဆင်းသက်လာသော ၂ ဆက်မြောက်မြေးတော်ဖြစ်သည်။<ref>{{cite book |title=မြို့မကျောင်းရာပြည့်သဘင် အကြိုစာဆောင် |date=၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ |publisher=ဦးမျိုးသန့်}}</ref> [[မီးပုံးပျံ ဦးကျော်ရင်]] သည် ရန်ကုန်မြို့၊ ကန်တော်ကြီး အလယ်ကျွန်း၌ မီးပုံးပျံ သုံးကြိမ်တိုင် အောင်မြင်စွာ စီးပြခဲ့ပါသည်။ ရရှိသမျှ ငွေအားလုံးကိုလည်း ကုန်ကျစရိတ်မျှသာ နှုတ်ယူပြီး မြို့မကျောင်း ဆောက်လုပ်ရေး ရန်ပုံငွေသို့ လှူဒါန်းခဲ့သည်။
စာကြောင်း ၁၇ -
၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ဗမာနိုင်ငံ ဒုတိယ ဘုရင်ခံ ဆာရယ် ဂျီနယ် ကရက်ဒေါက် (Sir Reginald Craddock) က အတည်ပြုလိုက်သော တက္ကသိုလ်အက်ဥပဒေကို ပြင်ဆင်ပေးရန် အနှံ့အပြား တောင်းဆိုမှုများကို အစိုးရက မလိုက်လျောသောကြောင့် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့) တွင် မြန်မာပြည်၏ ပထမဆုံး တက္ကသိုလ်ကျောင်းသားသပိတ် ပေါ်ပေါက်လာလေသည်။ ထိုသို့ ကျောင်းသားသပိတ် မှောက်စဉ်အတွင်း ပညာသင်မပျက်စေခြင်းငှာ ရန်ကုန်မြို့ ဗဟန်းရပ်ကွက်တွင် အမျိုးသား ကောလိပ်တစ်ကျောင်းကို ပညာရေးစိတ်ထက်သန်သူများနှင့် သပိတ်မှောက် ကျောင်းသားများက ဦးစီးတည်ထောင်ကြ၏။ နောင်တွင် သပိတ်လှန်သော်လည်း သပိတ်မှောက်ကျောင်းသားများပင် ကျွန်ပညာကို ဆက်လက် မသင်လိုတော့ပြီဟု ဆုံးဖြတ်ကာ တိုင်းပြည်အနှံ့ မြို့မကျောင်း အစရှိသော အမျိုးသားကျောင်း ၉၃ ကျောင်း တည်ထောင်ခဲ့၏။ မြို့မကျောင်း သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ ဗဟန်း မြို့နယ်တွင် စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။<ref name="igi-220">{{cite book| author=[[မြင့်ကြွယ်၊ မြို့မ|မြို့မ-မြင့်ကြွယ်]]|title=စာပေဗိမာန် စာပဒေသာပထမဆုရ မြို့မ ဆရာကြီး ဦးဘလွင် (သို့မဟုတ်) အမျိုးသားပညာရေးနိဒါန်းအစ|publisher=[[ပြန်ကြားရေး ဝန်ကြီးဌာန]] [[စာပေဗိမာန်]]|location=ရန်ကုန်မြို့|date=၂၀၀၃ ခုနှစ် }}</ref> ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ဦးအနီးရှိ ဗဟန်းကြားတောရကျောင်း ရွှေကျင်ကျောင်းတိုက်၊ ဦးအရိယကျောင်းတိုက်၊ တိုင်တစ်ရာကျောင်း၊ ဒေါ်ကြုတ်ဇရပ် စသော ဘုန်းကြီးကျောင်းများ၊ ဇရပ်များတွင် ဗဟိုနေရှင်နယ်အမျိုးသားကျောင်း (မြို့မတိုင်းရင်းသားအထက်တန်းကျောင်း) ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၁၉၂၁ မတ်လမှ ၁၉၂၃ မတ်လအထိ လမ်းမတော် သရက်တောကျောင်းဝင်း၊ မှန်ကင်းဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရသည်။<ref