သိန်းမောင် (သံအမတ်ကြီး): တည်းဖြတ်မှု မူကွဲများ

"'''ဒေါက်တာသိန်းမ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
added photo
စာကြောင်း ၁ -
[[File:Dr.Thein Maung, first ambassador to Japan.JPG|right|200px]]
 
'''ဒေါက်တာသိန်းမောင်''' သည် ပထမဆုံးသော ဂျပန်ဆိုင်ရာမြန်မာသံအမတ်ကြီးဖြစ်သည်။ ဆရာဝန်ဘွဲ့ရရှိသော်လည်း ဆေးပညာဖြင့်အသက်မွေးဝမ်းကြောင်းမပြုပဲ နိုင်ငံရေး၊ ပညာရေး၊ အုပ်ချုပ်ရေး ကဏ္ဍများအတွက် အဓိကဦးစားပေးဆောင်ရွက်ခဲ့သူဖြစ်သည်။ [[ဝိုင်အမ်ဘီအေ]]ခေါင်းဆောင်၊ [[ဂျီစီဘီအေ]]ခေါင်းဆောင် ၂၁ ဦးပါတီအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သည်။ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဂျီစီဘီအေလူကြီး [[ပန်းကန်စက်ဦးသော်]]၊ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီး တရားရေးဝန်ကြီးချုပ် [[သိမ်းမောင်၊ ဦး (တရားဝန်ကြီးချုပ်ဟောင်း)|ဒေါက်တာသိမ်းမောင်]] (ဖိနပ်-သိမ်းမောင်)၊ မြို့မအမျိုးသမီးကျောင်းဥက္ကဋ္ဌ [[ဆာဦးသွင်]]၊ မြို့မကျောင်းဆရာ [[သခင်မြ]] (အာဇာနည်ခေါင်းဆောင်ကြီး)၊ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် [[ဦးသန့်]] စသော ပုဂ္ဂိုလ်များနှင့် လွန်စွာရင်းနှီးသည်။