အိုင်ယာလန်နိုင်ငံ ဒုဗ္ဘိက္ခန္တရကပ်: တည်းဖြတ်မှု မူကွဲများ

"'''အိုင်ယာလန်နို..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၂၀:၄၅၊ ၁၂ စက်တင်ဘာ ၂၀၂၀ ရက်နေ့က မူ

အိုင်ယာလန်နိုင်ငံ ဒုဗ္ဘိက္ခန္တရကပ် အား အကြီးအကျယ် အစားအစာ ရှားပါးမှုအကြီးအကျယ် ဆာလောင်မွတ်သိပ်မှု၊​ အကြီးအကျယ် ငတ်မွတ်မှု သို့မဟုတ် အိုင်ယာလန် အကြီးအကျယ် သေဆုံးပျက်စီးမှု ဟု လည်း ခေါ်ကြပြီး [၁] အိုင်ယာလန်နိုင်ငံ ပြင်ပတွင်မူ အိုင်ယာလန် အာလူး ရှားပါးမှု ဟု ရည်ညွှန်းလေ့ ရှိကြကာ [၂][၃] ၁၈၄၅ ခုနှစ် မှ ၁၈၄၉ ခုနှစ်အတွင်း အိုင်ယာလန်နိုင်ငံတွင် လူအများအပြား ငတ်မွတ်မှု ဖြစ်ပွားခြင်းနှင့် ရောဂါဘယများ ဖြစ်ပွားခြင်းတို့ ဖြစ်ခဲ့သော အချိန်ကာလပင် ဖြစ်သည်။ [၄] အကြီးအကျယ် ထိခိုက်ခဲ့သော နေရာ များမှာ အိုင်ယာလန်နိုင်ငံ၏ အနောက်ပိုင်း နှင့် တောင်ပိုင်းတို့တွင် ဖြစ်ပြီး အိုင်းရစ်ရှ်ဘာသာစကားကို အသုံးများသော နေရာများလည်း ဖြစ်သည်။ထိုအချိန်အား အိုင်းရစ်ရှ်ဘာသာစကားဖြင့် ဒရော့ချ်ရှောင်း[၅] ဟု သိကြပြီး အကြမ်းမျဉ်းအားဖြင့် ဘာသာပြန်ပါက ခက်ခဲသော ကာလများ ဟု အဓိပ္ပာယ်ရကာ စာစကားဖြင့် ဆိုးရွားသော ဘဝ ဟု ဖွင့်ဆိုနိုင်သည်။ အဆိုးရွားဆုံးကာလမှာ ၁၈၄၇ ခုနှစ်ဖြစ်ပြီး အနက်ရောင် ၄၇ ဟု သိကြသည်။[၆][၇] ထိုအစာရေစာရှားပါးမှုအတွင်း လူတစ်သန်း သေဆုံးကာ လူတစ်သန်းကျော် အိုင်ယာလန်မှ ပြောင်းရွှေ့သွားသဖြင့် [၈] အိုင်ယာလန် လူဦးရေအား ၂၀% မှ ၂၅% အတွင်း ကျဆင်းသွားစေခဲ့သည်။[၉]

ကိုးကား

  1. C. Kianely, A Death-Dealing Famine: The Great Hunger in Ireland, Pluto Press, 20 Mar 1997, pp. 1-3
  2. Kinealy 1994, p. 5.
  3. O'Neill 2009, p. 1.
  4. Kinealy 1994, p. xv.
  5. The great famine (An Drochshaol). Dúchas.ie
  6. Éamon Ó Cuív, An Gorta Mór – the impact and legacy of the Great Irish Famine
  7. An Fháinleog Chapter 6. "drochshaol, while it can mean a hard life, or hard times, also, with a capital letter, has a specific, historic meaning: Bliain an Drochshaoil means The Famine Year, particularly 1847; Aimsir an Drochshaoil means the time of the Great Famine (1847–52)."
  8. Ross 2002, p. 226.
  9. Kinealy 1994, p. 357.