ကြည့်မြင်တိုင်မြို့နယ်: တည်းဖြတ်မှု မူကွဲများ

add photo
စာကြောင်း ၃၃ -
ကြည့်မြင်တိုင် သည် မွန်ဘာသာ အခေါ်အဝေါ်ဖြစ်သည်။ မွန်ဘာသာ (ကွာဍုင် - လာဒိုင်ုဒိန်း)= မြို့ရိုး/ခံတပ်ဟု အဓိပ္ပါယ် ရသည်။ အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲမှာပင် ကြည့်မြင်တိုင်တိုက်ပွဲသည် ထင်ရှားခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့များ အနေနဲ့ ခံတပ်/မြို့ရိုး အစီးအကြပ် ကောင်းလှသောကြောင့် "အထိအရှ အသေအပျောက်" များလှသည်။ ထို့ကြောင့် Come and die ဟု အော်ဟစ်တိုက်ခိုက်သံကို အကြောင်းပြုပြီး Kemmendine ဆိုတဲ့ အင်္ဂလိပ် စာလုံးပေါင်းသည် Come and die မှ ဆင်းသက်လာသည်ဟုပင် ဆိုကြပေသည်။ ပြည်သူ့တရားစီရင်ရေးနှင့် တရားစီရင်သောကာလတွင် မှုခင်း (အတိုင်အတောတွေများလွန်းသောကြောင့်) ကြည့်လို့ မြင်တာနှင့် တိုင်တော့တာပဲဟု ဆိုကြသည်။ တချို့က ကြည့်မြင်တိုင်ကို ရွှေတိုင်မြေဟုလည်း တင်စားခေါ်ဝေါ်ကြသေးသည်။
==အနုပညာရှင်များ==
ကြည့်မြင်တိုင်မှ အနုပညာရှင် အမြောက်အများ ပေါ်ထွက်ပါသည်။ ရွှေတိုင်ညွန့်၊ ရွှေတိုင်အေး၊ ရွှေတိုင်မေအေး၊ ရုပ်ရှင်နှင့်ဇာတ်သဘင်မင်းသမီးကြီး ကြည်ကြည်ဌေးသည်လည်း ကြည့်မြင်တိုင်တွင် နေခဲ့သည်။ အကယ်ဒမီ တင်တင်နွဲ့သည်လည်း ကြည့်မြင်တိုင်သူ ပင်ဖြစ်သည်။ အဆိုတော် ထားနှင့် သားဖြစ်သူ ဇော်ဝင်းထွဋ်၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်များဖြစ်သော ဦးဧရာ၊ ဒိန်းဒေါင်၊ ဒေါ်ဂွက်ထော်၊ ဒေါ်ကြူကြူသင်း တို့သည်လည်း ကြည့်မြင်တိုင်မှ ဖြစ်သည်။
<ref>မောင်မြတ်မွန်(ဆူးလေ)၏ မြို့ရိုး/ခံတပ်ကြောင့် သမိုင်းတွင်ခဲ့တဲ့မြို့နယ်</ref>