name="mmbook" /> မြို့မတိုင်းရင်းသားအထက်တန်းကျောင်း (မြို့မကျောင်း) ကို ဗဟန်းမြို့နယ်မှသည် [[လမ်းမတော်မြို့နယ်]]၊ လမ်းမတော်မြို့နယ် မှသည် ဒဂုံမြို့နယ် ဂေါ်ဒွင်လမ်း (မြို့မကျောင်းလမ်း)သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၁၉၆၅ ခုနှစ် ပြည်သူပိုင်သိမ်းဆည်းသည်အထိ ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း အမည်တွင်ခဲ့သည်။ ပြည်သူပိုင်သိမ်းပြီးနောက် အ.ထ.က(၂) ဒဂုံ အဖြစ် တည်ရှိခဲ့သည်။<ref name="igi-220" />
 
မြို့မကျောင်းကို ဗဟန်းမြို့နယ် မှသည် [[လမ်းမတော်မြို့နယ်]]၊ လမ်းမတော်မြို့နယ် မှသည် ဒဂုံမြို့နယ် ဂေါ်ဒွင်လမ်း (မြို့မကျောင်းလမ်း)သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ မြိုမ အမျိုးသားကျောင်းကြီးသည် ကျောင်းအဆောက်အအုံ ထည်ဝါရုံမျှမက ပညာရေး၊ စည်းကမ်း၊ စိတ်ဓာတ် တို့တွင်ပါ အလွန်ထင်ရှား အောင်မြင်ခဲ့ရာ '<nowiki/>'''မြို့မဖခင် ဦးဘလွင်'''' ဟု ဂုဏ်ပြုခဲ့ကြသည်။ မြို့မကျောင်းသစ်ကြီးကို ဒဂုံ မြို့နယ်ဂေါ်ဒွင်လမ်း( မြို့မကျောင်းလမ်း) ၌ ၁၉၂၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် တနင်္လာနေ့ ညနေ ၄:၃ဝ နာရီတွင် အလယ်တောရ ဆရာတော် ဦးကောသလ္လ ကိုယ်တိုင် ပန္နက်ချပေးခဲ့ပြီး ၁၉၃၁ ခုနှစ်ဒီဇင်ဘာလ (၄) ရက်တွင်ဖွင့်လှစ်ခဲ့သည်။<ref name="igi-221">{{cite book|title=မြို့မ မဂ္ဂဇင်း |year=၁၉၉၆|publisher= မဂ္ဂဇင်းအတွင်းရေးမှူး ဆရာမဒေါ်ခင်ဆွေ}}</ref> ၁၉၂၅ ခုနှစ်တွင် မြို့မကျောင်းသားကျောင်းသူဟောင်းများအသင်းအား တည်ထောင်ခဲ့သည်။ အမှတ် ၆၈၊ စကားဝါလမ်း၊ ဒဂုံမြို့နယ်တွင် တည်ရှိသည်။ မြို့မကျောင်းသားကျောင်းသူဟောင်းများအသင်းဥက္ကဋ္ဌများထဲမှအထင်ရှားဆုံးမှာ ဦးနုဖြစ်သည်။ ၁၉၂၀ ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်၊ တို့ဗမာအစည်းအရုံး၊ ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားသပိတ်၊ ၁၉၃၈ ခုနှစ် တက္ကသိုလ်ကျောင်းသားသပိတ် (ရေနံမြေသပိတ်)၊ မြို့မရဲခေါင်တပ်၊ တက္ကသိုလ်သံမဏိတပ်၊ ရဲဘော်သုံးကျိပ်၊ [[၁၉၄၆ ခုနစ် အထွေထွေ သပိတ်]]၊ [[အောင်ဆန်း-အက်တလီစာချုပ်၊အက်တလီ ပင်လုံစာချုပ်၊စာချုပ်]]၊ [[ပင်လုံစာချုပ်]]၊ နု-အက်တလီစာချုပ်၊ လက်ျာ-ဖရီးမင်းစာချုပ် စသော အရေးတော်ပုံများ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု လွတ်လပ်ရေးကာကွယ်စောင့်ရှောက်မှု တိုက်ပွဲများတွင် မြို့မဟောင်းကြီးများသည် မျိုးချစ်စိတ်ဓာတ်ဖြင့်ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သည်။<ref name=igi-221/>
 
