ဆူးလေစေတီတော်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အကိုးအကား မပါသည့် ပြင်ဆင်ခြင်း။
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၁၄ -
 
== သမိုင်းကြောင်း ==
ဆူးလေဘုရားသမိုင်းနှင့် စပ်လျဉ်း၍၎င်း၊ ဘွဲ့အမည်နှင့် စပ်လျဉ်း၍၎င်း အယူအဆ အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ အများနားလည်ယူဆထားကြသော ဘုရားသမိုင်းမှာ [[ရွှေတိဂုံ စေတီတော်]] ဘုရားသမိုင်းများတွင် ထည့်သွင်းဖော်ပြထားသည့်အတိုင်းဖြစ်သည်။ ဘီစီ(၅၈၈) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် မဟာသက္ကရာဇ်(၁၀၃)ခု တွင်မွန်တိုင်းရင်းသားတွင် 'တဖုဿနှင့် ဘလ္လိကညီနောင်တို့သည် မြတ်စွာဘုရားပေးသနားတော်မူလိုက်သော ဆံတော်ရှစ်ဆူကို ဥက္ကလာပမင်းကြီး ထံယူဆောင်လာ၍ စေတီတည်ထားကိုးကွယ်ရန် ဘူမိနက်သံမြေ ဖြစ်သော သိင်္ဂုတ္တရကုန်းကို ရှာဖွေကြသည်။ ရုတ်တစ်ရက် မတွေ့နိုင်သဖြင့် သိကြားမင်း မနေနိုင်သောကြောင့် ဝိသကြုံ နတ်သားကို စေလွှတ်၍ တောရှင်းစေသည်တွင် သိင်္ဂုတ္တရကုန်းမြေကို တွေ့ရှိကြသည်။ သို့သော်လည်း အခြားသော ဘုရားရှင်သုံးဆူတို့၏ ပရိဘောဂတော်များ တည်ရှိရာတွင် ဆံတော်များကို ဌာပနာ၍ စေတီတည်ရမည်ဖြစ်ရာ ထိုနေရာကို မသိကြ ဖြစ်သဖြင့် ဆူးလေစေတီတည်မည့် ကုန်းနေရာ၌ ဥက္ကလာပမင်းနှင့်တကွ လူနတ်အများ စုဝေးကြပြီးလျှင် ဆူးလေနတ်ကြီး အပါအဝင် နတ်ကြီးလေးပါးကို ပင့်ခေါ်၍ မေးသည်တွင်မှ ထိုနေရာကို တွေ့ရှိသောကြောင့် ရွှေတိဂုံစေတီတော်ကို တည်ကြသည်။ ထို့နောက် နတ်လူအများစုဝေးကြရာ ကုန်းမြေ၌ အထိမ်းအမှတ် စေတီတစ်ဆူတည်၍ စုဝေးစေတီတွင်သည်။
 
== အမည်ရင်းမြစ် ==