"ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့" ၏ တည်းဖြတ်မှု မူကွဲများ

၃ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၉ နှစ်
အရေးမကြီး
Fixing typo and encoding errors by @=={Lionslayer>
အရေးမကြီး (robot Adding: hif:World Trade Organization)
အရေးမကြီး (Fixing typo and encoding errors by @=={Lionslayer>)
၁၉၇၃-၇၉ ခုနှစ် Tokyo Round ဆွေးနွေးမှုများတွင် ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာ အဓိက ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရာ၌ ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်ခွင့်မရှိသည့် ပြဿနာကိုတင်ပြခဲ့သည့်အပြင် အနောက်အုပ်စုမှ လေ့လာသူ အချို့က GATT ၏ ဆွေးနွေးညှိနှိုင်းမှုများမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အကျိုးစီးပွားအတွက် အဓိပ္ပါယ်ရှိသော ညှိနှိုင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပေးရန် ထည့်သွင်း စဉ်းစားမှုမပြုကြောင်း ဖော်ပြခဲ့ပါသည်။ GATT ညှိနှိုင်းမှုများတွင် ဖွံ့ဖြိုးသော နိုင်ငံများ အချင်းချင်း ညှိနှိုင်းဆွေးနွေး သဘောတူထားသော ဖွံ့ဖြိုးပြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ကုန်သွယ်မှုတားဆီးခြင်း နည်းလမ်းများကို ဖွံ့ဖြိုးဆဲနိုင်ငံများက ပါဝင်ဆွေးနွေးခွင့် မရှိဘဲ သဘောတူကြောင်း ပါဝင်လက်မှတ်ရေးထိုးကြရသည်ကိုလည်း ဖေါ်ပြခဲ့ပါသည်။
 
၁၉၇၀ နှစ်များမှစ၍ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကမ္ဘာ့ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးရေးပြဿနာများ ကိုပြုပြင်ရန် ပိုမိုပြင်းထန်စွာ ဝေဖန်ပြစ်တင်မှုများ ပြုလုပ်လာရာ ကမ္ဘာ့ကုလသမဂ္ဂသည် ၁၉၇၄ ခုနှစ် အထွေထွေညီလာခံ၌ တရားမျှတမှုကို အခြေခံသော နိုင်ငံတကာစီးပွားရေးပုံစံသစ် တည်ထောင်ရေး (Establishment of New Internationl Economic Order - NIEO) မူကို ကြေငြာခဲ့ပါသည်။ ၁၉၇၀ နှစ်များမှ ၁၉၈၀ နှစ်များအထိ ကာလများတွင် စင်္ကာပူ၊ ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်စသည့်စက်မှုနိုင်ငံသစ်များထိုင်၀ပမ်စသည့်စက်မှုနိုင်ငံသစ်များ ပေါ်ထွန်းလာခြင်းနှင့် ယင်းနိုင်ငံတို့အပြင် အခြားထွန်းသစ်လာသော အာရှနိုင်ငံများ၊ လက်တင် အမေရိကနိုင်ငံများ၊ အရှေ့ဥရောပနိုင်ငံများ၏ နည်းပညာအမီလိုက်မှုနှင့် ပို့ကုန်တိုးချဲ့လာမှု၊ နိုင်ငံတကာ အရင်းအနှီး စီးဆင်းမှု အသွင်သဏ္ဍာန်ပြောင်းလဲကာ အမေရိကန်နိုင်ငံသည် ၁၉၈၀ နှစ်များမတိုင်မီက ကမ္ဘာ့အဓိက နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဇစ်မြစ်နှင့် ကမ္ဘာ့မြီရှင်အဖြစ်ရှိခဲ့ရာမှ၊ ၁၉၇၃ ခုနှစ် ရေနံအကြပ်အတည်း ဖြစ်ပေါ်ပြီး နောက်ပိုင်း ၁၉၈၀ ခုနှစ်များတွင် ကမ္ဘာ့အဓိက အရင်းအနှီးတင်သွင်းသောနိုင်ငံနှင့် ပြည်ပကြွေးမြီ အများဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိခြင်း၊ ဥရောပစီးပွားရေး ပေါင်းစည်းခြင်း၊ အရှေ့၊ အနောက် ဂျာမနီနိုင်ငံတို့ ပေါင်းစည်းခြင်း စီမံကိန်းစီးပွားရေးစနစ်နိုင်ငံများ စျေးကွက်စနစ်သို့ ကူးပြောင်းခြင်း၊ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲကာ နိုင်ငံသစ် ၁၄ နိုင်ငံပေါ်ထွန်းလာပြီး ကမ္ဘာ့စီးပွားရေးစနစ်တွင် ပေါင်းစည်းပါဝင်လာခြင်း၊ အရှေ့အာရှနှင့် အရှေ့တောင် အာရှနိုင်ငံများ စီးပွားရေး မြင့်မားတိုးတက်ခြင်း၊ သတင်းဆက်သွယ်မှု နည်းပညာ လျှင်မြန်တိုးတက်ဖွံ့ဖြိုးလာပြီး ထိုနည်းပညာကိုအသုံးပြု၍ နိုင်ငံတကာ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ကြီးထွားဖွံ့ဖြိုးလာခြင်း၊ နိုင်ငံစုံကော်ပိုရေးရှင်းများ၏ လုပ်ငန်းသည် နိုင်ငံတကာ၌ ရင်းနှီးမြုပ်နှံမှုများ ဖြန့်ကျက် ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ လုပ်ငန်းများ နယ်စပ်ဖြတ်ကျော် ပေါင်းစည်းမှုများကြောင့်လည်းကောင်း၊ ရင်းနှီးမြုပ်နှံမှု ပမာဏများစွာ တိုးချဲ့ပြိုင်ဆိုင်မြှင့်တင်လာခြင်း၊ ရေနံတင်ပို့နိုင်ငံများအဖွဲ့ (Organization of Petroleum Exporting Countries-OPEC) ဖွဲ့စည်းကာ ရေနံထုတ်လုပ်ရောင်းချမှုကို လက်ဝါးကြီးအုပ်အဖွဲ့ (Cartels) အသွင် ထိန်းချုပ်ဆောင်ရွက်လာခြင်းနှင့် အခြားအလားတူ Cartel များ ပေါ်ပေါက်လာခြင်း၊ ရေနံစျေးနှုန်းကြီးမြင့်ခြင်း၊ ၁၉၆၀ နှစ်များ နောက်ပိုင်းတွင် အမေရိကန်နိုင်ငံပြင်ပရှိ ဒေါ်လာ ပမာဏ ကြီးထွားလာခြင်း၊ ၁၉၆၇ ခုနှစ် အမေရိကန်-ဗီယက်နမ်စစ်ပွဲဂယက် အကျိုးဆက်များကြောင့် အမေရိကန်ပြည်တွင်းစီးပွားရေး ကျဆင်းမှု ဖြစ်ပေါ်လာခြင်း၊ အမရိကန်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာကို ရွှေဖြင့် လဲလှယ်ပေးခြင်းကို ရပ်စဲခဲ့ပြီး ပုံသေ နိုင်ငံခြားငွေလဲလှယ်နှုန်း ကျင့်သုံးမှုမှ နှုန်းရှင်စနစ်သို့ ပြောင်းလဲကျင့်သုံးမှုများ ဖြစ်ပေါ်ကာ နိုင်ငံတကာ ငွေလုံးငွေရင်း စီးဆင်းမှုများအပေါ် ထိမ်းချုပ်မှုများကို ဖြေလျော့ပေးမှုများ ဖြစ်ပေါ်လာခြင်း၊ ဒေသဆိုင်ရာ စီးပွားရေးအုပ်စုဖွဲ့မှုများ တိုးတက်များပြားလာခြင်း စသည့် အခြေအနေများသည် ကမ္ဘာ့နိုင်ငံများအကြား အပြန်အလှန်မှီခိုမှုကို လျှင်မြန်စွာ တိုးမြင့်စေခဲ့ပါသည်။ သို့ဖြစ်ရာ အမေရိကန်နိုင်ငံနှင့် အခြား ဖွံ့ဖြိုးပြီးနိုင်ငံများသည် တစ်ဘက်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအား လိုက်လျောမှုများ ပြုလုပ်လာသော်လည်း ဂတ်စည်းမျဉ်းနှင့် အကျုံးမဝင်သော အခြားနည်းလမ်းများ ဖန်တီး၍ ကုန်သွယ်မှုအတားအဆီးများကို ဆက်လက်ပြုလုပ် လာခဲ့ပါသည်။ ၁၉၇၀-၈၀ နှစ်များတွင် ကမ္ဘာ့ဒေသများစွာ၌ စီးပွားရေး အကျပ်အတည်းများနှင့် အလုပ်လက်မဲ့ဦးရေ တိုးတက်မှုများဖြစ်ပေါ်ခဲ့ကာ ဥရောပနှင့် မြောက်အမေရိကနိုင်ငံများသည် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒများ ချမှတ်ကျင့်သုံးခြင်း၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများအား ထောက်ပံ့ကြေးများ ပေးခြင်းတို့ကိုလည်း ပြုလုပ်လာကြပါသည်။ ၁၉၇၀ နှစ်များနောက်ပိုင်းတွင် အမေရိကန်နိုင်ငံ အပါအဝင် စက်မှုနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှင့် ကမ္ဘာ့ကုန်သွယ်မှု နှေးကွေးကာ နိုင်ငံတကာ၌ ငွေကြေးဖေါင်းပွမှု အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ဖွံ့ဖြိုးဆဲဲနိုင်ငံတို့၏ ပို့ကုန်စျေးနှုန်းတို့နှင့် ပို့ကုန်ဝင်ငွေများ ကျဆင်းခဲ့ပါသည်။ သို့ရာတွင် ဂတ်၏ ကြိုးပမ်းမှုအရ အကောက်ခွန်နှုန်းထားများ၊ အထူးသဖြင့် စက်မှုထုတ်ကုန်များအပေါ် ကောက်ခံသော အကောက်ခွန်နှုန်းထားများကို လျော့ချနိုင်ခဲ့ရာ ၁၉၉၀ နှစ်များ အစောပိုင်းတွင် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာခဲ့ပါသည်။ ၁၉၄၈ ခုနှစ်မှ ၁၉၉၀ နှစ်များအတွင်း GATT သည် ကမ္ဘာ့ကုန်သွယ်ရေး ဆွေးနွေးပွဲ ၈ ကြိမ်ပြုလုပ်ပြီး အကောက်ခွန်လျော့ချမှုများ ပြုလုပ်ခဲ့၍ ကမ္ဘာ့ကုန်သွယ်မှုများစွာ တိုးတက်ခဲ့ရာတွင် GATT ၏ဆောင်ရွက်မှုများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် ကုန်သွယ်မှုမှ အကျိုးရရှိမှုများစွာ သာလွန်ခဲ့ပါသည်။ မျက်မှောက်ကမ္ဘာ့ ကုန်သွယ်မှုတွင် အများဆုံးပါဝင်သော နိုင်ငံ ၂၅ နိုင်ငံတွင် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ စက်မှုနိုင်ငံသစ်များ (Newly Industrialization Economies - NIEs) ဖြစ်လာသော နိုင်ငံ ၈ နိုင်ငံတို့ပါဝင် လာပါသည်။ ၁၉၅၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ ကမ္ဘာ့ကုန်သွယ်မှုတွင် ပါဝင်သောဝေစုမှာ ၃၅ %နှင့် ဖွံ့ဖြိုးပြီးနိုင်ငံတို့၏ ဝေစုသည် ၆၅ % ရှိခဲ့ရာမှ၊ ၁၉၇၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ ကမ္ဘာ့ကုန်သွယ်မှုတွင် ပါဝင်မှုသည် ၂၀.၅ % ရှိပါသည်။ ၁၉၈၂-၉၂ ခုနှစ်များတွင် ယင်းနိုင်ငံများ၏ ကမ္ဘာ့ပို့ကုန်ပမာဏတွင် ပါဝင်မှုသည် ၁၆ % မှ ၂၀ % သို့ တိုးတက်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကမ္ဘာ့ကုန်သွယ်ရေးတွင် ပါဝင်မှုသည် ၂၅ % ရှိလာပါသည်။
 
GATT တည်ထောင်စမှ ၄၇ နှစ်တာ ကာလသက်တမ်းအတွင်း GATT ၏အခြေခံမူ ပြဌာန်းချက်များကို မပြောင်းလဲခဲ့ဘဲ အကောက်ခွန် လျော့ချရေးနှင့် အဖွဲ့ဝင်ဦးရေ တိုးတက်ရေးကိုသာ ဆွေးနွေးခဲ့ကြပါသည်။ သို့ဖြစ်ရာ ကမ္ဘာ့စီးပွားရေး အဆောက်အအုံတွင် ဖွဲ့စည်းမှု ပုံသဏ္ဍာန်များ ပြောင်းလဲလာပြီးနောက် ၁၉၇၀ ပြည့်လွန်နှစ်များမှ စ၍ GATT ဆောင်ရွက်မှုများသည် ကမ္ဘာ့စီးပွားရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် ဆီလျော်မှုမရှိသလို ဖြစ်လာခဲ့ပါသည်။ ထိုနှစ်များတွင် ဖွံ့ဖြိုးပြီးနိုင်ငံများက ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒများ ကျင့်သုံးလာမှုများသည် GATT ၏ မျှော်မှန်းချက်များကို ထိခိုက်သည့်အပြင် GATT စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေပါသည်။ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒများကို ဖွံ့ဖြိုးသော နိုင်ငံများသာမက ဖွံ့ဖြိုးဆဲနိုင်ငံများကလည်း ကျင့်သုံးလာခဲ့ရာ ကုန်သွယ်ရေး အငြင်းပွားမှုများ ပိုမိုများပြားလာပြီး Tokyo Round ဆွေးနွေးမှုများ အောင်မြင်မှု နည်းပါးခဲ့ပါသည်။ အထူးသဖြင့် ကုန်သွယ်ရေး အငြင်းပွားမှုများနှင့် ပတ်သက်၍ GATT တွင် ချို့ယွင်းချက်များ ရှိလာခဲ့ခြင်းနှင့် အခြား လိုအပ်ချက်များကြောင့် ဥရုဂွေး ဆွေးနွေးပွဲတွင် GATT အစား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။
အထက်ပါလုပ်ငန်းကော်မတီများသည် GC ကအထူးတာဝန်ပေးအပ်သည့် လုပ်ငန်းများ ကိုလည်းဆောင်ရွက်ရသည်။ ဤကော်မတီများသို့ WTO အဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စား လှယ်များလွတ်လပ်စွာဝင်ရောက်နိုင်ပါ သည်။ကုန်သွယ်မှုဖွံ့ဖြိုးမှုကော်မတီ (Committe on Trade and Development)သည် MTA ပါဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို အခွင့်အလမ်း ပေးသည့် အထူးပြဌာန်းချက်စည်းကမ်းများအပေါ် ကာလအလိုက်ပြန်လည်သုံးသပ်ပြီး၊သင့် လျော်သည့်အရေးယူဆောင်ရွက်မှုပြုနိုင်ရန် GC သို့အစီရင်ခံရပါသည်။ PTA သဘော တူညီမှု လုပ်ငန်းအဖွဲ့များသည် WTO လုပ်ငန်းမူဘောင်အတွင်းဆောင်ရွက်ရပြီး ၄င်းတို့၏လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို GC သို့ပုံမှန်တင်ပြရပါသည်။
 
အခြားအဖွဲ့အစည်းများနှင့်ဆက်ဆံရေး။ GC သည် WTOနှင့်လုပ်ငန်းဆက်နွယ်မှုရှိသော အခြား အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ဥပမာ- UNCTAD , UNDP, ITC, IMF ကမ္ဘာ့ဘဏ်စသည်တို့နှင့် ထိရောက်သောပူးပေါင်းဆောင်ရွက်မှုပြုနိုင်ရန် အစီအစဉ်ချမှတ် ဆောင်ရွက်ရပါသည်။ စင်စစ်အားဖြင့် WTO, IMF, ကမ္ဘာ့ဘဏ် စသည်တို့ ုိ့သည်ို့သည် ကမ္ဘာ့စီးပွား ရေးမူဝါဒချမှတ်ဖေါ်ဆောင်သော အဖွဲ့အစည်း ၃ ခုဖြစ်ပါသည်။ ယင်းအဖွဲ့အစည်းသုံးခုတို့ အကြားအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအတွက် WTO ၏ GC အစည်းအဝေးများ နှင့်ကျွမ်း ကျင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများတွင် WTO အကြီးအကဲနှင့်အတူ IMF ကမ္ဘာ့ ဘဏ် အကြီးအကဲတို့တက်ရောက်ရပါသည်။ WTO လုပ်ငန်းများနှင့်သက်ဆိုင်မှုရှိသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့်အကြံပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်ရန် အတွက် အစီအစဉ်များချမှတ်ဆောင်ရွက်နိုင် ပါသည်။
 
== အထွေထွေအတွင်းရေးမှူးရုံး ==
၃၂၆၀၈

တည်းဖြတ်မှုများ