ကွမ်းဆော်ကြောင်းဖြူ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
စာကြောင်း ၃ -
အိမ်နိမ့် ၅၈ ၊ စည်းစိမ် ၂၂ ။ သက်တော် ၈ဝ ။ နံတော် တနင်္ဂနွေသား ဖြစ်သည်။
 
[[တောင်သူကြီးမင်း]]လက်ထက်တွင် ငယ်ရွယ်စဥ်ကငယ်ရွယ်စဉ်က မိခင်ဖြစ်သူနှင့် အတူနေထိုင်ကြီးပြင်းခဲ့သည်။ အရွယ်ရောက်သော် ကွမ်းဆော်သည့် အလုပ်ဖြင့် မင်းမှုထမ်းဖြစ်လာသည်။ အလုပ်တာဝန်အရ နေ့စဥ်နေ့စဉ် နန်းတွင်းသို့ အခစားဝင်ရသည်။ တစ်ရက်တွင် "မင်းလောင်းပေါ်မည်" ဟူသောကောလဟာလပေါ်ထွက်လာပြီး ကွမ်းဆော်လုလင်လည်း မင်းလောင်းကြည့်ရန် နန်းတော်သို့ နံနက်စောစော ထွက်လာသည်။ လမ်းခရီးတွင် အဘိုးအိုယောင်ဆောင်ထားသည့် သိကြားမင်းနှင့် တွေ့ကာ အဘိုးအိုက မိမိလည်း မင်းလောင်းကြည့်ရန်လာခြင်း ဖြစ်ကြောင်းနှင့် မိမိပစ္စည်းများကို မင်းလောင်းကြိုသည့် နန်းတော်အဝင်ဝသို့ ယူဆောင်သွားပေးရန် ပြောဆိုသည်။ သို့ဖြင့် ကွမ်းဆော်သည် အဘိုးအိုပေးသည့် မကိုဋ်သရဖူ၊ အရိန္နမာလှံ နှင့် မြင်းဖြူတို့ကို စီးကာ မင်းလောင်းကြိုသည့် နန်းတော်ဝသို့ ထွက်လာခဲ့သည်။ အဆင်တန်ဆာဆန်းများ ဆင်မြန်းကာ မြင်းဖြူစီးလာသည့် ကွမ်းဆော်ကို လူအများမြင်လှျင် '''မင်းလောင်း'''ဟု တစ်ညီတစ်ညွှတ်ထဲ လက်ခံရိုကျိုးသဖြင့် မင်းအဖြစ်ကိုရသည်။ တောင်သူကြီးမင်းလည်း နန်းတော်လေသာဆောင်မှ အရှိန်လွန်ပြုတ်ကျသဖြင့် ကွယ်လွန်သည်။
 
*(အထက်ပါပါးစပ်ရာဇဝင်မှာ လူသိများသော အချင်းအရာဖြစ်သည်။ ထိုဇာတ်လမ်းကို ပြန်လည်သုံးသပ်ကြည့်လှျင် နန်းတော်တွင်းမှ တန်နက်မင်း၏ ကွျန်ရင်းများသော်လည်းကောင်း၊ တောင်သူကြီးမင်း၏ ညံ့ဖျင်းမှုကို သိမြင်သဖြင့် ဘုရင်သစ်တစ်ပါး တင်မြှောက်လိုသူတို့ကသော်လည်းကောင်း တန်နက်မင်းအဆက်အနွယ်ဖြစ်သည့် ကွမ်းဆော်ကို တစ်ဖက်လှည့်ဖြင့် နန်းတင်ရန် ကြိုးစားခြင်းဖြစ်သည်ဟု သုံးသပ်နိုင်သည်။)
စာကြောင်း ၉ -
 