== ကျောင်းအုပ်ကြီးများ==
စာကြောင်း ၂၇ -
# ဦးငွေဇင်(B.A) (၁၉၂၃-၁၉၂၄) (ဒုတိယ ၆ လ) <ref>[https://books.google.com.mm/books?id=9NigHckRIiIC&pg=PA41&lpg=PA41&dq=myoma+u+ngwe+zin++first+headmaster&source=bl&ots=8gS8w5qMqq&sig=Y4ikeqS8BE1qrdnwjsm8mLmdQk0&hl=my&sa=X&ved=0ahUKEwjv9rqSjZDOAhUFKo8KHbloDOkQ6AEIHjAA#v=onepage&q=myoma%20u%20ngwe%20zin%20%20first%20headmaster&f=false The Voice of Young Burma - Kyaw Ēi (U.), Kyaw Ei (U.), Aye Kyaw - Google Books<!-- Bot generated title -->]</ref>
# [[မြို့မ ဦးဘလွင်|ဦးဘလွင်]] (B.A (Honours)., M.A) (၁၉၂၄-၁၉၅၃) (၁၉၂၅ မှ ၁၉၃၃ အထိ ၈ နှစ်တာ ကာလများတွင် ဦးမြင့်သိန်း၊ ဒေါက်တာသိန်းမောင်၊ ဦးအောင်လှတို့သည် ကျောင်းအုပ်ဆရာကြီးတာဝန်ထမ်းဆောင်ခဲ့လေရာ ဦးဘလွင်သည် ကျောင်းဆရာကြီးတာဝန်ထမ်းဆောင်ခဲ့ရသည်။)<ref name="mmbook" />
# [[မြင့်သိန်း|ဦးမြင့်သိန်း]] (M.A (Cambridge University)., B.L (Lincoln's Inn of London)) (၁၉၂၅-၁၉၃၁) (နိုင်ငံတော်တရားဝန်ကြီးချုပ်၊ ပထမဆုံးသော [[တရုတ်]]နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး)<ref>[https://books.google.com.mm/books?id=7qX6CAAAQBAJ&pg=PA337&lpg=PA337&dq=u+myint+thein+chief+justice+myoma+school&source=bl&ots=z4jKoH0WZo&sig=ACfU3U2X2_bGYyIMjU_RCm8MpTd05LU3Ww&hl=en&sa=X&ved=2ahUKEwjIg4a9zN7rAhVGWysKHefGALA4ChDoATADegQIBBAB#v=onepage&q=u%20myint%20thein%20%20&f=false Burma’s Constitution - Maung Maung - Google Books]</ref> (သတိုးမဟာသရေစည်သူဘွဲ့၊ အဂ္ဂမဟာသရေစည်သူဘွဲ့)၊
# ဒေါက်တာသိန်းမောင် (BA., M.M.F., M.L.C) (၁၉၃၁၁၉၂၅-၁၉၃၂) (ဆရာဝန်၊ ၁၉၄၃ [[ဒေါက်တာဘမော်]]အစိုးရ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီး ဖြစ်ခဲ့သည်၊ ပထမဆုံးသော [[ဂျပန်]]နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်ဝင်များ ဂျပန်ပြည်တွင်စစ်ပညာသွားရောက်သင်ကြားရေးအဆက်အသွယ်ရယူရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မှူးကြီးဆူဇူကီးတို့အား မိတ်ဆက်ပေးခဲ့သူလည်းဖြစ်ခဲ့သည်၊ [[သိမ်းမောင်၊ ဦး (တရားဝန်ကြီးချုပ်ဟောင်း)|နိုင်ငံတော်တရားသူကြီးချုပ် ဒေါက်တာသိမ်းမောင်]] မဟုတ်ပါ)
# ဦးအောင်လှ (M.A) (၁၉၃၂-၁၉၃၃) (သင်္ချာပါမောက္ခ)<ref name="mmbook" />
# ဦးဧသွယ် (B.A) (၁၉၅၃-၁၉၅၇) (၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်)