"ကွန်ဖြူးရှပ်" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၉ နှစ်
အရေးမကြီး
Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
အရေးမကြီး (robot Adding: br:Konfusius)
အရေးမကြီး (Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ)
[[File:confucius.jpeg|right |thumb| ကွန်ဖြူးရှပ်(ဘီစီ ၅၅၁-၄၇၉)]]
 
တရုတ်အတွေးအခေါ်ပညာရှင် '''ကွန်ဖြူးရှပ်''' (孔夫子 သို့ 孔子၊ Confucius) (ဘီစီ ၅၅၁-၄၇၉) ကို ယနေ့ တရုတ်နိုင်ငံ အရှေ့မြောက်ဖက်ရှိ '''ရှန်တုန်'''ပြည်နယ် (山東 Shandong) ရှိ '''လူ''' (魯 Lu) နိုင်ငံငယ်လေးတွင် ဘီစီ-၅၅၁ ခုက ဖွားမြင်သည်။ ငယ်စဉ်ကပင် ဖခင်ဆုံးပါးသဖြင့် မိခင်မုဆိုးမက ကျွေးမွေးစောင့်ရှောက် လာခဲ့သည်။ လူငယ်ဘ၀က အစိုးရ၀န်ထမ်းအဖြစ်အစိုးရဝန်ထမ်းအဖြစ် တာ၀န်ထမ်းခဲ့ဖူးပြီးတာဝန်ထမ်းခဲ့ဖူးပြီး ၀န်ထမ်းသက်ဝန်ထမ်းသက် အတော်ကြာမှ အလုပ်ထွက်ကာ အတွေးအမြင်များကို စတင်ဟောပြောပို့ချသည်။
 
နောက်ပါတပည့်များပြားလာပြီး အသက်ငါးဆယ်အရွယ်တွင် '''လူ'''အစိုးရက ရာထူးကြီးပေးကာ တာ၀န်တာဝန် ထမ်းဆောင်ရန် ကမ်းလှမ်းသောကြောင့် မင်းမှုထမ်းဖြစ်ပြန်သည်။ လေးနှစ်သာခံပြီး ကုန်းတိုက်သူတို့ကြောင့် ပြည်နှင်ဒဏ်ဖြင့် ၁၃ နှစ်တိုင် နေရရှာသည်။ ထို ၁၃ နှစ်တွင် တရုတ်ပြည် ပဒေသရာဇ်နိုင်ငံငယ်လေးများတွင် နယ်လှည့် ဟောပြောပို့ချသူအဖြစ် နေထိုင်ရှင်သန်ခဲ့သည်။ နာမည်ကျော်ဘ၀ဖြင့် ဇာတိသို့ပြန်ရောက်ပြီး ၅ နှစ်အကြာ (အသက် ၇၂နှစ်) တွင် ကွယ်လွန်သည်။
 
ကွန်ဖြူးရှပ် ဆိုသည့်အခေါ်မှာ ကန်တုံ တရုတ်သံမှ ဖလှယ်ထားခြင်းဖြစ်ပြီး မန်ဒရင်းသံဖြင့်ဆိုလျှင် ခုန်ဖူဇီ (Koung Fu Zi) ဟု အနီးစပ်ဆုံး အသံဖလှယ်နိုင်သည်။ ခုန်/ကွန် မှာမျိုးရိုးနာမည် ဖြစ်ပြီး၊ ဖူ/ဖြူး နှင့် ဇီ/ရှပ် မှာ အသက်အရွယ်ကြီးရင့်သူ၊ ပညာကြွယ်၀သူကို လေးစားသမှုဖြင့် ခေါ်ဝေါ်သည့် အသုံးအနှုံးဖြစ်သည်။ ထို့ကြောင့် '''ခုန်ပညာရှိလူကြီးမင်း''' ဟုအဓိပ္ပါယ်ရသည်။
ကွန်ဖြူးရှပ်ကို အတွေးအခေါ်ပညာရှင်သာမက ဘာသာရေးရှေ့ဆောင်အဖြစ်လည်း သတ်မှတ်ကြသည်။ ကိုးရီးယားကျွန်းဆွယ်တွင် ဘာသာရေး အသွင်ဖြင့် ကိုးကွယ်သေးသည်။ တရုတ်လူမျိုးတို့အတွက်မူ ဘ၀လမ်းပြ ဒဿန ဆရာကြီးအဖြစ် ကြည်ညိုပြီး ၄င်း၏လမ်းစဉ်များကို လိုက်နာကြပါသည်။
 
ကွန်ဖြူးရှပ်၏ အတွေးအခေါ်တို့မှာ အသစ်အဆန်း များများစားစား ပါလှသည်မဟုတ်ပေ။ အဟောင်းကိုသာ ကောင်းအောင်ပြင်ပြီး လူတို့မမေ့အပ်ကြောင်းကို အဓိကထား ဆိုဆုံးမခြင်းသာ ဖြစ်သည်။ သို့သော် ထိုဆုံးမစာများမှာ အစိုးရအုပ်ချုပ်ရေးကို ပဲ့ကိုင်သည့် လမ်းညွှန်ပြဋ္ဌာန်းချက်လည်း ဖြစ်လာသည်။ တရုတ်နိုင်ငံ မင်းဆက် အဆက်ဆက်၊ ခေတ်အဆက်ဆက်တွင် သုံးနှစ်တစ်ကြိမ်ကျ ဘုရင်က ကြီးမှူးကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ဘုရင့်စာမေးပွဲတွင် ဖြေဆိုရန် ပြဋ္ဌာန်းထားသည့် ကျမ်းမှာ ထိုကွန်ဖြူးရှပ်၏ '''၄အုပ်၊ ၅ကျမ်း''' (四書五經) ခေါ်သည့် (စာအုပ်အားဖြင့် ၄အုပ်၊ ကျမ်းစာအားဖြင့် ၅ ကျမ်း) သာဖြစ်သဖြင့် တရုတ်တို့ အတွက် မရှိမဖြစ် ကျင့်၀တ်ကျမ်း၊ကျင့်ဝတ်ကျမ်း၊ အုပ်ချုပ်မှုရေးရာ စံကျမ်း၊ လူမှုရေးကျမ်း များလည်းဖြစ်တော့သည်။
 
သမိုင်းတွင် ကွန်ဖြူးရှပ်ဝါဒီနှင့် ကွန်ဖြူးရှပ်ဂိုဏ်းသားများသည် တရုတ်နိုင်ငံကို ပထမဆုံးစုစည်း အုပ်ချုပ်သည့် '''ချင်'''မင်းဆက်(秦 Chin)လက်ထက် ပထမဆုံးဧကရာဇ်ဘွဲ့ခံ [[ရှီဟွမ်တီ]](ချင်ရှိဟွမ်) (始皇帝 Shih Huang Ti) လက်ထက် ဘီစီ-၂၂၁ ခုတွင် ပြင်းထန်စွာနှိပ်ကွပ်မှုကို ခံခဲ့ရသည်။ ၄င်း၏ကျမ်းစာများကို အဆိပ်အတောက်ဟု သတ်မှတ်ပြီး မီးပုံရှို့ရန် အမိန့်ပေးသည်သာမက ကျမ်းဆောင် အကျော်အမော်တို့ကိုပါ မြေမြုပ်သတ်ဖြတ်သဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ကပ်ဘေးသင့်သည့် ကာလဟုဆိုနိုင်သည်။ သို့သော် ချင်မင်းဆက် အချိန်တိုအတွင်းပျက်သုဉ်းပြီး နောက်တက်သည့် ဟန်(漢 Han)မင်းဆက် လက်ထက်တွင် အကြီးအကျယ် မြှောက်စားသဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ပြန်လည် ဦးမော့နိုင်တော့သည်။
၃၂၆၀၈

တည်းဖြတ်မှုများ