ကြောင်ဖြူမင်း(ဇတ်မြုတ်နေထိုင်ရာ အရပ်ကို အစွဲပြု၍ခေါ်သောအမည်) သို့မဟုတ် ကွမ်းဆော်မင်း (လုပ်ကိုင်ခဲ့သောအလုပ်ကို အစွဲပြု၍ ခေါ်သောအမည်) ဖြစ်သည်။ ကွမ်းဆော်ကြောင်ဖြူသည် သက္ကရာဇ် ၃၂၆ တွင် ထီးနန်းရလေသည်။ နန်းတက်ပြီးသည့်နောက်တွင်
တောင်သူကြီးမင်း တင်မြှောက်ခဲ့သော မိဖုရား ၃ပါး ကိုပင် မိဖုရား ဆက် တင်မြောက်ခဲ့ရာ တောင်ပြင်သည်မိဖုရား တွင် တောင်သူကြီးမင်း၏ ပဋိသန္ဓေပါလာလေရာ [[ကျဥ်စိုးကျဉ်စိုး]]ကို ဖွားမြင်လေသည်။ ထို့အတူ အလယ်ပြင်သည် မိဖုရားတွင်လည်း တောင်သူကြီးမင်း၏ ပဋိသန္ဓေ ပါလာလေရာ [[စုက္ကတေး]]ကို ဖွားမြင်လေသည်။ စုက္ကတေးထက် ကျဥ်စိုးမင်းသားကကျဉ်စိုးမင်းသားက ၆-လကြီးသည်။ မြောက်ပြင်သည် မိဖုရား နှင့် ကြောင်ဖြူ မင်း တို့ မှ [[အနော်ရထာ]]ကို ဖွားမြင်လေသည်။ မိဖုရား ၃ပါးတို့ မှာ ညီအစ်မတော်ကြရာ ကျည်းစို၊ စုက္ကတေး နှင့် အနော်ရထာ တို့မှာ ဝမ်းကွဲ ညီအစ်ကို တော်စပ်ကြသည်။ စုက္ကတေးက ငယ်ရွယ်စဥ်ကပင်ငယ်ရွယ်စဉ်ကပင် ပါးရည်နတ်ရည်ရှိသည်။ ကျဥ်စိုးမင်းသားသည်ကျဉ်စိုးမင်းသားသည် မိဖုရားကြီးမှ မွေးဖွားသောကြောင့် အရေးပါလှသည်။ ထို့ကြောင့် စုက္ကတေးသည် ကျဥ်စိုးမင်းသားထံကျဉ်စိုးမင်းသားထံ အမြဲချည်းကပ်သည်။
 
ကွမ်းဆော် ကြောင်ဖြူမင်း နန်းစံ ၂၂ နှစ်ရချိန်တွင် စုက္ကတေးမင်းသား၏ အကြံနှင့် ကျဥ်စိုးမင်းသားတို့ကျဉ်စိုးမင်းသားတို့ ပူးပေါင်းကာ ကျောင်းဆောင် တစ်ဆောင်(ကျောင်းအဖြူ) ဆောက်လုပ်လှူဒါန်းပြီး ကျောင်းတော် ရေစက်ချအလှူ၌ သာဓုခေါ်ပေးရန် မင်းကြီးကို ဖိတ်ကြားရာ ကွမ်းဆော်ကြောင်ဖြူမင်းလည်း ကြွရောက်လေသည်။ ကျောင်းအဖြူသို့ ရောက်လှျင် သီတင်းသုံးမည့် ပုဂိ္ဂုလ်မတွေ့သဖြင့်မေးရာ မင်းကြီးပင်ဖြစ်သည် ဟုဆိုကာ နန်းချလိုက်လေသည်။ သို့ဖြင့် ကွမ်းဆော်မင်းလည်း ထိုကျောင်းငယ်တွင်ပင် ရဟန်းဝတ်ဖြင့် နေထိုင်သွားရလေသည်။
*(ကျောင်းအဖြူသို့ ပို့ကာနေစေသဖြင့် ကျောင်းဖြူမင်း ဟုခေါ်သည် ဟူသော အယူအဆ များလည်း ရှိပါသည်။)