သခင်မြ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁၂၄ -
 
==သခင်မြ၏ဖြတ်ထိုးဉာဏ်==
<ref>[http://usattsuu.blogspot.com/2010/09/blog-post_1054.html U Satt Suu: သခင်မြ၏ ဖြတ်ထိုးဉာဏ်]</ref>
မန္တလေးမြို့တွင် ကြေးနန်းကြိုးခွေများ ပျောက်ဆုံးမှုတစ်ခုဖြစ်လေသည်။ ထိုကြေးနန်း ခွေများကို ဂျပန်[[ကင်ပေတိုင်]]အဖွဲ့က မရမနေစုံစမ်းချက်ကြောင့်၊ နောက်ဆုံးတွင် ကြေးနန်းကြိုး ခွေများခိုးသော တရားခံကိုမိလေသည်။ ဤတွင် တရားခံက ဗမာ့တပ်မတော် စစ်လက်နက်ဌာန စစ်ဝတ်စစ်စား ဌာနမှူး [[ဗတင်၊ သခင် (လက်သီးပုန်း)|ဗိုလ်ဗတင်]] က ခိုးခိုင်းတယ် ဟူ၍ ဂျပန်အားထွက်ဆိုလေသည်။ ထို့ကြောင့်လည်း [[ဗမာ့ကာကွယ်ရေးတပ်မတော်]]ရုံး(ရန်ကုန်မြို့)သို့ ဂျပန်ကင်ပေတိုင် အဖွဲ့က ဗိုလ်ဗတင်အားသာ ဖမ်းဆီးပြီး မန္တလေးသို့ ခေါ်ဆောင်သွားလေသည်။ [[မန္တလေးမြို့]]သို့ရောက်သောအခါ ဂျပန်က ဗိုလ်ဗတင်အား ဖက်ဆစ်နည်းမျိုးစုံဖြင့် ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခြင်းအမှုကို ပြုလေသည်။ နှစ်ရက်တစ်ခါထုတ်ပြီး ရိုက်နှက် စစ်ဆေးလေ၏။ ပြီးနောက် စစ်ဆေးသောဂျပန်က ခုကြေးနန်းကြိုးခွေတွေကို ဘယ်သူကခိုး ခိုင်းသလဲ.. ဗိုလ်အောင်ဆန်းကလား၊ ဗိုလ်နေဝင်းကလား၊ [[လက်ျာ၊ ဗိုလ် (ရဲဘော် သုံးကျိပ်)|ဗိုလ်လက်ျာ]]ကလား ဟူ၍ အမျိုးမျိုး ရိုက်နှက်ပြီးမေးပါသည်။
ဂျပန်များရလိုသောအဖြေက ဗမာ့တပ်မတော်ထဲတွင် ဦးဆောင်နေသော ဗိုလ်အောင်ဆန်း၊ ဗိုလ်နေဝင်း၊ ဗိုလ်လက်ျာ ဤအထဲမှ တစ်ယောက်ယောက်က ခိုးခိုင်းပါသည်ဟူသော အဖြေပင်ဖြစ်၏။ သို့မှသာလျှင် ဤခေါင်းဆောင်နေသူများကို ဆက်လက်၍ ဂျပန်ကဒုက္ခပေးနိုင်တော့မည်။ အမျိုးမျိုးသော ညှင်းပန်းနှိပ်စက်ခြင်းကို ခံနေရသော ဗိုလ်ဗတင်ကလည်း အံကြိတ်၍ ခံပြီး ဒီကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်နေဝင်း၊ ဗိုလ်လက်ျာတို့နဲ့ ဘာမှမဆိုင်ပါဘူး။ ကျုပ်ကိုယ်တိုင်ကမခိုးခိုင်းပါဘူး။ ဒီကြေးနန်းကြိုးခွေပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး၊ ကျုပ်ကိုသတ်ရင်လဲ ခံပါ့မယ် ဟူ၍ ရဲရဲဝံ့ဝံ့ပင်ဆိုလေ၏။