စုဖုရားလတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး roboto aldono de: th:พระนางศุภยาลัต
အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
စာကြောင်း ၁၀ -
ဆင်ဖြူမရှင်မိဖုရားသည် မိမိသားသမီးများကောင်းစားရေးနှင့် နန်းတွင်းတွင် လိုသလိုခြယ်လှယ်နိုင်ရန် ဝန်ကြီး မှူးမတ်၊ မင်းသားအချို့တို့ စည်းရုံးသိမ်းသွင်းကာ မင်းတုန်းမင်း၏ သားတော်တစ်ပါးဖြစ်သော၊ စာပေကျမ်းဂန်၌သာ ပျော်မွေ့တတ်သော ဘုန်းကြီးလူထွက် သီပေါမင်းသားအား သမီးကြီး စုဖုရားကြီးနှင့် လက်ဆက်ရန် စီမံသည်။ သို့သော် ထက်မြက်သော စုဖုရားလတ်သည် မိဖုရားခေါင်ကြီးနေရာကို သီရိပဘာ ရတနာဒေဝီဘွဲ့ဖြင့် အရယူခဲ့သည်။ ဆင်ဖြူမရှင်မိဖုရားနှင့် စုဖုရားလတ်တို့ကြောင့် သီပေါမင်းသား ဘုရင်ဖြစ်လာပြီး စုဖုရားညီအစ်မ(၃)ယောက်လုံး မိဖုရားအဖြစ် လက်ခံခဲ့ရသည်။ စုဖုရားလတ်သည် သီပေါဘုရင်နှင့် မေတ္တာမျှခဲ့သော အရပ်သူ [[ဒိုင်းခင်ခင်]]အား အဓမ္မနည်းဖြင့် ဖြတ်တောက်ကွယ်ပျောက် စေခဲ့သည်။
 
၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့သည် စစ်ပြုရင်ဆိုင်တိုက်ခိုက်ရခြင်း မရှိဘဲ သီပေါမင်းနှင့် စုဖုရားလတ်တို့အား နန်းချလျက် မြန်မာပြည်တစ်ပြည်လုံးကို သိမ်းပိုက်လိုက်သည်။ သီပေါမင်းမှာ (၇)နှစ် ထိီးနန်းစည်းစိမ် ခံစားပြီးနောက် မြန်မာပြည်အား အင်္ဂလိပ်လက်အောက်သို့ ပေးခဲ့ရသည်။ ထိုနှစ် နိုဝင်ဘာလတွင် ဗီရိုလှည်းအသီးသီးဖြင့် ဘုရင်၊မိဖုရား မိသားစုနှင့် အသိုင်းအဝိုင်းတို့ကို တင်ဆောင်ကာ မန္တလေး [[ဂေါ၀ိန်ဆိပ်ဂေါဝိန်ဆိပ်]]မှ သူရိယသင်္ဘောဖြင့် အိန္ဒိယပြည်ရှိ မဒရပ်မြို့သို့ခေါ်ဆောင်ကာ ရတနာဂီရိမြို့တွင် အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့မှာ မန္တလေးမြို့တွင် ဆောက်လုပ်လျက်ရှိသော [[မြတောင်ဘုန်းကြီးကျောင်းတိုက်]]ကိုပင် ရေစက်ချခွင့် ရမသွားကြပေ။
 
၁၈၈၆ ဧပြီလ၊ မဒရပ်မြို့တွင် စုဖုရားလတ်သည် သမီးငယ်တစ်ပါးကို ထပ်ဖွားမြင်ခဲ့သည်။ ထို့နောက် ရတနာဂီရိတွင် သားငယ်တစ်ပါးကို ထပ်ဖွားမြင်ရာ ငယ်စဉ်ကတည်းက သေဆုံးခဲ့သည်။ သမီးတော်ကြီး အရှင်ထိပ်စုမြတ်ဖုရားကြီးက အိန္ဒိယလူမျိုး တံခါးမှူးဖြစ်သူနှင့် အကြောင်းပါပြီး တုတုဆိုသူ ဘိုင်ဆပ်သမီးလေးကို ဖွားမြင်သည်။ ၁၉၁၂ တွင် စုဖုရားလေး ကွယ်လွန်ခဲ့ပြီး ၁၉၁၆တွင် ဒုတိယမင်းသမီး အရှင်ထိပ်စု မြတ်ဖုရားလတ်က သီပေါဘုရင်၏ အမှုထမ်းတစ်ဦးဖြစ်သူ မြန်မာလူမျိုး ခင်မောင်လတ်နှင့် အိမ်ထောင်ပြုခဲ့သည်။